Tuesday, 17 January 2012

လျှောကျသွားတဲ့ အလွမ်းများ


Friends18.com Orkut Scraps

ကြယ်ရောင်တွေပျောက်တဲ့   ည
အလွမ်းတွေက ခေါ်သူမရှိပဲ
အလိုလိုရောက်လို့လာတယ် ။

ရောင်စဉ်ပြောင်းတဲ့    စိတ်ဓါတ်
သံစဉ်ပျက်တဲ့      ဦးနှောက် တွေနဲ့
ချစ်သူက ဖွဖွလေးနမ်းလိုက်ပေမယ့်
ရင်ဘတ်ထဲက ခံစားချက်တွေ
တဖြေးဖြေး လျှောကျသွားတာ 
ငါသိလိုက်ပါတယ်
ပြန်ကောက်ဖို့အချိန်မမှီလိုက်ဘူး
တိုးတိုးလေး အနားကပ်ပြီး
ပြောတဲ့စကားသံ
အကြင်နာတွေလား ဝေဒနာတွေလား
နှလုံးသား နှစ်ခု ထပ်တူပြုပြီးသားမို့
ဘာပဲ ဖြစ်ဖြစ်
ချစ်သူကို အပြစ်မယူပါဘူး ။

ပခုံးပေါ်မှာ တနင့်တပိုး
ထမ်းထားရတဲ့  သံယောဇဉ်တွေကလဲ
နှလုံးသားကို  ညောင်းညာကိုက်ခဲ စေလို့
နဲနဲ လျှော့ချလိုက်မိတယ်
ခံစားရတာတွေ များလာတော့
နာကျင်ခြင်းတွေကလဲ 
ဆွေမျိုးတွေလိုပါပဲ
အဲဒီလိုနဲ့
အမြင်အာရုံတွေေ၀၀ါးခဲ့တာမို့
ချစ်သူကိုကြည့်ဖို့ အင်အားတွေလဲ
ငါ့ဘ၀ထဲမှာ နထ္ထိ ။

အပြစ်ရှိတယ်ဆိုရင်
တောင်းပန်ပါရစေတော့
ဝမ်းနဲဖွယ် ဇာတ်သိမ်းခဲ့ရတာကို
ချစ်သူ ကျေနပ်ပါရဲ့လား ?



Friends18.com Orkut Scraps


ကဗျာချစ်သူများရဲ့ ကိုယ်စား jasmine

33 comments:

တစ်ဦး တစ်ယောက်ကို ရည်ရွယ်ရေးသားခြင်းမဟုတ်ပါ
ရင်ဘတ်ထဲက စကားလုံးတွေကိုကဗျာ အဖြစ်ဖန်ဆင်ပေးခြင်းမျှသာ
ကဗျာလာဖတ်သော သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်

မကျေနပ်ပါ :P(ပြောကြည့်တား)
ကဗျာလေးက..ဖတ်ရင်းဖတ်ရင်းနဲ့
သီချင်းလေးတစ်ပုဒ်.ဖြစ်လာသလားလို့း)
ရင်ဘက်ထဲက စကားလုံးစစ်စစ်တွေကို
နှလုံးသားနဲ့ ခံစားသွားပါတယ် မာမီမားသားး)

ပျော်ရွှင်ကျန်းမာပါစေရှင်

ချစ်ခင်လျှက်

ကဗျာကောင်းလေးအားပေးခဲ့တယ် မမဂျက်ရေ
ခင်မင်စွာလေးစားစွာဖြင့် (လွမ်း)

မမဂျက်စ်ကို အလွမ်းမင်းသမီးလေးလို့ နာမည်ပေးလိုက်ပြီ :D

ချစ်သူကိုအပြစ်မယူပါဘူး တဲ့.....။
တည့်တည့်ပဲ ထိတယ်...။

""နာကျင်ခြင်းတွေကလည်း ဆွေမျိုးတွေလိုပါပဲ""တဲ့
အင်မတန်ထိမိပြီး နက်ရှိုင်းတဲ့ စာသားလေးတွေနဲ့
သီကြူးထားတာမို့ အလည်လာရကျိုးနပ်သွားပြီ
စံပယ်ချိုရေ..

