Monday, 9 May 2011

***နှလုံးသားထဲက မောင်***

တစ်နေ့ ပြီးတစ်နေ့
ရင်ထဲ ထိအောင်
အမုန်း စစ်ခင်း
မင်း ကျင်းပ နေတာ
ဘာသဘောလဲကွယ်။

တစ်ရက် ပြီးတစ်ရက်
ရင်ထဲ ငြိအောင်
သံသယ အမုန်း
နှလုံးမူပြီး
ပူဆွေးခြင်းတွေ ပေးခဲ့ပြီ။

နေ့ခင်းရဲ့ ပင်ပန်းနွမ်းနယ်မှု အားလုံး
ညအခါ မင်းရှိခဲ့ရင် အားလုံး ပြည့်စုံပါပြီ။

ချစ်ခြင်းနဲ့ သစ္စာ တရား
အားလုံး အပြိုပြို အလှဲလှဲ

အရှုံးပေးပြီကွယ်.......မင်းလေးကျေနပ်ပါတော့
အရင်တုန်းက ချိုသောစကား
ပျားသကာအလား
မင်းပြောခဲ့ဖူးတယ်။
ကပိုကရို နဲ့ ရင်ဖိုအောင်လဲ
မင်းလေး လုပ်နိုင်ခဲ့ပါတယ်။
ညလေးတစ်ည လသာသာ
ပန်းစံပယ်လေး ဖြူဖြူဖွေး
မင်းပေးခဲ့ဖူးပါတယ်။

ခုတော့ အရာအားလုံး
အဆုံးသတ်......အမုန်းဇာတ်နဲ့
မီး သင်္ဂြိုလ်ပြစ်လိုက်တာလား။

တစ်ခုတော့ ပြောပါရစေ
ငါ မဲပါစေ......မင်းဖြူရင်ပေါ့
ငါ မှောင်ပါစေ....မင်းလင်းစေတော့
ငါ ပူပါစေ.....မင်းအေးရင် ငါကျေနပ်နေမှာပါ
ရေဘူးပေါက်ပါစေ....မင်းအတွက်ရေပါစေရမယ်နော်
အဲဒါတွေဟာ......နှလုံးသားထဲက စကားလုံးတွေပါ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးနှင့်
အလုပ်မအားသဖြင့်မဖတ်နိုင်သောသူငယ်ချင်းအားလုံးကို
ထာဝရ ကျေးဇူးတင်နေတဲ့ jasmine ။    ။

11 comments:

ကဗျာထဲက ကောင်မလေး ရဲ့ အချစ်ကို မြင်သွားတယ်။

အဲဒီကဗျာထဲက မောင်ဆိုတဲ့သူကတော့ ကံကောင်းတဲ့သူပါပဲနော်.. အားလုံးရသွားသလိုပဲ.

အားပေးသွားတယ်ဗျာ။။။တောင်ကြီးသူတွေ အချစ်ကြီးတာကို
လုံးဝယုံသွားပြီ။။။။

Jasmine ရေ...ကဗျာလေး ခံစားအားပေးသွားတယ်နော်...
ကောင်းသောနေ့လေးဖြစ်ပါစေ။

ဒီကဗျာထဲကလို ချစ်တတ်သူနဲ့ တွေ့ဖို့ဆိုတာ . .
တကယ်ကို မလွယ်တာပါပဲ။

ကဗျာလေးလာဖတ်သွားတယ် သူငယ်ချင်းရေ

ကိုဇော်ရေ...ကိုကအရမ်းချစ်တတ်ရင်ကို့ကိုလဲအရမ်းချစ်တဲ့လူနဲ့တွေ့မှာပါ။

လရိပ်အိမ်...ကဗျာလေးလာဖတ်လို့ကျေးကျေးပါရှင်။

jasmine ရေ ကောင်းသော နေ့လည်ခင်းပါ။ ကဗျာကို လာဖတ်တာ နှစ်ခေါက်ရှိပြီ။ သဘောကျလို့လေ။ ကျန်းမာပျော်ရွှင်ပါစေ...

ပေးတဲ့ဆုနဲ့ပြည့်ဝရပါစေလို၏
တပည့်တော်ကကျန်းမာရေးမကောင်းဘူးဘုန်းဘုန်းရှင့်
ဘုန်းဘုန်းက(ကျန်းမာပျော်ရွှင်ပါစေ)...
ဆိုလို့ကျေးဇူးတင်ပါတယ်ဘုန်းဘုန်းရှင့်။ ။
နောင်လဲအားပေးပါဘုန်းဘုန်း...

မမရေ
မောင်တဲ့လား....
အပြင်မှာရောမောင်ကရှိနေတာလား
မှန်မှန်ပြောနော်....

ကဗျာကဖတ်လို.ကောင်းတယ်ပါတယ်။ကျွန်တော်လည်းတောင်ကြီးမှာနေတာ။
အမကဘယ်ရက်ကွပ်မှာနေတာလဲ။တွေ.ဖူးသည် ၈ှိအောင်လို.ပါ။၈ိုင်းသွားရင်
ခွင်.လွတ်ပါနော်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More