Sunday, 8 May 2011
***မေမေသို့လွမ်းချင်း*** အပိုင်း ၂
ဘဝဆိုတာ ဆေးစက်ကျရာ အရုပ်ထင်သလို စိတ်ကူးသက်သက်နဲ့သာ တည်ဆောက်လို့ရရင်
ဘယ်လောက်များ ငြိမ်းချမ်းသာယာလိုက်မလဲနော်
တိတ်ဆိတ်ငြိမ်းချမ်းတဲ့ တောင်ပေါ်မြို့လေးက ကျွန်မရဲ့ဇာတိမြို့လေးပါရှင် ။
              မေမေ ရယ် ကျွန်မရယ် ကျွန်မရဲ့ ပန်းခင်းလေးတွေရယ် ၊ ပတ်ဝန်းကျင်က ချစ်စရာကောင်းတဲ့သူငယ်ချင်းတွေကတစ်မျိုး..........
ချစ်သောချယ်ရီပန်းတွေက အိမ်အရှေ့ ကတောင်ပေါ်မှာအပြည့်......
.......ကျွန်မ ကြိုက်သော ပဲပုတ် .....ပင်စိမ်းသီး.....ဂျူးမြစ်....ဒါတွေ အားလုံး...အတွေးထဲမှာ
ဖြောက်ဖျက်မရ။
မေမေရေ  စိတ်ကူးကလန့်နိုးလာတဲ့အခါ...
မွန်းကြပ်တဲ့အခန်းကျဉ်းလေးရယ်၊ကားသံလူသံဆူညံညံနဲ့
မြို့ပြရဲ့အနံ့တွေရယ်ရေခဲသေတ္တာထဲကခဲနေတဲ့အသားတုံးကြီးများ၊မြေကြီးအစစ်
နဲ့မစိုက်တဲ့ ပေါ့ရွှတ်ပြီးထွားကျိုင်းနေသော ဟင်းသီးဟင်းရွက်များ
စက်ရုပ် အပြုံးနဲ့ဟန်လုပ်နေသောလူအများ.......ဒါတွေအားလုံး
မေမေ အေးရိပ်ကဝေးခဲ့တဲ့အချိန်ကစပြီး ....................ခံစားရတာပါ။ တစ်နေ့တစ်ခြားများလာတော့လဲ ရင်မှာမဆန့်အောင်ပါပဲ မေမေ။
တောင်ပေါ်မြို့လေးမှာ မေမေ တယောက်ဘယ်လိုနေဘာသလဲ....
မေမေ လည်းကျွန်မ ကဲ့သို့လွမ်းတမ်းတနေမယ်ဆိုတာ မေးစရာမလိုပါဘူးနော်။
လူစင်စစ်က ပိုက်ဆံရှာတတ်သော စက်ရုပ်တွေဘဝ တွေကိုရင်ဆိုင်နေရသလို
စက်ရုပ် ဆန်သော ပတ်ဝန်းကျင်.....စက်ရုပ်ဆန်သော လူနေမှု အောက်မှာဆိုပေမဲ့
မေမေ ကိုလွမ်းတဲ့ ဝေဒနာက ပျောက်မသွားပါ......
ဖုန်းမပြောရတဲ့ရက်တွေ....မေမေအသံကိုကြားချင်နေမိတယ်။
ပြီးတော့ နွေဦး.....ရောက်ပြီ....မြက်ခင်းပေါ်မှာပိုးပုဝါ အဖြူခင်းထားသလိုထင်ရတဲ့ ဆောင်း....ကျန်ခဲ့ပြီ။
နွေဦးပေါ့နော် မေမေ
ဟိုတလော ဖုန်းပြောစဉ်က မေမေ ပြောတာမှတ်မိသေးတယ်
ဒီနှစ်ဆောင်းအအေးပိုလို့ မေမေ အရမ်းချမ်းတာပဲ့တဲ့
လူကြုံနဲ့ မေမေ အတွက် လက်အိပ်၊ခြေအိပ်၊ လည်စီးပုဝါ စားစရာ.၊
အမြဲ ထည့်ပေးလဲ မြ့ပည့်စုံပါဘူးမေမေ။ လိုအပ်နေတယ်နော်....အဲတာ...
              ကျွန်မ ဆိုတဲ့ သမီးဆိုးကိုပါပဲရှင်.........
