ခိုးကြေင်ခိုးဝှက်ပဲ ကြည့်ကြည့်
ခြောင်းမြောင်းပဲ ကြည့်ကြည့်
လိပ်ပြာလုံသောဖြစ်ရပ်အတွက်
ငါ ဘယ်သူကိုမှမကြောက်ပါ။
ဘ၀ရပ်တည်မှု အများကြီးထဲက
မကောင်းတဲ့လမ်းကို
ဘာကြောင့် မင်းရွှေးခဲ့တာလဲ
အစွန်းအထင်းတွေများတဲ့မင်းရဲ့နာမည်
ခဲတံထိပ်က ခဲဖျက်လဲ မနိုင်တော့ဘူးနော်။
လမ်းကောင်းတွေ အများကြီးထဲက
ပုတ်ပွနေတဲ့လမ်း၊ အနံ့ဆိုးတွေလမ်း၊
မင်သဘောနဲ့မင်း ရွှေးချယ်ခဲ့ပြီး
ဟန်ဆောင်မှု အများအပြားနဲ့
ရမက်ကြီးတဲ့မင်းရဲ့ လှည့်ကွက်တွေ အတွက်
အားလုံး ကသနားနေတာပါ။
လူတစ်ကာရင်ခွင်မှာ အပျော်တစ်ရာမက
နေ့ရက်များကို နိုးထပါတော့......
အင်တာနက်မှ အခက်တွေ့ရတဲ့
နေ့များစွာကို ပြန်မြင်ပါတော့
online ရောဂါနဲ့ဘ၀ပျက်ခဲ့တာ
ရက်မကြာသေးပါဘူး။
စမ်းတ၀ါးဝါးနဲ့ မဟားတရား
ဝင်လာတော့ အမှားကြီးမှားတော့တာပါပဲ။
တစ်သက်မှာ တစ်တယောက်တဲ့
ဟိုအကောင်ပါးစပ်က နတ်စကားလား
အပျက်အပျက်နဲ့ ဘ၀သွေးတွေထွက်ခဲ့တာ
မင်းနှလုံးသား မဆွေးမြေ့ဘူးလား။
ရမက်နွံ ထဲက
မရှိတော့တဲ့ မင်းရဲ့သိက္ခာတွေကို
နဲနဲခြင်းစီ ပြန်ကောက်လိုက်ပါ
ဘ၀ရဲ့ ကုန်ဆုံးချိန်မရောက်မှီ.......
ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်း
အားလုံးကိုကျေးဇူးတင်လေးစားတဲ့
jasmine



7 comments:
တစ်ပွင့်-----ကိုသနားနေမိပါတယ်
သူဘာကြောင့်ခုထိမပြောင်းလဲသေးတာလဲ
မလေးရှားကိုလာကြောင့်ရောက်လာတာလဲ
ဘာကြောင့်ပြန်သွားရတာလဲ....
စဉ်းစားဖို့ကောင်းနေပြီနော်မမ.....
ပန်းတစ်ပွင့်နာမည် ဘယ်သူတုန်း။ ခဲဖျက်တောင်မနိုင်ဘူးဆိုလို့း)
ရမက်နွံ ထဲက
မရှိတော့တဲ့ မင်းရဲ့သိက္ခာတွေကို.....
ကဗျာလေးထဲက အတိုင်းသာ ဆိုရင်...
မလွမ်းစေချင်တော့ပါဘူး...တစ်ကယ်ဆို လုံလောက်နေပြီ
ထင်ပါတယ် Jasmine ရေ...
တကယ့်အဖြစ်အပျက်လေးတစ်ခုကို အခြေခံရေးထားသလိုပဲ...
ကဗျာလေးကိုသေချာဖတ်သွားတယ်.....
ပထမ ဆုံးစာပိုဒ်အရမ်းကောင်းပေါ့
နာလည်းဖတ်သွားတယ်မုန်လာထုပ်ပျောက်နေပါလာ
နင်ဖျားပြန်ပီလားကျန်းမာရေးဂရုစိုက်..မရိုက်နေနဲ့ 
သူ ရွေးတဲ့ လမ်းရဲ့ အကောင်းအဆိုးကို သူ တာဝန်ယူရမှာပါပဲ..။
Post a Comment