Friday, 17 February 2012

ချစ်သူ အနားမှာရှိရင်

Friends18.com Orkut Scraps

ငါ့ကိုထားခဲ့ဖို့ စဉ်းစားနေပြီလား
တစ်ကယ်လို့ ထားခဲ့မယ်ဆိုရင်

အရာအားလုံး ဆုံးရှုံးမှုတွေအတွက်နဲ့
ဘ၀ကြီးက လွမ်းစရာတွေ
 ပြည့်သွားမယ်ထင်တယ်
စတွေ့တဲ့ အချိန် ပြောတဲ့
စကားတစ်ခွန်း
 ရွှေမိုးတွေဘယ်လောက်ရွာသွန်းသွန်း
ငါမမေ့တတ်ခဲ့ဘူးလေ
"မင်းင့ါကို တစ်ယောက်ထဲ မထားခဲ့ပါနဲ့တဲ့"
"ငါ အကြောက်ဆုံးကတစ်ယောက်ထဲဖြစ်နေမှာကိုပဲ"
မင်အချစ်လေပြေလေးတွေက
ငါ့ဘ၀ရဲ့ တေလေဆန်မှုတွေကို
ဖယ်ရှားစေခဲ့ပြီး
အကြင်နာတွေ 
ဗုန်းပေါ လအော ပေးခဲ့တာ
အဲတာတွေကြောင့်
အနာဂတ်အတွက်ကြိုးစားရင်း
ဘယ်သောအခါမှလဲ
အရာအားလုံး မဆုံးရှုံးဘူးဆိုတာ 
သိလာရတယ်
လူ့ဘ၀ဆိုတာ တခါတရံ 
ကံကောင်းခြင်းကမ်းတွေပြိုတတ်တယ်
တခါတရံ
လမ်းကောင်းတွေလဲ ချော်တတ်တယ်
တခါတရံ ဘ၀အတွက်
ရေဆန်ကိုလှော်တက်ရတယ်
ဘယ်အချိန် ဘယ်အခါ ဖြစ်ဖြစ်
ချစ်ရသူ နှလုံးသားပိုင်စိုးသူသာ
အနားမှာ ထာဝရ ရှိနေခဲ့ရင်တော့
အဲဒီ ဒဏ်ရာတွေ
အများကြီးသက်သာစေခဲ့ပါတယ် ။

jasmine





Friends18.com Orkut Scraps

32 comments:

အစ်မ Jas . . .

ထာဝရတော့ ဘယ်သူမှမရှိနေနိုင်ဘူးနော်
တစ်နေ့သေကြရမှာလေဗျာ
အဲ . . . အဲ့ဒါဆိုရင်
ဒဏ်ရာတွေ မသက်သာတော့ဘူးပေါ့
( ဆေးထည့်ပြီး ကြိုးစားကုကြည့်ပါ အစ်မရယ် :P )
ကဗျာလေးက မိုက်တယ်

ဘယ်ချိန်ဘယ်ခါဖြစ်ဖြစ်
ချစ်ရသူ နှလုံးသားပိုင်စိုးသူသာ
အနားမှာ ထာဝရရှိခဲ့ရင်
ဒဏ်ရာတွေ အများကြီးသက်သာစေတယ်ဆိုတာလေး သဘောကျသွားတယ်
တစ်ယောက်တည်း လျှောက်တဲ့လမ်းက ၂ယောက်သွားတော့ အဖော်လဲရ အမောလဲပြေတာတော့ပေါ့နော်။
ကဗျာလေး ကောင်းတယ်

တကယ် ကဗျာရေးနိုင်တဲ့ ဆရာမ ဂျက်...း)

This comment has been removed by the author.

ဒဏ်ရာ တွေ သက်သာအောင် ချစ်သူ ကို အနား ခေါ်ထားရမယ်
ဟုတ်လား .... ။ ခေါ်ထားချင် တာပေါ့ ဗျာ ....
ဒဏ်ရာ တွေ လည်း များ လှ ပြီ လေ

ချစ်သူအနား.. ချစ်သူအနားမှာ.. ~~~~
သီချင်းဆိုတာ ဟိဟိ

သူနဲ့သာဆိုရင်.... ကန်ဒီကို အားကျလို့ ဆိုကြည့်တာ..မမ:):)

မမရေ ကဗျာစာသားလေးတွေအကုန်ကြိုက်တယ်
မွား မမ

အစ်မရေ ခေါင်းစဉ်လေးကိုက ကောင်းနေတယ်။ ချစ်သူအနားမှာရှိရင်

"မင်းင့ါကို တစ်ယောက်ထဲ မထားခဲ့ပါနဲ့တဲ့"
"ငါ အကြောက်ဆုံးကတစ်ယောက်ထဲဖြစ်နေမှာကိုပဲ"
လန်းတယ်ဗျာစာသားလေးက
လာအားပေးသွားတယ်နော်မမjasmine cho

အနားမှာနာအမြဲရှိပေးနေတယ်လေ သဲဘုစုခရုအလိမ္မာတုံးအိပ်မက်လေးရေ

အပေါ်က ကဗျာနဲ့ ကွန်မန့်နဲ့ ကြည့်ပြီး (ချစ်ရသည်က သက်ထက်ဆုံး) အော်သွားပါတယ် :P

လာအားပေးသွားပါတယ်...

