Saturday, 28 May 2011

***ရင်နှင့်ရင်းသော အချစ်များ***

နင့်ရဲ့အမြင်မှာ ငါပျော်ရွှင် နေတယ်လို့ ထင်နေတာလား
အတ္တတွေ အုတ်မြစ်ချ မာနတွေ ကာရံထားတဲ့
နင့်ရဲ့ တကိုယ်ကောင်းဆန်ဆန် ဖွဲ့စည်းထားတဲ့
အချစ်ဆိုတဲ့ ပူလောင်လွန်းတဲ့ အိမ်အိုဆွေးကြီးထဲမှာ
ပျော်ရွှင်မှုမရှိ  ကြည်နူးမှု  နတ္ထိနဲ့
စက်ရုပ်အပြုံးနဲ့ နင့်ကိုပြုံးပြနေရတာ
နင်တကယ်ပဲ မသိတာလား
တခါတလေ လက်တွေ့ဘ၀မှာ မရတဲ့
နင့်ရဲ့ ချစ်ခြင်းတစ်စုံနဲ့ ပြုံးပြမယ့် ရိုးသားတဲ့ အပြုံးလေးတစ်ပွင့်
အိပ်မက်ထဲမှာ ရောက်လာမလားလို့
ငါအိပ်ကြည့်ပါသေးတယ်
              ဒါပေမဲ့လဲ
လက်တွေ့ဘ၀ထက်  အေးစက်လွန်းတဲ့  နင့်ချစ်ခြင်းတွေကို
မခံနိုင်လွန်းလို့ ညညအိပ်ဖို့တောင် ကြောက်လန့်ပြီး
အိပ်ချင်ရက်နဲ့ မအိပ်ရတဲ့ညတွေများခဲ့ပါပြီ။
အချစ်နဲ့ ဘ၀ကို
ပြိုင်ပွဲလို့မင်းသတ်မှတ် လိုက်တာလား။
တစ်ကယ်တော့ငါဟာ
မီးလောင်ပြီးစ မြို့ပျက်တစ်မြို့ကိုရောက်ပြီး
ငြိမ်းချမ်းမှု ရှာနေတဲ့ သူလိုပါပဲ
ငါ့နှလုံးသားတွေဟာ
သတိလစ် မေ့မျောခြင်းတွေနဲ့
လူးလားခတ်နေတာဖြစ်မှာပါ။
မင်းရဲ့ ရင်ဘတ်ထဲက
ကြမ်းကြုတ်တဲ့ အမုန်းတရားတွေ
ဝံပုလွေတစ်ကောင်ကဲ့သို့
ငါ့ဆီကို ခုန်ထွက်လာတော့တာပါပဲ။
ဒါကိုလဲငါက အားရ၀မ်းသာစွာနဲ့
နှလုံးသားကိုဖွင့် အချစ်ရွက်လွင့်ပြီး
အပြုံးများစွာနဲ့ ကြိုခဲ့သူပါ။
တစ်သက်စာအတွက်
ဘာမက်လုံးမှမပါပဲ
ရင်အစုံ ပုံအပ် အချစ်ပေါ် အချစ်ဆင့်
ရော့ယူလိုက်ပါတော့....ရင်နဲ့ရင်းသော.....အချစ်များ။     ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
လေးစားပြီးကျေးဇူးတင်တဲ့  jasmine

7 comments:

ညီမ အစိမ်းနဲ့ ရေးတာတွေက သိပ်မမြင်ရသလိုဘဲ စလက် လုပ်ပြီးဖတ်သွားတယ်

အမရွှေစင်ရေ...
ဟုတ်တာပေါ့...အဲတာကြောင့်အရောင်ပြောင်းလိုက်ပါပြီ
အပြာလေးနော်။။။

မမရေ
လာဖတ်တာတွေတော့အများကြီးပဲ
အားလုံးကရင်ထဲထိနေတာပေါ့
ရင်နဲ့ရေးထားလို့ထင်တယ်။

မမအရမ်းကောင်းပါ၏

သူငယ်ချင်းတို့ရေ
jasmine ဆိုဒ်လေးကိုကွန့်မက်ပေးမရဘူးဖြစ်နေလို့
ကူညီပေးကြပါနော်
ကျေးဇူးတင်ပါတယ်ရှင်။

တခါတလေ လက်တွေ့ဘ၀မှာ မရတဲ့
နင့်ရဲ့ ချစ်ခြင်းတစ်စုံနဲ့ ပြုံးပြမယ့် ရိုးသားတဲ့ အပြုံးလေးတစ်ပွင့်
အိပ်မက်ထဲမှာ ရောက်လာမလားလို့
ငါအိပ်ကြည့်ပါသေးတယ်
ဒါပေမဲ့လဲ.... (အဲဒီစာသားလေးကိုတော့သေလောက် အောင်ခိုက်သွားပြီမမရေ..) ♥ထိတယ်...

ကဗျာလေးကိုခံစားလို့ရပါတယ်
ရေးထားတာတော့နဲနဲကြမ်းတယ်နော်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More