Tuesday, 1 November 2011

ချစ်သူ






ချစ်သူဆီက ဘာတွေရယူခဲ့သလဲ
ချစ်သူထံကို
ဘာတွေပေးထားခဲ့သလဲ
မင်းလေးစဉ်းစားခဲ့ဖူးပါသလား?

မေးပါရစေတော့...
ကွဲအက်ပြီး တေ့ဆက်ဆက်ထားတဲ့
နှလုံးသားဆီကို
အပြုံးတုတွေသုံးပြီး
မင်းအရောက်လာနိုင်ပါသလား?

အကြိမ်ပေါင်းများစွာတက်ခဲ့ရတဲ့
ဆေးရုံ.....ဒီနှလုံးသား
အကောင်းတိုင်းတော့ 
မဖြစ်နိုင်ပါဘူး
အပြစ်မမြင်တဲ့ အချစ်တွေကပဲ
ခြေစုံပြစ်ပြီး ယုံမိတာပါ
ကြေကွဲခြင်းတွေတော့မယူချင်ပါဘူးချစ်သူရေ
ဒါပေမဲ့လဲ
မင်းလေးပေးတဲ့
ဥပေက္ခာတွေ - သမုဒ္ဒရာ မက
ပြန်ယူပါလား - ချစ်သူရယ်

လမ်းကြောင်း တွေကကျဉ်း
စိတ်ကူးတွေက သေးမျှင်
ခြေလှမ်းတွေ ယိုင်နဲ့နဲ့
မနက်ဖြန် - ဘာဖြစ်မှာလဲ
အဖြေမသိပေမဲ့
ရင်ထဲမှာတော့ဘာမှမရှိတော့သလို
ခံစားနေရပါလားကွယ် ။ 

စာချစ်သူ ကဗျာချစ်သူ အားလုံးရဲ့
ရင်ထဲက ထာဝရ jasmine

27 comments:

လမ်းကြောင်း တွေကကျဉ်း..
စိတ်ကူးတွေက သေးမျှင်..
ခြေလှမ်းတွေ ယိုင်နဲ့နဲ့..
မနတ်ဖြန် ဘာတွေဖြစ်မယ်..
မသိလည်း ကျွန်တော်ကတော့ ချစ်သူဆီကိုတော့ေ၇ာက်အောင်သွားမယ်..။

နင်သွားရင်နာ့လဲခေါ်ပါဟ
အဖော်ရတာပေါ့ နာလဲ အိမ်ကလူကိုခေါ်ပြီးနင်နဲ့
လိုက်ပေးမယ်လေ...

မနက်ဖြန်ဘာဖြစ်မှာလဲ
အဖြေမသိပေမယ့်....
ရင်ထဲမှာတော့ ဘာမှမရှိတော့သလို............။။။။။။။
ကဗျာလေး မိုက်တယ်ဗျာ။။။။

ချစ်မရေ...ကြုံရင်ပြောပေးပါ
ညလေးချစ်သူကိုလေ.....
" ပေးတာတွေနဲ့ ပြန်ရတာတွေ
မမျှတတဲ့အခါ ... ချိန်ခွင်လျှာ မတိမ်းဆောင်း..
ယိမ်းလို့ ကမဲ့ ပြကွက်အတွက် ဇတ်တိုက်ထားပါလို့....:):) "

အကြိမ်ပေါင်းများစွာ တက်ခဲ့ရတဲ့ဆေးရုံ.... ဒီနှလုံးသား အကောင်းအတိုင်းတော့ မဖြစ်နိုင်ပါဘူး။ ကြိုက်တယ် ဒီစာသားလေး။ အားပေးလျှက်ပါ မဂျက်စ်ခင်ဗျား။ :)

မနက်ဖြန် ဘာဖြစ်မလဲမသိပေမဲ့
ကဗျာလေးတော့ဖတ်သွားတယ် မမဂျက်ရေ

ကဗျာတစ်ပုဒ် ဖြစ်လာဘို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ

ဒီနေ့ ဘလော့မှာ အသစ်တင်လိုက်တဲ့ ကျောက်ဖယားမြစ်ရဲ့

ဒေါသကဗျာကို ကိုယ်တိုင်ရေးကြည့်မှ သဘောပေါက်သွားတယ်..

မဂျက်စမိုင်းလို ကဗျာကောင်းတွေ ရေးနိုင်ဘို့ ဘုန်းဘုန်း တော်တော်

ရုန်းကန်ရဦးမယ်လို့ ၀န်ခံသွားပါရစေ..လိုအပ်တာလေးတွေ ရှိရင်

ဝေဖန်ထောက်ပြပေးဘို့ ၀ဲကမ်းပါ မဂျက်စမိုင်းရေ..

ကဗျာလေးရမ်းကောင်းပါတီ ဂျက်မလေးရေ
အော်တန်လဲ ရင်ထဲမှာဘာမှ မရှိတော.တာကြာပေါ.
လွမ်းနေတာပဲ ကောင်းပါတယ်...အင်းး

အငှားရင်ဘတ်နဲ့ ခံစားတာတောင် အလွမ်းကဗျာ ကောင်းကောင်းလေးတွေထွက်လိုက်တာနော်။

သူကလည်း အဲသလိုပဲ ခေါ်သဗျ။
အဟဲ . . . အတူတူ လမ်းလေးတွေ လျှောက်ကြမယ်လေ။ ဘယ်တော့လဲ . . . မဂျက်တို့ စုံတွဲနဲ့ ချိန်းရမလဲ။ ပြောမဲ့သာ ပြောရတာ မအားကြပါဘူး အဟီး။

မနက်ဖြန် ဘာဖြစ်မလဲ ဆိုတာ တွေးမိတိုင်း ရင်မောရတယ်... ဟူး....

