Thursday, 26 May 2011

ကြည့်သင့်သော အရာ

ဖြူဖြူမဲမဲ မသဲကွဲ
ဖြူချင်ဖြူ မဲချင်မဲ
အနေသာတဲ့ မင်းပါပဲ။
ပိန်ပိန် ၀၀ မလှမပ
ပုပု ရှည်ရှည် လူဗီလိန်
ဘယ်သူသေသေ ငတေပြီးရော
ဝေဖန်ပိုင်းခြား မင်းအလုပ်လား
နေသာ သမ လေညာက
တာဝေးအပြေးသမား မင်းလေးလား
မမောမပန်းခရီးတန်း
ရေပက်မ၀င်ပါးစပ်ပြင်
ဝေဖန်ပိုင်းခြား မင်းအလုပ်လား
သတင်းတွေလား အတင်း လေလား
ဘ၀လမ်းမှာ အဆုံးသတ်တာ
သေခြင်းတရား မမြဲအား
ဒါကြောင့်.......
သိက္ခာကိုကြည့် နှလုံးသားထိ
ရင်တွင်းထိုးဖောက်မြင်ပါစေ။   ။

ဝင်ရောက်ဖတ်ပေးနေသောသူငယ်ချင်းအားလုံးကို
အစဉ်လေးစားပြီးကျေးဇူးတင်တဲ့ jasmine

9 comments:

ရင်ထဲထိရောက်အောင် မြင်သွားပါတယ်

သတင်းတွေလား အတင်း လေလား
ဘ၀လမ်းမှာ အဆုံးသတ်တာ
သေခြင်းတရား မမြဲအား.........

လက်ညှိုးထိုးပြီး တည့်တည့်ပြောရင်တောင် ဒီလောက်
ထိမိမှာ မဟုတ်ဘူး ။ စာလုံးတွေနဲ့  ထိရောက်အာင် ပြောနိုင်တဲ့
ညီမ ကို ...အကို လေးစားတယ်ကွာ.....
( နန်းကြာဦး)....

အင်း ကဗျာနဲ့ အတွေးလေးတွေ ပေးတာ အတော် ကောင်းတာပဲ။

မမပြောတဲ့ကြည့်သင့်သောအရာဆိုတာကို ကြည့်သွားဖတ်သွားပါတယ်....

ကြည့်သင့်သောအရာဆိုလို့ ..မုန်လာထုပ်ရယ်..ဘာများလည်းလို့ ကြွေးသင့်သောအရာကတော့ တို့ ဟူးသုပ်ပဲ..ညံညံလုပ်လေနာချာနေပီ

နာမည်ကြော်တဲ့ ကဗျာဆရာမတယောက်ဖြစ်လာမှာပါ
အမ...ဖက်လိုက်ရတဲ့ ကဗျာတိုင်းစာတိုင်းမှာ
ခံစားချက်တွေနဲ့ နော်

အလည်လာတာပါ ကဗျာတွေ ရင်ထဲထည့် သွားတယ် ဟဲဟဲ

မမညိုချောခေါ် jasmine မေးရဦးမယ် ယောင်္ကျားတွေ လည်း တရက်ကိုလေးမျိုးပြောင်းတယ်ဆို ဘာတွေလဲ ပြောပြပါလား သားသားက မတိလို့ မေးတာ ဟီ.............

ကောင်းတယ်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More