Wednesday, 11 May 2011

***ရူးမိုက်သောချစ်ခြင်း ၊ အပြစ်တော့ကင်းပါတယ်***

ငိုသံတွေ အများကြီးထဲက
ကဗျာမဆန်တဲ့ မျက်ရည်စက်တွေ
ပင်လယ်ထဲစီးဝင်တော့
သဲထဲရေသွန် ဖြစ်ရတာပေါ့။


သံယောဇဉ် ကတော့ ပါးပါးလေးကျန်နေတာပါ
နာကျင်ခံစားမှုတွေက တနင့်တပိုး
ဘယ်လိုမှ မညီမျှတဲ့ ဆုံးဖြတ်ချက်တွေက
အေးချမ်းတဲ့ဘ၀ကို ယိုင်နဲ့နဲ့ဖြစ်စေတာပဲ။


အစထဲက မသေချာရင် မလာပါနဲ့လား
ဥပေက္ခာခြေရာတွေ...နေရာအနှံ့.......ပြန့်ကျဲ.....
မခိုင့်တခိုင် ဖြစ်နေတဲ့....သစ္စာတရား ဆိုတာ
ခါးသီးလို့နေစမြဲ။


မျော်လင့်ချက်တောင်တန်း
ရှည်နေသလား......
တောင်ပံကျိုးတဲ့ ဌက်တစ်ကောင်လို
လေအလွင့်ကိုစောင့်ရ ရင်နဲနဲကောင်းမယ်ထင်
လမ်းခုလပ်မှာ ပြုတ်ကျခဲ့တဲ့မင်း ရဲ့
သစ္စာတရားတွေကို ကူညီကောက်ပေးချင်ပါတယ်
ခွင့်ပြုမှာလား.....
အဲဒီနောက်ကိုလိုက်ရင်း.....မောပန်းလာတယ်။


ချယ်ရီတွေစောင့်တဲ့ ဒီဇင်ဘာ
မရောက်သေးတာ ကျေးဇူးပါအချစ်ရယ်
မျော်လင့်ခြင်းတွေ တစ်ဖြေးဖြေးနဲ့
အရောင်ရင့်လာပြီ...
ငါအမြဲသောက်နေကျ ကော်ဖီ
မင်းအပြုံးလိုဖြစ်နေတာလား....
အချိုမပါ....ခါးသက်သက် မဟုတ်တဲ့
အခါးစစ်စစ်။


ချစ်ခြင်းတရားတွေက
အာဖရိကစိန်လို.....အရမ်းရှားနေတာ
မင်းသိဖို့တော့လိုအပ်ပြီ။


မျော်လင့်ခြင်းအိမ်မက်တွေ
အချိုမပေါ့သေးဘူး
.....မင်းပေးတဲ့နာကျင်မှုတွေက
ငါ့ရင်ထဲမှာ.....နယူးဇီလန်က နွားနို့နဲ့လုပ်တဲ့
ချောကလက် တစ်ပြားစားရသလိုပဲ....
ဖြူစင်ပြီး ချိုမြနေတာပါ။


မင်းရဲ့ဟောင်းလောင်းဖြစ်နေတဲ့ရင်ဘတ်နဲ့ပဲ
ရောက်အောင်လာခဲ့ပါ။


ငါ့ရဲ့ မနိုင့်တစ်နိုင့် (၀န်ထုတ်ဝန်ပိုး)
သံယောဇဉ်တွေနဲ့ မင်းကိုကြိုနေမှာပါ။
ကျသမျှမျက်ရည်အားလုံးကိုမေးကြည့်ပါတယ်
မင်းကိုပဲ....တမ်းတနေတာတဲ့..


စိတ်အတွေးတွေအားလုံး တွေဝေ
ခြေလှမ်းတွေ ပြိုလှဲ
နှလုံးသားက ကြေကွဲပေမယ့်
ရင်ထဲက.....အကြင်နာတွေကတော့ နေမြဲအတိုင်းပါပဲ။ 


ဝင်ရောက်ဖတ်ပေးနေသောသူငယ်ချင်းအားလုံးကို
လေးစားစွာကျေးဇူးတင်နေတဲ့
jasmine





10 comments:

ကဗျာလေးကိုခံစားသွားတယ်
ရင်ထဲကိုတစ်ခါထဲရောက်သွားတာပဲ
ဦးဦးဖျားဖျားဖတ်ရလို့ကျေးဇူးလဲတင်ပါတယ်မမ။

ကြိုက်သွားပြန်တယ်။
ချစ်ခြင်းတရားတွေက
အာဖရိကစိန်လို.....အရမ်းရှားနေတာ
မင်းသိဖို့တော့လိုအပ်ပြီ။

အဲဒါတော့ အမှန်ပဲဗျာ။ လေးစားပါတယ်။ လေးစားပါတယ်။

ခံစားဖတ်ရှုသွားပါတယ် jasmine ရေ။ ကျန်းမာပျော်ရွှင်ပါစေ...

ခေါင်းစဉ်လေးသဘောကျတယ်..Jasmine ရေ..
စာသားလေးတွေလန်းတယ်...
အားပေးလျှက်ပါ..

ချစ်ခြင်းတွေက အာဖရိကစိန်လိုအရမ်းရှားနေတယ်တဲ့လားဗျာ.. ကောင်းလိုက်တာ....

နာလည်းဖတ်တယ်ဟေ့နာ့ကျတော့ဦးဖျားဖျားမဖတ်ရဘူး..တေတော့မယ်နင်

နာဦးဖျားဖျားဘယ်ဖတ်ရမလဲဘယ်ရောက်မှန်းတိဝူးလေ
အဲတာညလေးနတ်သမီးကဒေါ်ဒေါ်ဖျား အဲ
ဦးဦးဖျားဖတ်သွားတာပေါ့စွယ်စုံရေ...

ညီမ ၇ဲ့ စာအရေးအသားတွေ က ပင်လယ်ရေ သောက်ရသလိုပဲ..
သောက်လေ ငတ်မပြေ ဆိုသလို ၊ ဖတ်ရလေ ထပ်ဖတ်ချင်လေပဲ ။

(နန်းကြာဦး )........

ဝါး..တော်လိုက်တာ နင်ေ၇းတာ။ ငါလိုချင်တယ်ဟာ ငါလဲေ၇းတတ်ချင်တယ်ဒီလို ပုံစံ

ကဗျာလေးက အရမ်းကောင်းပါတယ်...
စိန်တွေ.. ချော့ကလက်တွေ မပါလျှင် ..
ပိုကောင်းမယ် ထင်ပါတယ်။။။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More