Monday, 5 March 2012

အလွမ်း အဓမ္မ



ပန်းတွေကြွေနွမ်း
စမ်းတွေရေခမ်း
ရင်ထဲမှာ အမြဲလွမ်းနေရတဲနေတဲ့
နွေရာသီ
 ရောက်လို့လာပြန်ပေါ့
ဒီတခါ အေးခဲတာတွေလဲ
ပျောက်ပြီး
ခဲပြီးအေးနေတဲ့
နှလုံးသားကတော့
နွေမှာ ဘယ်လိုပူပူ
ဆက်ပြီး ခဲအေးနေဆဲပါပဲ
လွမ်းတာတွေများလို့ 
ပူတာလား
ပူတာတွေများလို့ 
လွမ်းတာလား
ပူတာကလဲ ပူသလို
လွမ်းတာကလဲလွမ်းတာပါပဲ
ဥသြ ရဲ့ တွန်သံလေးတွေ
ပတ်ဝန်းကျင်တခွင် အဆက်မပြတ်
တဖက်သတ် အလွမ်းတွေလား
လူမသိ သူမသိ အပူတွေလား
ကမ္ဘာကြီးလဲ လှနေလေရဲ့
နွေရာသီကလဲ လှနေလေရဲ့
တောင်လေနဲ့အတူ
အလွမ်းတွေကလဲ
ရင်ဘတ်ထဲ တဲ့တဲ့ ကြီးဝင်လာလေရဲ့
သဘာဝ ကြောင့်ဖြစ်တည်နေတဲ့
ပန်းကလေးများ
ရာသီအလိုက် စည်းကမ်းရှိစွာနဲ့
ပွင့်နေကြတယ်
အော်.........ဒါပေမဲ့လဲ
ငါ့  ရင်ဘတ်ထဲအလွမ်းတွေကတော့
စည်းမရှိ  ကမ်းမသိ 
ဖြစ်နေပါရော့လားဟယ်
ပန်းတွေ ကိုတော့အတူကောက်ပြီး
အလွမ်းတွေကျတော့
ငါတစ်ယောက်ထဲဆိုတော့
နဲနဲမလွန်ဘူးလားလို့
လူတစ်ချို့ကလဲ
အကြွေပန်းတွေ 
အလုအယှက်ကောက်နေလေရဲ့
အချစ်ရဲ့ ဆွဲအားတွေကြေင့်
ဖြစ်တည်နေတဲ့ အလွမ်း
ဘယ်သူကူလို့ ကောက်မှာလဲ
ဖြေတတ်ရင်ဖြေခဲ့ပေးပါ ။ 
jasmine

22 comments:

ကဗျာလေးကိုခံစားသွားတယ်နော်...

မဂျက်လေးလမင်းလည်းလွမ်းတတ်တော့
အတူတူကောက်ကြတာပေါ့နော်..

sis...အနော်တို့လည်း လွမ်းနေပြီ...ကဗျာလေးဖတ်မှ ပိုလွမ်းသွားပြီ...

ကဗျာစာသားလေးတွေကလှလှချည်လားအစ်မဂျက်.. လူတောင်နဲနဲဆွေးသွားတယ်..

ချစ်နေချိန်မှာ အချစ်ကစိတ်ကူးယဉ်ဆန်တယ်။ ဖမ်းဆုပ်လို့ မရဘူး။

ရယူပြီးချိန်မှာ အချစ်ကလှပချိုမြိန်တယ်။

လွမ်းဆွေးချိန်မှာအချစ်က ခါးသက်တယ်။
အမနဲ့အတူတူခံစားသွားပါတယ်ဗျာ

ဒီမှာတော့ အချမ်းတွေလည်း မလျော့သေးဘူး.. အလွမ်းတွေလည်း မလျော့သေးဘူး.. :)

အစ်မဂျက်ရေ ကဗျာကောင်းလေး ခံစားသွားတယ်နော်။

မဂျက်ရေ .... အပူတွေသက်သာအောင်
အလွမ်းတချို့လာကောက်သွားတယ်
ခင်တဲ့ camomilla

ဖတ်ပြီး ဘာမှန်းမသိပဲလွမ်းသွားတယ်ဒေါ်ဂျက်ရေ..
ပန်းတွေအတူကောက်ရင် အလွမ်းတွေပျောက်အောင် လုပ်ပေးဖို့ ချစ်သူကိုပြောလိုက်လေ..

ချစ်တဲ့
ဝသုန်

အလွမ်းတွေ ဝိုင်းကောက်ပေးချင်သော်လည်း
ကိုယ့်မှာတောင် တောင်းနဲ့ အပြည့်နော်
ကောက်ထားတာ အလွမ်းတွေ :(

ဖြေချင်ပါတယ် ယောက်ခမရယ်....မိန်းမယူချင်ပီးးး...မွေးစားသမီးပေးဆို

ရောက်လာခဲ့ပေမယ့် ကဗျာကို အေးဆေးမဖတ်ရသေးလို့

နောက်တစ်ခေါက်မှ လာဝေဖန်ပါဦးမယ်..အခုတော့ ဒီလောက်ပဲ

လေးစားလျှက်

ဆန်းသစ်အောင်

အလွမ်း ကို ထိထိမိမိခံစားလိုကမိတယ် အသက်ရူတောင်ကျပ်သွားတယ်

ဇနီးမောင်နှံစလုံး အလွမ်းကဗျာတွေချည်းရေးနေတယ်နော်

ရင်ထဲက အလွမ်းနဲ့ ပြောင်းနေတဲ့ ရာသီနဲ့ .. လိုက်ဖက်ညီအောင် ဖွဲ့ထားတော့ ကဗျာလေးက လှနေတယ်..

အလွမ်းတွေ ကူကောက်သွားတယ် ဂျက်

ပန်းတွေကျတော့ အတူကောက်ပြီး အလွမ်းတွေ ကျတော့ ငါတစ်ရောက်ထဲ တဲ့...
ဟုတ်တယ်နော် မတရားဘူး...း)

ချစ်တဲ့
အိမ်မက်

အလွမ်းကဗျာလေးဖတ်ပြီးလွမ်းသွားတယ်မကြီးဂျက်ရေ

လွမ်းလဲလွမ်းနိုင်လွန်းတယ်

အဖြေပေးခဲ့ပါတယ်နော်....
မမရဲ့ ချစ်ချစ်ကြီးကို ကူကောက်ခိုင်းပေါ့..အဟိ

အဖြေမပေးတတ်လို့ ပြန်ပြီ :)

လွင်ပြင်လေးကပြောနေတယ် ဂျက်ရေ 'လွမ်းလဲလွမ်းနိုင်လွန်းတယ်' တဲ့ :P
အလွမ်းကဗျာလေးအားပေးသွားတယ်နော်။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More