Monday, 16 May 2011

ရင်ဘတ်ထဲက နှလုံးသား...နှလုံးသားထဲက အလွမ်း

လလေးတစ်ခြမ်းမပြည့်
ဓူဝံ ကြယ်ပြောက်သွား ကြယ်လေးတွေ မှန်းဆမရ
မိုးကောင်းကင်ကြီး မဲနက်နက်
စိတ်တွေခြောက်ချား
ချစ်မိတာမှားလား  နှလုံးသား အပြစ်များ
ရစ်ပတ်နှောင်ဖွဲ့....ပြစ်ဖို့တော့ မကြံစည်ပါဘူး။


သံယောဇဉ်တွေ မီးပွင့်မတတ်
အလွမ်းတွေ အထပ်ထပ်နဲ့
အိပ်မရ ညများ ၀ိုင်တစ်ပုလင်းနဲ့
ငါ့ကိုထားခဲ့မှာလား။


ရင်ဘတ်ထဲက နှလုံးသား.....နှလုံးသားထဲက အလွမ်း
လူက တစ်နေရာ နှလုံးသားက တစ်နေရာ
အချစ်တွေ ဟောင်းလောင်းနဲ့ ဘယ်မှ မသွားတတ်လို့
မင်း အနားမှာပဲ နေပါရစေတော့။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးတင်လေးစားနေတဲ့
jasmine

9 comments:

လာရောက်အားပေးသွားပါတယ်...ကျန်းမာပျော်ရွှင်ပါစေ...jasmine ရေ...

ဒီလောက်ကောင်းတဲ့မမကို ဝိုင်တစ်ပုလင်းနဲ့ထားခဲ့မယ့်သူ ရှိနိုင်မှာမဟုတ်ပါဘူးနော်:P

ရင်ဘတ်ထဲက နှလုံးသား.....နှလုံးသားထဲက အလွမ်း
လူက တစ်နေရာ နှလုံးသားက တစ်နေရာ
အချစ်တွေ ဟောင်းလောင်းနဲ့ ဘယ်မှ မသွားတတ်လို့
မင်း အနားမှာပဲ နေပါရစေတော့။...နေနိုင်ပါစေလို့
ဆန္ဒပြုလျှက်..ပါ Jasmine ရေ..

အားပါးပါး...အိပ်မရညများ ၀ိုင်တစ်ပုလင်းနဲ့ ငါ့ကိုထားခဲ့မှာလား။ တဲ့။ မိုက်တယ်ဗျာ။

လူကတစ်နေရာ နှလုံးသားက တစ်နေရာ
အချစ်တွေ ဟောင်းလောင်းနဲ့ ဘယ်မှ မသွားတတ်လို့
မင်း အနားမှာပဲ နေပါရစေတော့။

ဒီစာသားလေးကိုကြိုက်ပါတယ်..

သံယောဇဉ်တွေ မီးပွင့်မတတ်...........

ကြ်ုက်တယ် ညီမရေ..

Jasmine ရေ စိတ်မကောင်းမဖြစ်နဲ့ နော်။ အတူတူပဲ ကွန်မန့် (၅)ခုလောက်ပျောက်သွားတယ်သိလား:(
အခုလာပြိး ထပ်မန့်ခဲ့တယ်...:):)
ခံစားအားပေးလျှက်ပါလို့...

အဲဒီလိုသာ တောင်းဆိုခွင့် ရှိရင် ဘယ်လောက် ကောင်းလိမ့်မလဲဗျ။ အခုတော့ “ လွမ်းခွင့် မရှိ။ ”

အနားမှာနေခွင့်ရရင်နေချင်တယ်။ ခုတော့ကျွန်တော်မှာအချစ်များစွာနဲ့ဘယ်ဆီပြေးရမှန်းမသိဖြစ်နေတယ်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More