အလွန်ပူပြင်းတဲ့နွေကိုလဲ ဖြတ်သန်းခဲ့ရပါပြီ.. မေလ ကုန်ခါနီးရင်ဖြင့်
မိုးငွေ့လေးများဖြင့် မေမေ အေးချမ်းမှာပါနော်...ဥတု ရာသီ အပြောင်းအလှဲ
ဆိုရင် မေမေ ကိုစိတ်ပူမိပါရဲ့.....ဒါတွေကို မေမေ သိပါရဲ့လားဟင်။
မေမေသည် သူမချစ်ခြင်းကို ကျွန်မ အားမပြသခဲ့ပါ သို့သော်လဲ
ကျွန်မခံစားလို့ရခဲ့ပါတယ်ရှင်။
တစ်ခါတရံ ကျွန်မ အထီးကျန်ခြင်းကိုခံစားရပါတယ်..
အဲလို ခံစားရချိန်တွေမှာ.....ရင်ထဲကထိခိုက်နာကျင်ခြင်းတွေပြည့်လာပါတယ်....
ဒီလိုအချိန်ရောက်တိုင်း ရင်ထဲကို ပထမဆုံးဝင်ရောက်လာသူဟာ
ကျွန်မရဲ့ တစ်ဦးတည်းသော အနှိုင်းမဲ့ မေမေပါပဲရှင်။
မေမေရဲ့ အကြင်နာမေတ္တာတရားတွေဟာ ကမ္ဘာကြီးပေါ်မှာ
ဘယ်အရာနှင့်မျှ  တုနှိုင်းမယှဉ်သာ ဘူးဆိုတာကို ကျွန်မသိလာရတဲ့အချိန်................
 ပင်လယ် ကာခြား တံတိုင်းတွေတား ထားတဲ့ မြေမှာ
အလှမ်းဝေးနေတာကို တွေးတွေးပြီး ရင်နာနေရတာ မေမေ သိပါလေစ။
ဖြူစင်သန့် ရှင်းမွေးပျံ့ ကြိုင်သင်းတဲ့ မေမေရဲ့
ချစ်ခြင်းစစ်စစ်တွေ ကျွန်မဆီမှာ
အမြဲရှိနေတာကို သိလိုက်ရတဲ့ အချိန်..................
များပြားလှသောမိခင်အားလုံးရဲ့စိတ်တစ်ခုတည်းမှာ.
တုန့်ပြန်မှု ကိုမလိုလားသော တစ်ကိုယ်ကောင်းမဆန်သောစိတ်သည်
မိမိတို့သားသမီးအပေါ် ထားရှိသော စေတနာစစ်စစ်ဖြစ်သည်ကိုကျွန်မသိရချိန်..................
               ကျွန်မသည် မေမေနဲ့အဝေးဆုံးတစ်နေရာတွင်
ထုတ်ဖော်မပြတတ်တဲ့မေမေ ကြင်နာမှုတွေကို သတိရတမ်းတစွာဖြင့်
အဝေးဆုံးရဲ့ အဝေးဆုံးတွေမှာ ။     ။ 
မိခင်များနေ့အတွက်သီးသန့် အသစ်မရေးနိုင်သောကြောင့်
မေမေသို့လွမ်းချင်း အပိုင်း ၁ အားပြန်လည်ကာဖြည့်စွက်ပြီး
အပိုင်း ၂ ဖော်ပြရခြင်းဖြစ်ပါသည်။
jasmine 
(မိခင်အားလုံးသို့)
6 comments:
အမေချစ်တဲ့သားလေးလာရောက်ခံစားသွားပါတယ်ဗျာ
အမေကိုချစ်တယ်ဆိုလို့ဝမ်းသာမိပါတယ်သူငယ်ချင်းရေ
ဲJasmineရေ မေမေသို့လွမ်းချင်းကို ဖတ်ပြီး ဘုန်းဘုန်းကို ငယ်ရွယ်စဉ်ကတည်းက အပြီးအပိုင်နှုတ်ဆက်သွားခဲ့တဲ့ ဘုန်းဘုန်းရဲ့အမေ့ကို သတိရလိုက်တာ။ အားလုံးသောအမေတို့ရဲ့မေတ္တာကို လေးစားတန်ဖိုးထားပါကြောင်း။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ Jasmine ရေ။
ပို့စ်လေးဖတ်ပြီးတော့ စိတ်ထဲမှာ
အပြီး ခွဲခွားသွားပြီ ဖြစ်တဲ့ အမေ့ကိုလွမ်းလိုက်တာ။။။။။။။။
ညီမ ရေ........အကို အတွက်ဒီကဗျာလေးဟာ အမေ ကို
အရမ်းလွမ်းခဲ့၇တယ်ကွယ်..........
အမေအကြောင်းဖတ်ပြီးငိုချင်လိုက်တာ
တစ်ကယ်ပဲမေမေကိုလွမ်းလာတယ်...
Post a Comment
Share
Twitter Delicious Facebook Digg Stumbleupon Favorites More