ဘ၀တွေ ယောင်ပေပေ မဖြစ်ပဲ
ပန်းနုရာင်နှလုံးသားနဲ့
ဘ၀ကို တစ်ကိုယ်တည်းရုန်းကန်
အမှန်တော့ ရင်ထဲမှာအချစ်ရှိတယ်
ဒီအမေ ဒီအဖေ မွေးလို့
မြင့်မြတ်တဲ့ မွေးနေ့ရှင်
စိတ်ဝယ်ဘ၀င်အေး
နာမည်ကိုမေးပါရစေဦးလို့
မိုးငွေ့တဲ့လေ
ကြားရသူရင်ထဲ အေး
မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင်
ဟန်တွေမလုပ်
မာန်တွေလဲမထုတ်
မိုးငွေ့ရင်ထဲ
အမြဲဖြူစင်
မိုးငွေ့ အပြုံး
မြင်သူရင်ထဲ
နှလုံးအေးစေတယ် ။
စာတိုကဗျာတို
ဝါသနာတွေနဲ့
ကဗျာအကြောင်းတွေတွေး
စာတွေရေးတဲ့ မိုးငွေ့လေးရေ
ချစ်ခြင်းတရား
အထားမမှားစေပဲ
ရင်ထဲထည့်ထား
ပုလဲတလုံးရွဲတလုံး
အပြုံးတုဆိုတာဝေးတဲ့
မိုးငွေ့ရေ
ဒီနှစ်ဒီလ
ဒီရက်မှတိုင်
စိတ်နှလုံးရွှင်လန်း
အပြုံးပန်းတွေထာဝရဝေပြီး
စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒမြဲလို့
စာတွေကဗျာတွေ
ရာသက်ပန်တည်ဆောင်နိုင်ပါစေလို့ ။
jasmine cho



17 comments:
ဘယ်သူ ဘာပြောပြောပေါ့နော်
ကိုယ်ရေးတဲ့ ကဗျာ ကိုယ်အရင်ဆုံးကွန်မက်ရေးတယ်လေ
မွေးနေ့ရှင်တစ်ယောက် ယနေ့မှစ၍
ဆန္ဒနဲ့ ဘ၀ တထပ်တည်းကျပါစေလို့
ဆုတောင်းခဲ့ပါတယ်ရှင် ။
ချစ်တဲ့ jasmine
လာအားပေးသွားပါတယ်အစ်မ. မမို့ငွေ့ဆီ လိမ့်လိုက်ဦးမယ်..
ဘာကျွေးမလဲမသိဘူး.။
ကျေးဇူးအကြီးကြီးပါ မိဂျက်ရေ....။
ကဗျာလှလှလေးရေးပေးတဲ့ ဂျက်တစ်ယောက်
ချစ်သောလွင်ပြင်နဲ့ မခွဲအတူ အမြဲတမ်းရှိပါစေ......။
အလွမ်းတွေဝေးပါစေ......။
ဟိ ဟိ အပေါ်က မေမြို့မိုးက ၀ါးတီးရမယ်ထင်လို့ ပြေးသွားကြည့်နေပြီ။
ဓါတ်စာတော့ရမယ်...။
ချစ်တဲ့
မိုးငွေ့
မွေးနေ့ရှင်ရော ကဗျာဆရာမလေးပါ
ပျော်ရွှင်မှုနဲ့ ပြည့်စုံကြပါစေ
မမ jas မျက်နှာလိုက်တယ် အိမ်မက် မွေးနေ့ တုန်းကတော့ လက်ဆောင်မပေးဘူး ဟီးးးးးးးးးးးးးးးးးးးးးး
ပျော်ရွှင်တဲ့ မွေးနေ့ပါ မိုးငွေ့ရေ..
မမ ဂျက်စ် လဲ ပျော်ရွှင်ပါစေ
အိမ်မက်
ခံစားသွားပါတယ်ဗျာ... မွေးနေ့ရှင်လည်း ကြိုက်မှာပါ ဒီကဗျာလေးကို...:)
လိုအင်ဆန္ဒပြည့်ဝပါစေ...........
မွေးနေ့ကဗျာလေး သိပ်ကောင်းပါတယ်။ မွေးနေ့ရှင်လဲ ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ် .....
မွေးနေ့ရှင် မမိုးပျော်ရွှင်ပါစေ။ မွေးနေ့အတွက်ကဗျာလေးနဲ့ဆုတောင်းပေးတဲ့
ဂျက်လည်း ပျော်ရွှင်ပါစေ။ ဆန္ဒအားလုံးပြည့်ဝပါစေ။
ချစ်တဲ့
သဒ္ဓါ
ချစ်စရာကဗျာလေးနဲ့အတူ..
ချစ်စရာကောင်းတဲ့ ချစ်မ မိုးငွေ့ရဲ့ မွေးနေ့လေးမှာ စိတ်သွားတိုင်းကိုယ်ပါပြီး လိုအင်ဆန္ဒတွေအားလုံးပြည့်ဝပါစေနော်..
ကဗျာအရေးကောင်းတဲ့ မမစပယ်လေးလည်း နေကောင်းကျန်းမာ ပျော်ရွှင်ပါစေကြောင်း...
အာဘွား...
အစ်မမိုးငွေ့ရော၊ အစ်မJas ရော ပျော်ရွှင်ပါစေခင်ဗျာ။ :D
မွေးနေ့ရှင်ရော ကဗျာဆရာမ မဂျက်ကော ပျော်ရွှင်ပါစေ...
မွေးနေ့ ၇ှင်မမနဲ့  ယောက်ခမ ပျော်ရွှင်ပါစေနော်
မမရေ.. ချစ်စရာမွေးနေ့လက်ဆောင်ကဗျာလေး လာဖတ်သွားတယ်.. မွေးနေ့ရှင်နဲ့ထပ်တူပျော်ရွှင်မိပါတယ်.
မဂျက်က ဒီလိုလေးလည်း ကဗျာဆန်ဆန် ဆုတောင်းပေးတတ်သေးတာကိုး။ ကြည်နူးလိုက်တာ။ :)
မဂျက်တို့ ချစ်သူ နှစ်ယောက်လုံးက စာပေ၀ါသနာပါတော့ ပျော်ဖို့ ကောင်းတယ်နော် ကြည်နူးလိုက်တာဗျာ
i like this poem... please let me share for my girlfriend birthday and let me replace a name with my girlfriend name instead of moenauge ..... please.... ^_^
Post a Comment