Tuesday, 8 November 2011

နှလုံးသားရဲ့ စေခိုင်းချက်များ




တစ်ဦးတစ်ယောက်က ဖြားယောင်းသွေးဆောင်ခဲ့တာ
မဟုတ်ပါဘူး -  နှလုံးသားထဲက
ခံစာချက်တွေကို မထိန်းသိမ်းနိုင်လို့
မင်းကို ချစ်ခဲ့တာပါ ။

တစ်ဦးတစ်ယောက်က ဖြားယောင်းသွေးဆောင်ခဲ့တာ
မဟုတ်ပါဘူး - ညရဲ့ လရိပ်အောက်မှာ
ကြယ်တွေကတဖွဲဖွဲနဲ့ မိုးနှင်းတို့ကလဲ
တသဲသဲ ကျနေတာမြင်တွေ့ရပြီး
ဝိုင်ချိုချိုကို သောက်ခဲ့မိတာပါ ။

တစ်ဦးတစ်ယောက်က ဖြားယောင်းသွေးဆောင်ခဲ့တာ
မဟုတ်ပါဘူး - မင်းလေးရဲ့ အကြင်နာ 
နဲနဲအရောင်ပြောင်းတယ် ထင်ရလို့
ပုခုံးပေါ်မှာ မနိုင်မနင်းနဲ့ ထမ်းထားရတဲ့ 
သံယောဇဉ်တွေကို အနည်းငယ်
လျှော့ချလိုက်တာပါ ။

တစ်ဦးတစ်ယောက်က ဖြားယောင်းသွေးဆောင်ခဲ့တာ
မဟုတ်ပါဘူး -  ခံစားရတာတွေများလာပြီး
နာကျည်းခြင်းတွေအဖြစ် ပြောင်းလဲလာတော့
ငါ့ရဲ့အမြင်အာရုဏ်လဲ ဝေေ၀ ၀ါးဝါး
အတွေးတွေလဲ ထွေပြားခဲ့ရလို့
မင်းကို မကြည့်မိတာပါ ။

မိုးကုန်ဖို့ အတွက်လဲ
တစ်ဦးတစ်ယောက်က ဖြားယောင်းသွေးဆောင်ခဲ့တာ
မဟုတ်ပါဘူး - ရာသီတို့ရဲ့ပြောင်းလဲခြင်း
သဘာဝကြောင့် တစ်ဆောင်းသစ်ခဲ့ရတာပါ ။

ဘာပဲဖြစ်ဖြစ် မင်းကိုမမုန်းပဲ
သံယောဇဉ်တွေ တိုးပြီးရင်းတိုးနေတာလဲ
တစ်ဦးတစ်ယောက်က ဖြားယောင်းသွေးဆောင်ခဲ့တာ
မဟုတ်ပါဘူး - နှလုံးသားက ရိုးရှင်းစွာ
စေခိုင်းလို့ကို ငါ မင်းကိုချစ်နေရတာပါ ။


စာချစ်သူ ကဗျာချစ်သူများ အာလုံးရဲ့
ထာဝရ jasmine





24 comments:

စာချစ်သူ ကဗျာချစ်သူ ဘလော့ဂါသူငယ်ချင်းအားလုံးရှင်
ဝေဖတ်နိုင်သလို အကြံပေးခြင်းကိုလဲ ကြိုဆိုနေတာပါ
သိ၍ တတ်၍ ရေးသားခြင်းမဟုတ်တာကို
ရိုးသားစွာဝန်ခံပါရစေ
ဝါသနာကို တားလို့မရ၍ သာရေးသားနေခြင်းဖြစ်ပါသည်။
အားလုံးရဲ့ jasmine

ဟုတ် နှလုံးသားက စေခိုင်းတယ်ဆိုတော့လဲ ဘာပြောလို့ရမလဲ

တစ်ဦး တစ်ယေက်က ဖြားယောင်း သွေးဆောင်လို့ လာဖတ်ဖြစ်တာ မဟုတ်ဘူး။ ကဗျာကို ဖတ်ချင်လို့ ကို လာဖတ်တာ... စတာနော် အစ်မ...

အရမ်းမိုက်တယ်ကွာ
ကဗျာလေးက
တကယ်ထိတယ်..အဟုတ်
အဲ.တိုင်းပဲ...ကျမလဲ

ရိုးသားစွာ အရှိတိုင်ဝန်ခံရရင် ကျွန်မသူ့ကို
ရိုးရိုးလေးနဲ့ ဖြူဖြူစင်စင် ချစ်လို့
ရိုးရိုးလေးပဲ ချစ်တာပါလို့....:):)
မမရေ ခံစားအားပေးလျှက်ပါလို့...

ကဗျာတွေနဲ့ ပက်သက်ပြီး ကောမက်မပေးတတ်လို့ မပေးဖြစ်တာပါ။ အမြဲတမ်းတော့ လာဖတ်ဖြစ်ပြီး တစ်ခုခုတော့ တွေးသွားတတ်ပါတယ်... အမြဲအားပေးလျှက်ပါ... ဂျပ်စ်ရေ... ဆက်ရေးပါလို့....

