စိတ်ထဲစွဲနေတာ
မမြဲသောချစ်ခြင်းတရားများ
တဲတဲလေးကျန်နေတဲ့ သံယောဇဉ်
အားလုံး......အားလုံး အပြစ်တွေဖြစ်ရပြီနော်။
တိမ်လိုလို၊ မြူလိုလို
လေနှင်ရာ ပါခဲ့လေပြီ၊
အချစ်နဲ့ဘ၀၊..... ဘ၀နဲ့အချစ်
အတွေးထဲမှာ၊ ရွှေးမရပါ
လာသမျှမေးခွန်းထဲက
အခက်ဆုံး တစ်ခုဖြစ်နေပြီ။
ပြင်းထန်မှု တွေများပြားလှတဲ့
မေတ္တာအရင်းခံထားပြီး
အလိုတူစွာနဲ့ပဲ အတင်း ၀င်ရောက်ခဲ့တာ.....ငါပါ။
တားဆီးလို့ မရတဲ့ ကံကြမ္မာ
အလွဲ အမှားတွေကြောင့်လို့
နောက်လှည့်ကြည့်စရာမလိုအောင်
ကြောက်နေမိပေမယ့်လဲ
မင်းရှိရာ အရပ်ကိုတန်းတန်းမတ်မတ်ကြီးကြည့် နေမိပြီ။
အစကတော့ ဘာမှန်းမသိခဲ့ပါဘူး
ဟုတ်သလိုလို မှန်သလိုလိုနဲ့
မဟုတ်တာတွေရော မမှန်တာရောပေါ့
အသွားမရှိတဲ့ ဒါးတစ်လက်
ဘယ်မှာအသုံးဝင်မလဲ၊ မေးစရာမလိုပါဘူး။
နှလုံးသားနဲ့ရင်းခဲ့တဲ့သံယောဇဉ်ပန်းကလေး
နွမ်းမှာကိုကြိုသိပေမယ့်လည်း
ဘယ်လိုပင်နွမ်းနွမ်း
ဘယ်လောက်ပင်ကြွေကြွေ
ဒီပန်းကလေးကိုထာဝရ မြတ်နိုးနေမှာပါ။
ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးတင်လေးစားနေတဲ့ jasmine



9 comments:
ခံစားမှုတွေပြည့်နေတဲ့ ကဗျာလေးကို
လာေ၇ာက်ခံစားသွားပါတယ်။
နတ်သမီး
အလွမ်းတွေလဲအ၇ိပ်ရှိတာပဲနော်။
နှလုံးသားနဲ့ရင်းခဲ့တဲ့သံယောဇဉ်ပန်းကလေး
နွမ်းမှာကိုကြိုသိပေမယ့်လည်း
ဘယ်လိုပင်နွမ်းနွမ်း
ဘယ်လောက်ပင်ကြွေကြွေ
ဒီပန်းကလေးကိုထာဝရ မြတ်နိုးနေမှာပါ။
အဲဒီစာသားလေးကိုကြိုက်ပါတယ်။ ။
ကဗျာလေးခံစားသွားတယ်။ ကဗျာရေးကောင်းတယ်နော်
"နှလုံးသားနဲ့ရင်းခဲ့တဲ့သံယောဇဉ်ပန်းကလေး
နွမ်းမှာကိုကြိုသိပေမယ့်လည်း
ဘယ်လိုပင်နွမ်းနွမ်း
ဘယ်လောက်ပင်ကြွေကြွေ
ဒီပန်းကလေးကိုထာဝရ မြတ်နိုးနေမှာပါ။"
တို့လဲ ဒီစာသားလေးခိုက်တယ်
မမရေ ကဗျာလေး ခံစားရင်း ရောက်တယ်မမ :)
ကောင်းသောနေ့လေး ဖြစ်ပါစေလို့..
uဗျာဆိုနာလည်းကြိုက်တယ်ဟေ့..မုန်လာထုပ်..နကိုတို့ ဟူးတုပ်ကြွေးလေကွာ....နော်လို့ ..နာငိုမှာနော..အဟင့်
ညီမ ရဲ့ ကဗျာလေး ဖတ်သွားပြီနော်
ကောင်းလိုက်တာ..စာလေးက..ခံစားသွားပါတယ်
နှလုံးသားနဲ့ရင်းခဲ့တဲ့သံယောဇဉ်ပန်းကလေး
နွမ်းမှာကိုကြိုသိပေမယ့်လည်း
ဘယ်လိုပင်နွမ်းနွမ်း
ဘယ်လောက်ပင်ကြွေကြွေ
ဒီပန်းကလေးကိုထာဝရ မြတ်နိုးနေမှာပါ။
အဲဒီအပေါ်ကမမရေးထားတဲ့စာသားလေး ရည်းစားတွေ့တဲ့အခါ တော်ကီပစ်မလို့ကော်ပီယူထားလိုက်ပြီဗျို့.. ကြွေရောပဲ..ခွီးးး
ဟုတ်တာပေါ့
အသွားမရှိတဲ့ဒါးဘာမှလုပ်မရဘူး။
Post a Comment