Friday, 6 May 2011

***ပျောက်ဆုံးသွားခြင်း*** (သို့မဟုတ်) အိမ်မက်အပိုင်းအစ

ငါကလဲ ဘုရင်မ ပဲဖြစ်ချင်နေသူပါ
မင်းကလဲ မိဖုရား အလိုရှိနေတာလေ...
အဲဒီမှာ...သဘောထားတွေ စပြီးကွဲကြရပြီပေါ့
အစကတဲက မသေချာတာကို
ဘယ်လိုများအဖြေညှိဖို့ မင်းပြောရတာလဲကွယ်။

မကြေငြာပဲ ငါထွက်ခွါခဲ့တာမဟုတ်ဘူးနော်
သူသိ ရှင်ကြား ကြေငြာပြီး
အသေအချာမှောင်းခတ်ခဲ့တာပါ။

နောက်ဆုံးထွက်သက်ကို ထုတ်ယူဖို့
မင်းကြိုးစား....ပုံပြင် မဟုတ်ချစ်ခဲ့တဲ့ရက်များ
ဒီရေတွေ ငါ့ ကိုမစောင့်......အချိန်တွေ အားလုံးမင်းကယူသွား
ဥပေက္ခာတွေ ထားခဲ့.....အကြင်နာတွေ...ပင်လယ်အောက်ကိုရောက်
အမုန်းတရားနဲ့ လှည့်ဖျား
ငါ့ အသဲတွေ မင်းစားသွား
မြားနတ်မောင်ရဲ့ ဗေဒင်မှား။

ရှုံးသွားသူက ခြေလှမ်းကျဲကျဲ မှာ
ပါးစပ်ဖြဲပြီး အော်ငိုရမှာလား
နှလုံးသွေးတွေ စိမ်းစိမ်းရှင်ထွက်
ချယ်ရီတွေ ချွေးထွက်
စံပယ်ဖြူတွေ သွေးစွန်း
နှင်းဆီတွေက ဆူးကြိုး
သံယောဇဉ် မကုန်ရင်တော့လိုက်ခဲ့
အကြိုက်တော့တွေ့မှာ မဟုတ်ဘူးနော်။

ပူပြင်းတဲ့နွေကို ခပ်ကြမ်းကြမ်းရင်ဆိုင်ခဲ့သူတစ်ယောက်
ကြယ်တွေ လတွေလဲအိပ်ငိုက်
ကောင်းကင်ကြီး အဖော်မဲ့
ဝိညာဉ်နဲ့ ည
ညနဲ့ ၀ိညာဉ်
ကံကြမ္မာ အလှဲထိုး
ကြိုးဝိုင်းထဲက ငါ
ဒူးထောက် ခေါင်းငုံ
ရင်ဘတ်ကြီးဟောင်းလောင်းနဲ့
ပေါင်းမရမယ့် အဆုံး
အချစ်တွေ...အားလုံး
လူသတ်ကုန်းကိုပို့
တောင်စွယ်နေကွယ် တော့
ဘုရားသခင်ထံရောက်.....

ရင်ဘတ်ထဲက အကြင်နာတွေလဲ ပျောက်....
ဘယ်ရောက်သွားခဲ့ပြီလဲ.........

ဝင်ရောက်ဖတ်ပေးသော သူငယ်ချင်းအားလုံးကို
လေးစားစွာ ကျေးဇူးတင်နေတဲ့ jasmine












8 comments:

တစ်ဦးတစ်ယောက်အတွက်ရည်ရွယ်ခဲ့ခြင်းမဟုတ်ပါ
jasmine စိတ်ကူးသက်သက်သာဖြစ်ပါ၏ ။ ။

မြှားနတ်မောင်လဲ ဗေဒင်ဟောသကိုးးးးး
ဖတ်လို့ကောင်းအောင်ရေးတတ်တဲ့မမ... ဗေဒင်အမှားနဲ့မတွေ့ပါစေနဲ့လို့ဆုတောင်းပေးရင်း
လာလည်သွားပါကြောင်းပြောချင်ပါတယ်ဗျာ...

ကောင်း လိုက်တဲ့  စုစဉ်းမှုပဲ.......ညီမရာ.......
ကိုစိုင်း........

ကဗျာလေးတော့ ကြိုက်သဗျာ။
ရှုံးသွားသူက ခြေလှမ်းကျဲကျဲ မှာ
ပါးစပ်ဖြဲပြီး အော်ငိုရမှာလား
နှလုံးသွေးတွေ စိမ်းစိမ်းရှင်ထွက်
ချယ်ရီတွေ ချွေးထွက်
စံပယ်ဖြူတွေ သွေးစွန်း
နှင်းဆီတွေက ဆူးကြိုး
သံယောဇဉ် မကုန်ရင်တော့လိုက်ခဲ့
အကြိုက်တော့တွေ့မှာ မဟုတ်ဘူးနော်။

အဲဒါလေး အကြိုက်ဆုံးပဲဗျ။ ကောင်းတာပဲ။ ကျွန်တော်ဆို အဲလို မရေးတက်ဖူးရယ်။

အလည်ရောက်တယ် စံပါယ်ရေ... အရမ်းကောင်းတဲ့ ကဗျာလေးပါပဲ..

အဟားးးးးးး
အကြီးမားဆုံးကွဲလွဲမှုတစ်ခုပေါ့။။။
မိဖုရားလိုသူနဲ့ ဘုရင်မဖြစ်ချင်သူ။။။
ကဗျာလေးမိုက်တယ်ဝေ့။။။

Jasmine ရေ ..ကဗျာလေး မိုက်တယ်...
သင်တန်းလေးကြောင့် ပုံမှန်မရောက် ဖြစ်ပေမယ့် စိတ်ထဲကတော့ အမြဲရောက်ဖြစ်ပါတယ်။ ကောင်းသောနေ့လေးဖြစ်ပါစေ။

အာနေလို့အားလုံးဖတ်သွားတာပါ...
ဖတ်ချင်နေတာ..
ရှုံးသွားသူက ခြေလှမ်းကျဲကျဲ မှာ
ပါးစပ်ဖြဲပြီး အော်ငိုရမှာလား
နှလုံးသွေးတွေ စိမ်းစိမ်းရှင်ထွက်
ချယ်ရီတွေ ချွေးထွက်
စံပယ်ဖြူတွေ သွေးစွန်း
နှင်းဆီတွေက ဆူးကြိုး
သံယောဇဉ် မကုန်ရင်တော့လိုက်ခဲ့
အကြိုက်တော့တွေ့မှာ မဟုတ်ဘူးနော်။....
အဲတာကိုကြိုက်တယ်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More