တစ်ဦးတစ်ယောက်က ဖျားယောင်း သွေးဆောင်ခဲ့တာ မဟုတ်ပါဘူး။
ဖတ်ချင်လွန်းလို့ လာဖတ်တာပါ။း))

ခင်မင်လျှက်
He Big King(ကိုယ့်ဖာသာပေးထားတဲ့ နာမည်)။

အမရေကဗျာလေးဖတ်သွားတယ်နော်...
အရမ်းကောင်းပါတယ်...ဗျာ

နှလုံးသားရဲ့ စေခိုင်းချက်ကို ဦးနှောက်က ငြင်းပယ်ဖို့ခွန်အား မလုံလောက်ခဲ့တာပါ တစ်ဦးတစ်ယောက်က ဖြားယောင်းသွေးဆောင်ခဲ့တာ မဟုတ်ပါဘူးး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကျနော်လည်း အမှန်ပဲ သူ့အပေါ်မှာ ဒီလို ခံစားနေရတာပဲဗျာ။
သူကလည်း ဒီလိုပါပဲ တဲ့။

အမရေ ကဗျာတွေ လာအားပေးသွားတယ်ဗျာ..ဆရာမောင်ကတဆင့်သိရပေမယ့် ကဗျာစမားအချင်းချင်းမလို့  ၀မ်းသာတယ်ဗျာ လိုတာ၇ှိသင်ပြပေးပါလို့ 

မုန်လာထုပ်ရေ..နှလုံးသားတော့၇ှိပါသေးတယ်နော်..နင်ကရေးလိုက်ရင်အမှန်တွေမလို့ ..နှလုံးသားလေးတော့သနားပါတယ်ဟာ..ဒါနဲ့  ပြောစရာ၇ှိတာပြောရမယ် အားမနာဘူးသိလား..ဒီကဗျာလေးကြိုက်တယ်..ကူးထားပီနော်

တဦးတယောက်က ဖြားယောင်းသွေးဆောင်ခဲ့တာ မဟုတ်ပါဘူး...ဦးဏှောက်ထဲ ရောက်ရောက်လာတဲ့ အတွေးတွေပါ။

ဇက်ဗီလင်းတန်း

နှလုံးသားကစေခိုင်းလို့ ချစ်ခဲ့တာပါ
ဟုတ်တယ်နော် မမ ကဗျာကောင်းလေးခံစားအားပေးသွားပါတယ်

တစ်ဦးတစ်ယောက် ဖြားယောင်းသွေးဆောင်ခဲ့တာမဟုတ်ပါဘူး
ရင်ခွင်တံခါးက မင်းတစ်ယောက်သာ လက်ခံခွင့်ပေးလို့
ဖွင့်ဟခဲ့မိတာပါ။

:)

ခင်လျက်
ဂျွန်မိုး

တစ်ဦးတစ်ယောက် ဖြားယောင်းသွေးဆောင်ခဲ့တာမဟုတ်ပါဘူး...


ကဗျာလေး ကောင်းလွန်းလို့ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် မန့်သွားတာပါ...


(ကဗျာလေး ကောင်းတယ် စပယ်ရေ..)

ဘယ်သူမှ မဖြားယောင်းဘူး နေမကောင်းတဲ့ကြားက ကိုယ့်ဟာကိုယ်လာတာနော် မမစံပယ်း)

မဒိုးကန်

နှလုံးသားက ရိုးရှင်းစွာ စေခိုင်းလို့ ချစ်တယ်တဲ့လား .. မိုက်အိ .. အဟိ
အားပေးသွားပါတယ် .. မ

ခင်မင်စွာဖြင့်
April

တစ်ဦးတစ်ယောက်ရဲ့စေခိုင်းချက်ကြောင့်ဟုတ်ပါဝူး.
ကိုယ့်ဘာသာကိုယ်.အပျိုကြီးလုပ်နေတာပါ :))
(ကြော်ငြာ..ကြော်ငြာ) :P
ချစ်ခင်စွာဖြင့်
သမီးစံ

ဘယ်သူမှဖျားယောင်သွေးဆောင်တာ မဟုတ်ပါဘူး
ကဗျာတွေကကြာလေကောင်းလေဘဲလို့ခံစားမိပါတယ်..
အားပေးနေပါတယ် jas ရေ

ဘယ်သူမှ မဖျားယောင်းပါဘူး..ကဗျာကောင်းလို့  ကိုယ့်ဘာသာ မန့် တာပါ..

ဘယ်လိုချစ်ရင် ကောင်းမလဲ စဉ်းစားနေတာနဲ့  ဘ၀ အချိန်တွေ ကုန်နေဘီဗျာ။ ဟီးဟီး။ လူပြိုကြီး ဖြစ်နေပါဘီ။ :((((

နှလုံးသားရဲ့ ကျေးကျွန်ဖြစ်နေသူတစ်ယောက်ရဲ့ ရင်ထဲက စကားလုံးများ...။

ကဗျာလေးတွေကို မရေးတက်ဘူး ဒါပေမယ့် ရေးထားပြီးသား ကဗျာလေးတွေကိုကျတော့ ဖတ်ပြီး ခံစားတက်ပါတယ်! အမ ရဲ့ ကဗျာလေးတွေ တော်တော်များများ ဖတ်ပြီးသွားပါပြီ.....အရမ်းကြိုက်တယ်လို့..ပြောရတာထက်ပိုပြီးလေးနက်တာ ရှိရင် ပြောချင်ပါတယ်..
ကဗျာလေး တစ်ပုဒ်ကလဲ ခံစားချက်နဲ့ တိုက်ဆိုင်သွားလို့ ကူးလိုက်မိပါတယ် ခွင့်ပြုပါနော်.....ကျေးဇူးနော် မမjasmine....

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More