ခုချိန်မှာတော့ ကိုယ်တစ်ယောက်ထဲပါဘဲ

ခံစားဖတ်ရှုသွားတယ်မကြီးဂျက်ရေ

ကဗျာလေး လာပြီး ခံစားကြည့်သွားတယ် အမရေ။။

လူ့ဘ၀ဆိုတာ တခါတရံ
ကံကောင်းခြင်းကမ်းတွေပြိုတတ်တယ်
တခါတရံ
လမ်းကောင်းတွေလဲ ချော်တတ်တယ်

မှန်တယ် အမဂျက်ရေ.. ဘယ်သောအခါမှ အရာအားလုံး မဆုံးရှုံးဘူး

တကယ်သာ အခုချိန်သူအနားမှာရှိနေခဲ့ရင်.... အင်း..

ချစ်သူ အနားမှာရှိရင် လောကကြီးတစ်ခုလုံးက လှပနေမှာပေါ့ ဟုတ်ဖူးလား အစ်မ... ကဗျာလေး ခံစားအားပေးသွားပါတယ် အစ်မ...

မမစံပယ်ရဲ့ချစ်သူမမအနားမှာထာဝရရှိနေနိုင်ပါစေ

ချစ်တဲ့

ဂျာရစ်

အချစ်ကဗျာတွေဖတ်သွားတယ်စပါယ်ချို

ချစ်သူ့ချစ်ခြင်း
ခိုလှုံရင်းမှ
ကဗျာချိုချို
စာချိုချိုကို
စပယ်ချိုလေး
ရေးတတ်ပြီ ...
ရင်ငွေ့လှုံရင်း
လွမ်းချင်းဆိုသီ
ကာရန်ညီအောင်
ချိုကြည်အပြုံး
သကာဖုံးသည်
ကဗျာနွဲ့တေးစီလိမ့်မည်...


ချစ်တဲ့
ဝသုန်

ဒီကဗျာလေးကိုတော့အရမ်းဘဲကြိုက်မိပါတယ်။

ကဗျာဆိုတာ ရင်ထဲက ခံစားချက်ပါတဲ့

ဒီရင်ထဲက ခံစားချက်လေးကို အိပ်ယာပေါ်ထိသယ်သွားပြီး

ဖီလင်အပြည့်နဲ့ ခံစားမိလိုက်တယ်

ကဗျာလည်းဖတ် မန့်လည်းဖတ်ပြီး
ဟိဟိလို့ အသံထွက်ရည်မိကြောင်းး)း)
ကဗျာရေးသူရဲ့ ခံစားချက် ဆိုလိုရင်းကို ဖတ်မိသူတို့ကလည်း နားလည်စာနာ
အဲ.... ရည်ရွယ်သူတစ်ယောက်ကလည်း ဟိဟိ....(နောက်တာ)း)း)
သူလည်းလေ နားလည်နိုင်ပါစေလို့ ဆုတောင်းရင်း

အစ်မရေ...
အလည်လာတိုင်း ကွန်မန့် ပေးရတာခက်နေသလိုပါပဲ။
အစ်မရေ...
အစ်မကို ထားသွားရင် အကြောင်းကြားနော်
ဘလော့ဂါတွေစုပြီး ထားသွားတဲ့သူကို ၀ိုင်းရိုက်ပေးမယ်လို့ ...
ထော်ဦး

တခါတရံ လမ်းကောင်းတွေလည်း ချော်တတ်တယ်။ )))) ဂျက်သိပ်တော်တာပဲ။ ဒီစာသားလေး ရင်ထဲ ထိတယ်။

ချစ်သူ အနားမှာရှိနေချိန်ဆိုရင်တော့ နေရတာပျော်စရာပါပဲ....။ချစ်သူနဲ့ အဝေးဆုံးရောက်နေရရင်တော့...ဟင့်...ငိုမှာပဲ..

ရှိတဲ့သူတွေကတော့..ပြောကြပေါ့လေ..ဟွန့်...:P

ကြော်ငြာဝင်ခြင်းသီးခံပါခင်ဗျာ.ကိုလွင်ပြင်ရေ...(ကျွန်တော့်လို.တစ်ကိုယ်တော်လူပျိုများ..အားငယ်ရလို့ပါနော်)..:D

အင်း..ဒီ ၁ ကြောင်းလည်းကြိုက်တယ်... ဟို ၁ ကြောင်းလည်းကြိုက်တယ်....အကုန်ကြိုက်ပါတယ်၇ှင့်..... :-)
ကဗျာတွေနဲ့ပျော် ...
ကဗျာတွေနဲ့ အဖော် ..
ချစ်သူပြီးရင် ကဗျာပါနော် ...
စပယ်အတွက် ကဗျာတစ်ဖက် ချစ်သူလက်။
(ဒီလိုပဲ ကဗျာတွေ အားပေးသွား၇င်း အမှတ်တ၇လေး ဖောက်တိဖောက်ချာေ၇းပေးခဲ့ပါတယ် .....:-)

ကောင်းတယ်ဗျာ ကဗျာလေး ဆက်လက် အားပေးနေမယ်နော်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More