မျှော်မှန်းလို့မရတဲ့ မနက်ဖြန်တိုင်းဟာ စံပယ့်အတွက် ပျော်ရွှင်ဖွယ်နေ့လေးတွေ ဖြစ်ပါစေနော်။
အမြဲတန်းအားပေးနေတယ် စံပယ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မင်းရှိရာကို အရောက်လာရလွန်းလို့ လစာတွေလဲပြောင်လှပါပြီ မမစံပယ်ရယ်း)

ထာဝရjusmineချို ကဗျာလေးလာခံစားသွားကြောင်းပါ။
မိုးက ကဗျာအရမ်းနှစ်သက်တယ် သို့ သော်မရေးတတ်ဖူး။
ဒါကြောင့် ကဗျာရေးတဲ့သူကိုအရမ်းအားကျမိပါတယ်။


ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

အော်.....ချစ်သူတဲ့
ကဗျာကောင်းလေးပါပဲ

ဂျက်တို့များ ဘယ်ချိန်ရေးရေး ဘယ်လိုရေးရေး ကဗျာလေးတွေက ဖတ်လို့ကောင်းနေတာပဲ...ခံစားချက်အပြည့်နဲ့မို့ဖြစ်မယ်...။

ခင်တဲ့
မိုးငွေ့

ချစ်သူဆီက ဘာတွေရယူခဲ့သလဲ..?
ချစ်သူကို ဘာတွေပေးထားခဲ့သလဲ...?
အင်း... ပြန်စဉ်းစားဦးမှပဲ...။

ဘာမှမရှိတော့ဘူး..
တစ်ခုမှမရှိတော့ဘူး..
တကယ်ကိုဘာမှမရှိတော့ဘူး..
ခံစားချက်တွေပျက်စီး..
ငါ့မှာမျက်ရည်မရှိတော့ဘူးးးးးး :P
ပုံ /
သမာန်စီးး)

ကဗျာလေးဖတ်ပြီး စဉ်းစားစရာလေးဆတွေ သယ်သွားပါတယ်..
အိမ်မက်စေရာ

စဉ်းစားစရာလေးတွေလို့ပြောတာ..မှားရေးမိလို့ လေးဆ ဖြစ်သွားတယ် ဟီး
အိမ်မက်စေရာ

ခြေစုံပြစ် - ခြေစုံပစ်

နှလုံးသားကတော့ အရေးကြီးပေသပေါ့ ညီမရေ...သူမလှုပ်တော့၊ မခုန်တော့ရင် ဂိမ်းဘောရောက်သွားပြီကိုး...အသည်းကတော့ သုံးပုံတစ်ပုံကျန်နေသေးရင် regenerate လုပ်လို့ ရပါ့ဗျား...တစ်ခါတုန်းက ကားတိုက်မိလို့ အသည်းတစ်ခြမ်းကြေသွားတဲ့ လူနာတစ်ယောက် အကောင်းပကတိဖြစ်အောင် ကုပေးလိုက်နိုင်တာ တွေ့ဖူးလို့...

ညီမရေးတဲ့ကဗျာတွေ ဖတ်ဖတ်ပြီး ကိုယ့်ကဗျာမျိုးစေ့လေးတွေကို ပြန်ပြန်ပျိုးနေတာ အခုထိကို အညှောက်မထွက်နိုင်သေးဘူးဖြစ်နေတယ်...မြေဆီပဲ ခန်းသွားသလား မပြောတတ်တော့ဘူး...

“မနက်ဖြန် ဘာဖြစ်မှာလဲ အဖြေမသိပေမယ့် ရင်ထဲမှာတော့ ဘာမှမရှိတော့သလို ခံစားနေရပါလားကွယ်”
အဲဒီစာသားလေးမိုက်တယ်..စပယ်ရေ...

ဘာမှမလိုချင်ဘူး။ အဲ တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်ဖို့ ပဲ လိုတယ် လို့  ထင်တယ်။ (ကျနော့ ခံစားချက်ပါ)

jas ရေ
ကဗျာလာဖတ်သွားပါတယ်..
မနက်ဖန်မှာဘာဖြစ်မယ်ဆိုတာဘယ်သူမှ
မမှန်းဆနိုင်ပေမဲ့ ...ချစ်သူတိုင်းရဲ့ မနက်ဖန်တိုင်းကိုတော့
လှပနေစေချင်တယ်

ကဗျာတွေ လာဖတ်သွားပါတယ်။
လာလည်တဲ့ အတွက်လဲ
ကျေးဇူးတင်ပါတယ်။
မကြာခဏေ၇ာက်နေဆဲပါ။

ချစ်သူက ရက်စက်သွားလို့လားဗျာ။ ခံစားသွားပါတယ်။

နက်ဖြန် ဘာဖြစ်မလဲ အဖြေမသိသလို ရင်ထဲမှာလည်း ဘာမှမရှိသလို ခံစားနေရပါတယ်...

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More