""နာကျင်ခြင်းတွေကလည်း ဆွေမျိုးတွေလိုပါပဲ""တဲ့
အင်မတန်ထိမိပြီး နက်ရှိုင်းတဲ့ စာသားလေးတွေနဲ့
သီကြူးထားတာမို့ အလည်လာရကျိုးနပ်သွားပြီ
စံပယ်ချိုရေ..

""နာကျင်ခြင်းတွေကလည်း ဆွေမျိုးတွေလိုပါပဲ""တဲ့

အင်မတန်ထိမိပြီး နက်ရှိုင်းတဲ့ စာသားလေးတွေနဲ့

သီကြူးထားတာမို့ အလည်လာရကျိုးနပ်သွားပြီ

စံပယ်ချိုရေ..

အော်....ေ၇ာ်....၇င်ထဲမှာတမျိုးကြီးံခဲံစားမိတယ်

ကဗျာလေးက ဖတ်ရင်း ဖတ်ရင်း ရင်ထဲ ထိထိသွားတယ် မမရာ... ဂယ် ဘူ့ကိုမှ ရည်ညွှန်းတာဟုတ်ဘူးပေါ့နော်.. :P

ချစ်ခင်လျက်
Junemoe

ကဗျာလေးဖတ်ရင်း အလွမ်းတွေ လျှော့ကျမသွားပဲ ပိုလို့ လွမ်းသွားပြီ ဂျက်ဂျက်ရေ

မဂျက်ရေ-ပျော်ရွှင်ချမ်းမြေ့တဲ့နေ့များစွာပိုင်ဆိုင်နိုင်ပါစေလို့

ကဗျာတွေလာဖတ်သွားတယ်နော်

ခင်တဲ့ကျွန်တော်

အခု ဘုန်းဘုန်းကလည်း ဆန်းဝေးက ဒကာတစ်ဦးအိမ်မှာ

တည်းခိုပါတယ်..ဆန်းဝေးဆေးရုံနဲ့ အရမ်းနီးတယ်လေ..

၂၁ ရက် စနေနေ့ ညနေ ၆နာရီ အဲယားအေရှဖလိုက်နဲ့ ဘန်ကောက်ပြန်ကြွ

ဖြစ်မယ်..

အော်.. တစ်ခုလောက် တောင်းဆိုချင်ပါတယ် စံပယ်ချိုရေ

ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှာ ကျရောက်မဲ့ ချစ်သူများနေ့

အမှတ်တရအတွက် ဘုန်းဘုန်းသူငယ်ချင်းဒကာတစ်ဦးက

ကဗျာစာအုပ်လေး စီစဉ်မှာမို့ ဖြစ်နိုင်ရင် စံပယ်ချိုအနေနဲ့

ကဗျာစာမူလေးတစ်ခုလောက် ပို့ပေးဘို့ တောင်းဆိုချင်ပါတယ်

အဆင်ပြေမှ ပို့ပေးပါ..အဆင်မပြေရင်လည်း ဘယ်တတ်နိုင်မလဲနော်

ဒကာမလေးရဲ့ ကိုယ်ပိုင်ကဗျာတွေက အရမ်းထိမိစူးရှတဲ့အတွက်

အခုလိုဖိတ်မံရတာပါ..
အစဉ်ထာဝရ လေးစားခင်မင်စွာဖြင့်

မျိုးဆက်သစ်မှတ်တိုင်

ခေတ္တ-မလေးရှားနိုင်ငံ၊ကွာလာလမ်ပူ

Ph-0164757198

ကဗျာဆရာမလေးဂျက်ဆီကိုအလည်လာရင်း
ကဗျာကြွေးတွေပါအားပေးသွားတယ်နော်း)
အချစ်မှာအပြစ်မမြင်တတ်ရင်အရာရာဟာသာယာနေမှာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နောက်တစ်ခါကျ အလွမ်းတွေကို ပုခုံးနဲ့  မထမ်းနဲ့  ခါးနာမယ် ဂျက်။ ဘီးပါတဲ့ အိပ်နဲ့  ဆွဲ။ သက်တောင့်သက်သာပေါ့။ ဟီး

