Saturday, 10 March 2012

ချစ်ရသူပေးတဲ့ ခရေ ကဗျာ





အမြင့်မှာပဲ စံစံ
မြေမှာပဲ ခခ
သဘာဝကိုက
မွေးပျံ့တဲ့ ပန်း ***


အမြင့်မှာ စံလို့လဲ
မာန်မတက်
လေပြေကဆော့လို့လဲ
စိတ်မဆိုး
ကြွေကျ မြေခ
ဘယ်ဘ၀ရောက်ရောက်
အားမငယ်တတ်သည့်ပန်း  ***


ပန်းခရေ
ကောက်သူကို ပျော်ရွှင်မှု့ပေး
နမ်းသူကို ရင်သို့အေးစေသူမို့
နွမ်းခြောက်တောင်
ရနံ့တွေမပျောက်လို့
အမြတ်တနိုးထားတဲ့ ပန်း ***


(ဒီကဗျာလေးကို ကျွန်မချစ်ရတဲ့သူတစ်ယောက်က
ပေးတဲ့ကဗျာလေးပါ ကျွန်မကိုယ်တိုင်ရေးတဲ့ကဗျာ မဟုတ်ပါဘူး)
ဖတ်ပြီးရင် ဘယ်သူပေးတာလဲမမေးပါနဲ့နော်
ကျေးဇူးတင်လျှက်
jasmine



Friends18.com Orkut Scraps

23 comments:

မေးစရာမလိုဘဲ.သိနှင့်နေပါသည်။
(အစ်ကြည့်တာ..:)
ကဗျာလေးအရမ်းကောင်းတယ်မာမီး)
ခရေပန်းလေးနဲ့ထပ်တူထပ်မျှဖြစ်ပါစေ..။

ချစ်ခင်လျှက်

စံစံပြောသလိုပဲ သိတယ်ဟဲဟဲ

သားကတော့ မသိဘူး
သိတဲ့သူ ပြောပြပါ့လား

sis...ကဗျာလေး ခံစားသွားပါတယ် ကောင်းတယ်..

ကောင်းတယ်ဗျာ ကဗျာလေးက ဖတ်ရတာ ... ကျေးဇူးပါ... :)

မြတ်နိုးတဲ့ အကြောင်းလေးတွေ...
လက်ခံ ရရှိတဲ့ အမဂျက်..
ပျော်မှာပါ
:)

ကျနော် လည်း သိတယ်နော် ... ဘယ်သူပေးတယ်ဆိုတာကိုလေ ...

ကဗျာလေး လှတယ်နော်....ဒီကဗျာလေးနဲ့ တင်စားခံရတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းသလဲနော်.....အစ်မရေ ပျော်ရွှင်ပါစေ.....

မယ်မယ်.. အားလုံးသိပြီးသားကို အဲလိုမေးတာလောက် မုန်းတာမချိဘူး.နော် အစ်မဂျက်.. ဟိဟိ
စကားမစပ်.. တန်းပလိတ်က အစ အတူတူပဲ ဆိုတာ ခုမှ သတိထားမိတယ်.. ကြည့်စမ်း..

ခရေ ပန်းလေး ကိုဖွဲ့သွားတာ လှပတယ်...
ကောင်းတယ်ဗျ..း))
အားပေးသွားတယ်..

သူများတွေ ရှစ်ကြတာကို လာငမ်းတွားပါတယ် :P

ဘယ်သူပေးတာလဲလို့  မေးစရာမလိုပေါင်..သိပါ့..ကဗျာလေးက ခရေလေးလို မွှေးပျံ့တယ်

ကဗျာလေးလာခံစားသွားတယ်

ကျွန်တော်လဲရေးမှပဲ

ချစ်သူကိုပေးဖို့လေ

ကဗျာလေးက ဖတ်လို့ကောင်းတယ်။း)

ကဗျာလေးက သိမ့်လှတယ်...မမဂျက်ပျော်ရွှင်ပါစေ

ဘယ်သူပေးလဲသိတာမို့ မမေးတော့ပါဘူးလေး))
ကဗျာလေးက ကောင်းလိုက်တာ
ဖတ်နေရင်း မွှေးပျံ့တဲ့ ခရေရနံ့ကိုတောင် ရလာတယ်လို့ထင်မိတယ်။

ခရေပန်းကိုလဲ ချစ်တယ် ..ခရေ ကဗျာလေး ကိုလဲ ချစ်တယ်...
ကဗျာရေး တဲ့သူက ပေါ်လွင်အောင် ရေးတက်လွန်းပါတယ်..
ကဗျာကောင်းလေး ခံစားခွင့်ရသွားပါတယ်..
မမ jas ရေ ပျော်ရွှင်ပါစေ....ကဗျာရေးတဲ့သူတော့ မမေးတော့ပါဘူး ဟိုး အပေါ်ဆုံးမှာ မီးမလာလို့ ထင်တယ် ရေးထားတယ် "မှောင်" တဲ့.. ဟီးဟီး ( အလကားနောက်တာပါ )
ချစ်တဲ့
အိမ်မက်စေရာ

မမေးပါဘူး.. သိပြီးသားမို့ ဟိဟိ
ဒီကဗျာလေး အရမ်းချစ်တယ် :D

သူများတွေ သိကုန်ပြီ

ခရေပန်းလေးတွေကိုလည်းချစ်တတ်တဲ့ စံပယ်ပန်းလေးပါလား

ချစ်တဲ့
ဝသုန်

ခရေနဲ့အတူ စပယ်ကို အားပေးသွားပါတယ်ရှင့် :)

င်္ွဲံသားကတော့ မသိဘူး........သိတဲ့သူ ပြောပြပါ့လား????

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More