အလွမ်းတွေခေါက်သိမ်းဖို့
ခက်နေတဲ့ အချိန်မှာပဲ
တိတိ ကျကျ
နာရီသံကလဲ
ချောက်ချက်ချက်နဲ့
စည်းချက်ညီညီ
ဘယ်ယိမ်းအဖွဲ့နဲ့
တိုက်ထားသလဲ မေးရမလို
အပိုတွေ မတွေးချင်ပါဘူးရယ်လို့
ကိုယ့်မျက်နှာကိုယ်
မှန်ထဲပြန်ကြည့်လဲ
အဖြေကဘာလဲ?
အိုမင်းခြင်းတွေပါပဲလား
ထိမှသိတာထက်
မထိပဲသိတတ်ရင်ကောင်းမှာပါ
တက်မက်မှုတွေနဲ့ချိုမြိန်ခဲ့သူရေ
လူက ပျောက်ကွယ်ခဲ့လဲ
အရိပ်လေးကျန်
မချန်ခဲ့တဲ့ အချစ်တွေကိုတော့
တခါတခါ လွမ်းမိပါရဲ့
ချစ်သူ ရင်ထဲမှာလဲ
ဒဏ်ရာတွေပြည့်တာသိပါတယ်လေ
ဆေးခါးသောက်နေရတဲ့
ဘ၀ရဲ့ နေ့ရက်တွေထဲ
မှားခဲ့တာ ကံ ကံရဲ့အကျိုးပါပဲ
မချိုမြိန်ဘူးရယ်လို့ထိုင်ကာမငြီးပါနဲ့
ရောင်စဉ်မလှတဲ့ အချိန်
ဘ၀ခရီးလမ်း
နဲနဲတော့ကြမ်းခဲ့မှာပဲလေ
အဲ့တာသဘာဝပါ
ဒီနွေ အရင်ကထက် တိတ်ဆိတ်နေသလို
ရှိနေပေမယ့်
မင်းလေးရဲ့ အနာဂတ်လမ်း
ပန်းခင်းတွေပြည့်နေလေရဲ့
jasmine




20 comments:
ချစ်သူအတွက်ပေးထားတဲ့ခွန်အားလေးတွေပါလား
ကဗျာလေးအားပေးသွားတယ် ဂျက်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မဂျက် ရဲ့ ချစ်သူ့အတွက် အားဆေးတစ်ခွက်ပေါ့။ ဟဲဟဲ မိုက်တယ်။ သီဟရဲ့ ချစ်သူလည်း အဲလိုလေး နားလည်ပေးတဲ့ ကဗျာလေးတွေ ရေးပေးရင်ကောင်းမယ်။ သူရေးလိုက်ရင် တစ်မျိုးကြီးတွေ။ :(
ဟုတ်တယ်..စိတ်မညစ်ကျေး
အားတက်စရာကဗျာလေးပါလားမမရေ
တကယ်ပဲ အားရှိသွားမယ်ထင်တယ်. အစ်ကိုတော့.. ။ အစ်မ ဂျက်ရေ. ပျော်ရွှင်ပါစေဗျာ.။
ဒါလဲချစ်ခြင်းတမျိုးဗျ
း)
ဂွတ်တယ်ဗျာ...........အားပေးသွားပါတယ်မမjasmine cho
ဟိုအရင်က လမ်းမခွဲကြေးလို့ပဲ ကြားဖူးခဲ့တာ..
အခုမှပဲ စိတ်ညစ်ကြေးဆိုတာကို ကြားဖူးတော့တယ်.
ကျေးဇူးပါ စံပယ်ချိုရေ..
အားပေးသွားတယ်ဗျာ
အဆုံးသတ်လေး ကြိုက်တယ်ဗျာ.......နောက်ပြီး ထိမှသိတာထက် မထိဘဲသိတတ်ခဲ့ရင်ကောင်းမှာပါ ဆိုတာရယ်........မချန်ခဲ့တဲ့အချစ်တွေကို တစ်ခါတစ်ခါ လွမ်းမိပါရယ် ဆိုတာရယ် သဘောကျတာဗျာ......မကြီးဂျက် ကဗျာရေးအရမ်းကောင်းတယ်.....
မမရေ.. ချစ်ဖို့ကောင်းတဲ့ ကဗျာလေး လာအားပေးသွားတယ်.. :)
ကဗျာလေးက လန်းတယ်။
ကဗျာလေးကိုသဘောကျတယ်မမရေ
ဒါနဲ့ပြောရဦးမယ် ကွန်းမန့်ဘောက်စ်ကိုနှိပ်တာနဲ့ နောက်ထပ်ကြော်ညာလိုလိုစာမျက်နှာတွေဘာကြီးတွေလဲမသိဘူးထွက်ထွက်လာတယ်
အဲဒါကြီးလုပ်ဦးမမစံပယ်ရေ .
ချစ်တဲ့
ဒိုးကန်
ညစ်ပါဝူး သဲဘုစုခရုလေးရယ် ဟိ
ကဗျာလာဖတ်သွားတယ် စံပယ်ရေ..
(မရောက်ဖြစ်တာ ကြာသွားတယ်။)
ခင်တဲ့
မြတ်
ချစ်သူ၇င်ထဲမှာလဲ
ဒဏ်ရာတွေပြည့်တာသိပါတယ်လေ
ဆေးခါးသောက်နေ၇တဲ့
ဘ၀တွေရဲ့နေ့ရက်တွေထဲ........
*တောင်ကြီးကပဲလုံးဆေးခါးဟင်းလေးသောက်ချင်လာပြီ*
ကဗျာလေးက တကယ်ချိုတယ်ဂျက်ရေ ....
ကျေး ကို ကြေး .. . တက်မက် ကို တပ်မက် ... တိတ်ဆိပ် ကို တိတ်ဆိတ် နေသလိုလို့ ပြင်ပေါင်းလိုက်ရင် ပိုချိုသွားမယ် .... စာလုံးပေါင်းလေး ပြောမိတာ ကဗျာလေး ပိုလှအောင်ပါ ... စိတ်မရှိပါနဲ့နော် ....
ကဗျာလေးကိုလာအားပေးသွားတယ်နော်...
စိတ်ညစ်တော့ဝူးး)
ခံစားအားပေးလျက်
ပုလင်းမထောင်ပဲ စိတ်ညစ်ပြေစေတဲ့ ကဗျာပါပဲဗျာ
သိမ့်သိမ့်မွေ့မွေ့ ကဗျာလေးပါပဲ ...
Post a Comment