ခင်မင်စွာဖြင့်

ကိုကိုလတ်

မန့်လို့လဲမရဘူး မနေ့ကမန့်ခဲ့တာလဲဘယ်ရောက်သွားလဲမသိဘူး
ရီပလိုင်းတွေပဲတွေ့တွေ့နေတယ် စိတ်ညစ်လာဘီနော် နိုချင်လာဘီး(

လွမ်းလို့ကို မပြီးနိုင်ပါ့လား ဟိ

မမရေ ကဗျာလေးကတကယ်ခံစားရတယ်
အရမ်းအရမ်းကောင်း၏

အော်....အစ်မဂျက်ရေ....

ဟောဒီမှာ ဒီရေအလား တိုးနေလို့ မမရေ ကယ်ပါ ...:P:P


ကဗျာလေး ခံစားအားပေးလျှက်ပါလို့...

ကဗျာလေး ဖတ်လို့  ကောင်းလိုက်တာ အစ်မရယ်...

နာကြင်ခြင်း အမည်တက် ရွှေမျိုးတွေက
အလွမ်းတွေ နဲ့မိတ်ဆွေဖွဲ့..ကာ.ငါ့ရဲ့ နှလုံးသား အိမ်ကို
တံခါးလာခေါက်..ဒေါက်ဒေါက်..
ခက်တာက ..ငါမှာ ခံစား စရာ
ပုဂံပြားက မရှီ..ကွိ..ကွိ..
.သူများရေးတာ အားကြလို့..
အနော်လည်း. စမ်ရေးကြည့်ခဲ့တာ.အမ ရေ..ဟီးး.

ခင်မင်လေးစားလျှက်
(ဒုတိယ)

အကြင်နာတွေလား၊ ဝေဒနာတွေလား
နှလုံးသားနှစ်ခု ထပ်တူပြုပြီးသားမို့
ဘာပဲ ဖြစ်ဖြစ်
ချစ်သူကို အပြစ်မယူပါဘူး...

အင်း ဒီကလည်း ၀မ်းနည်းနေတာ သူကပါ ၀မ်းနည်းပြလိုက်တော့ သွားပါပြီးး)))

လျှောကျသွားတဲ့ အလွမ်းတွေကို ပန်းပွင့်လေးတွေ ကောက်သလို လိုက်ကောက်မိတယ် အဟင့် :(

ဂျက်ရေ...
ရောက်ခဲ့တယ်...

ကောင်းလိုက်တဲ့ကဗျာလေး၊ ရင်ထဲထိတယ်

အလွမ်းတွေကတောင်လျှောကျသွားသတဲ့ဗျာ

ကဗျာလေးဖတ်ပြီးကြည်နှုးမိတယ်

မောင်ဘကြိုင်

ဖတ်သွားပါတယ်။
အိုင်အိုရာ

တို့ကတော့.ဒမှာ မန့်လို့ရတယ်..ခိခိ....နှလုံးသားကိုညောင်းညာကိုက်ခဲစေလို့..နဲနဲလျှော့ချလိုက်တယ်....ကျွန်တော်ကတော့.နှလုံးသားတွေညောင်းညာရုံတင်မကဖူး..ကြွက်ပါတက်နေလို့..ခုထိ...ဟင့်ဟင့်ဟင့်.....

ဒီနေရာမှာ မန့်ရတာက နည်းနည်းပြဿနာရှိတယ်။ Select profile ဆိုတာကြီးက ပေးလိုက်လည်း ပြန်ခေါ်လို့မရ။ တခြားဟာလေးများရှိရင် ပြောင်းကြည့်ပါလားမဂျပ်စမင်။ ကဗျာရဲ့ ပထမပိုင်းမှာ ခံစားချက်တွေ လျှောကျတယ်လို့ပြောထားတယ်။ ခေါင်းစဉ်ကတော့ အလွမ်းတွေလျှောကျတယ်တဲ့။ ၀မ်းနည်းဖွယ်ဇာတ်သိမ်းတာတော့ ဘယ်သူကြိုက်ပါ့မလဲလေ။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More