သွားခဲ့ဖူးတယ်
ဘယ်ကိုမှ မရောက်ခဲ့ပါ။
စားခဲ့ဖူးတယ်
ဗိုက် မပြည့်ခဲ့ပါ။
ဘုရားရှိခိုးခဲ့ဖူးတယ်
တရားသဘော ဘာမှမသိခဲ့ပါ။
နွေနေ့လည် အကာအကွယ်မပါ
လမ်းလျှောက်ခဲ့ဖူးတယ်
အပူ ဆိုတာနားမလည်ခဲ့ပါ။
အနွေးထည် မပါ ဆောင်းညသန်းခေါင်
အိမ်အပြင် ဂီတာတီးပြီးသီချင်းဆိုဘူးပါတယ်
အေးချမ်းမှု ကိုယ်နဲ့မဆိုင်ပါ။
ထီးမပါ မိုးရေထဲ ကရောင်ကတမ်း ထပြီးသွားပါရဲ့
မိုးရေတွေ စိုတာ ဘာတွေများလဲ...မေးရမလို။
ဆီးနှင်းတစ်ပေါက်ပေါက်
မိုး တစ်ဖျောက်ဖျောက်မှာလဲ
အသည်းတစ်လျှောက်က
စစ်မှန်သော နှလုံးသား တစ်စုံ....
ရင်နှင့် ရင်းပြီး ချစ်ခဲ့ဖူးပါတယ်။
နယူတန် နိယာမ မှားခဲ့တာလား........
အသုံးမကျ ငါ့ဘ၀..နားကြားလွဲခဲ့တာလား
အဖြေမသိပေမယ့် အချစ်ရှိနေတာပါ....
ပြောခဲ့ဖူးတဲ့စကား....အများအပြား ရှိပါ၏
သို့သော် လိုရင်းမရောက်ပဲ
နှလုံးသားပျောက်တဲ့ကိန်း.....
သစ္စာတရား....ပျက်ပါများတော့
နာကျင်ခြင်းတွေ....ဒီရေအလား။
ချိုသော အပြုံး
ကြင်နာသော နှလုံးသား
နွေးထွေးတဲ့ လက်တစ်စုံ
ညင်သာတဲ့ အကြည့်......
အားလုံးငါမှာရှိနေခဲ့တာ....
နောက်တော့လဲ.....အမဲဖျက်သလို
တဲတဲလေးတောင် မကျန်အောင်
ရင်ဘတ်တစ်ခုလုံး နတ္တိ။ ။
ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံး
အစဉ်သဖြင့်ကျေးဇူးတင်လေးစားနေပါတယ်ရှင်။
jasmine



11 comments:
မမအရမ်းကောင်းပါ၏
so nice
အရမ်းမိုက်
nyi nyi
အမရေဘယ်သူကိုချစ်ခဲ့ဖုးတာလဲ...
ပြောခဲ့ဖူးတဲ့စကား....အများအပြား ရှိပါ၏
သို့သော် လိုရင်းမရောက်ပဲ
နှလုံးသားပျောက်တဲ့ကိန်း.....
သစ္စာတရား....ပျက်ပါများတော့
နာကျင်ခြင်းတွေ....ဒီရေအလား။
ကောမက်ရေးမရဘူးအရမ်းကိုခက်နေတယ်
ဘာဖြစ်လို့လဲအမ.....
သူငယ်ချင်းတို့ရေ
jasmine ဆိုဒ်လေးကွန်မက်ပေးမရဖြစ်နေပါတယ်....
ကူညီဖြေရှင်းပေးပါနော်.....
ကျေးဇူးတင်စွာဖြင့်....
နာကျင်ခြင်းတွေ ဒီရေအလား
ဒီစာသားလေးကြိုက်တယ်။
ဝေးရပီကွပေးလို့ ..ပေလိုက်မယ်နော...အာဘွား.....ဟဟ
နင်ပေးခိုင်းတာနောမုန်လာထုပ်မ
ကွန့်မက်ပြောတာလေ
ဘာတွေပေးနေတာလဲ
နာစိတ်တိုရင်တော့နာတူငယ်ချင်းချောချောလှလှနဲ့နိကို
မပေးတော့ဘူးနော်....
ချစ်ခဲ့ဖူးပါသည်....
ရင်ထဲကိုထိအောင်လဲရေးတတ်တယ်နော်
အမရဲ့ကဗျာတွေအားလုံးကိုဖတ်ပါတယ်...
ကဗျာလေး ကောင်းပါတယ်
ကဗျာရေးတတ်တာကို အားကျမှိပါတယ်
Post a Comment