Tuesday, 3 May 2011

သူငယ်ချင်းသာယာသို့

ငယ်ငယ်တုန်းက သူငယ်ချင်းဖြူစင်စွာနဲ့
ချစ်ခဲ့ဖူးပါတယ်။  

အားတဲ့ အချိန်လျှောက်လည်ရင်း  
ဟိုနားဒီနားရောက်ခဲ့ဖူးပါတယ်။

တောင်ကြီးဟိုတယ်...ရပ်တော်မူ
 
လွမ်းစေတီ လဲ သွားခဲ့တာပဲ  
အိမ်ကိုအလာ..မြို့ဦးမှာ  
တိုက် ၆ လုံးလဲရောက်ပြန်ကာ  
သူနေထိုင်ရာ ကန်အောက်ရပ်  
ဈေးအနားမှာပါဗျ

ချယ်ရီလမ်းက သူငယ်ချင်းရေ
 
ငယ်ဘ၀ကိုမေ့ပြီထင်  
မေ့ပါနဲ့နော်သာယာလေး  
ငယ်သူငယ်ချင်း ဖြူစင်အေး

တို့များတစ်ခါပြန်တွေ့တာ
 
မှတ်မိသေးလားကွာ  
နင်ရယ်ငါရယ်လျှောက်ကာသွား
မြို့တောင်ကြီးရဲ့...အနှံ့ပါဗျ။  ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
လေးစားစွာကျေးဇူးတင်တဲ့ jasmine 

7 comments:

သာယာ
ချယ်ရီလမ်း
အမှတ်..71-72
ကန်အောက်ရပ်
တောင်ကြီး.......မှငယ်သူငယ်ချင်းသို့
လွမ်းချင်းသက်သက်ဖြစ်ပါသည်။

ဝေး..ကဗျာလေးလာဖတ်တာမိုက်တယ်ကွာ...ရေးတတ်တယ်နော သင်ပေးအုံးနော

(တို့များတစ်ခါပြန်တွေ့တာ
မှတ်မိသေးလားကွာ
နင်ရယ်ငါရယ်လျှောက်ကာသွား
မြို့တောင်ကြီးရဲ့...အနှံ့ပါဗျ။ ။)
ကျနော်လည်းလိုက်မယ်ဗျားးး
လို့ထပ်ရေးလိုက်ချင်တော့တယ်ဗျို့.:P
ကောင်းတယ်ဗျာ.ကြိုက်တယ်ကာရန်လေးကို..

ကဗျာလေးကောင်းတယ်။ လွမ်းစေတီတော့ မဖူးဖူးသေးဘူး။ စူဠာမဏိစေတီတော့ ဖူးဖူးတယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

မိုက်တယ်ဗျ။

ဖတ်သွားတယ်ညီမ ရေ

မမရေ
မီးကိုလဲရေးပေးပါ
အဲလိုကဗျာမျိုးလေး

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More