Saturday, 29 October 2011

ဘာပဲဖြစ်ဖြစ် ချစ်သူကို ကျေးဇူးတင်ပါတယ်






နောက်ကျသွားတဲ့ နောင်တ
ဘာမှ လုပ်လို့မရ
အခုမှ ဒုက္ခ
မင်းကိုချစ်မိတဲ့ ရလဒ်
အပြတ်အသတ်ရှုံးသွားရတာ ငါ့ဘ၀။


မင်းမရှိတဲ့ အရပ်
ကောင်းကင်ကြီး ခေါင်းပေါ် ပြိုကျသလို
အပြုံးတွေက အမုန်းတွေဖြစ်
အသည်းတွေကွဲအက်တဲ့ငါက
ဒီ အချစ်စစ်ပွဲ 
ဘယ်လို နွဲမလဲ။

ယုယမှုတွေ ပြပြပြီး
အကြင်နာကို အရယူခဲ့သူပဲ
အားလုံးဟာလဲ သေချာဆန်းစစ်တော့
အတု အတုတွေပါပဲ
အသိတွေ နောက်ကျလို့
ထိရှခံရတဲ့ နှလုံးသားတစုံက
အမိအရ ဆုပ်ကိုင်လိုက်တာ
လက်ထဲမှာ ဗလာသက်သက်။

အော်......ခက်တော့နေပြီ
ကမ္ဘာကြီး  မီးလောင်
သားကောင် ကမရှိလို့
ရှိနေသေးတဲ့ ငါ့နှလုံးသား
လမ်းခင်းထားမယ်
မင်းလေး လျှောက်ပြီး
လိုရာကိုသွား ငါမတားတော့ဘူး
ဘ၀မှာ တစ်ကြမ်တစ်ခါ
ချစ်ခဲ့ဖူးလို့ မင်းကို
ကျေးဇူးတင်နေမှာပါ။


ကဗျာချစ်သူ စာချစ်သူတို့ရဲ့
ရင်ထဲက ထာဝရ jasmine ဖြစ်ချင်သူပါ။

25 comments:

ဂျက်မလေးရေ...
ကိုယ်တိုင်လာလည်ပါတယ်..
ကဗျာလေးခံစားသွားတယ်....
Rap တောင်ဆိုချင်တွားတယ်..ဟိဟိ
ကောင်းပါတီ...

ချစ်သူ နင်းမယ် ဆို ကျနော့် နှင်းဆီတခင်း
လမ်းခင်းလို့ ပေးချင်တယ် ချစ်သူ ....


ကဗျာ ယောင်ယောင် ဘာယောင်ယောင်ဝင်ရေးသွားခြင်းပါ မည်သူ့ကိုမှ မရည်ရွယ်ပါ ....

နောက်ဆုံးပိုဒ်လေးကြိုက်တယ်ဗျို့ :)

ခင်တဲ့(ဖိုးကြယ်)

အော်......ခက်တော့နေပြီ
ကမ္ဘာကြီး မီးလောင်
သားကောင် ကမရှိလို့
ဘယ်သူ့သွားနင်းရမယ်မသိးP
ဘာပဲဖြစ်ဖြစ်
ဘ၀မှာ တစ်ကြိမ်တစ်ခါ
ချစ်ခဲ့ဖူးလို့ မင်းကို
ကျေးဇူးတင်နေမှာပါ။း))

ချစ်ခင်စွာနဲ့
သာမိစံ

မမဂျက်စ်က အားလုံးရင်ထဲမှာ ထာဝရပါ.. :)

ချစ်မိမှတော့ ရှုံးတာမြတ်တာ ထည့်တွက်မနေပါနဲ့တော့ သယ်ရင်းရယ်။
အတုတွေရမှန်းသိသွားရင် အစစ်လည်းရှိမှာပါကွယ်။ ကမ္ဘာကြီးမီးလောင်တော့ ဘာကိုချနင်းရမှာလဲဆိုတော့... မစဉ်းစားတတ်တော့ဘူးကွယ်။ ကမ္ဘာကြီးကို မီးမလောင်စေချင်ဘူးလေ။

ခင်တဲ့
မေသိမ့်

လိုရာကိုမသွားခိုင်းနဲ့ ဆွဲခေါ်ပြီးကြိုးတုပ်ထားလိုက် :D

အင်း ..ဖြစ်မှ ဖြစ်ရလေ ... ကဗျာလေးအရမ်းကောင်းပါတယ် ...

မောင်ဘုန်း

ချစ်မိသူက အရှုံးတဲ့..မချစ်လို့လဲ မနေနိုင်ပြန် ချစ်မိပြီဆိုမှတော့ သူကျေနပ်ပျော်ရွှင်ဖို့ တစ်ခုထဲသာ ကိုယ့်ရဲ့ မျှော်လင့်ချက်ပါ..
ချစ်တဲ့
အိမ်မက်

အလှမ်းရယ်မဝေးဘူးလို့ စိတ်ကတွေးထင်
သံယောဇဉ်နှောင်ဖွဲ့ကြိုးတွေ တွယ်ငင်ရစ်မိ
ထုံးဖွဲ့ရယ်တဲ့ မပြေခင်မှာ
နှုတ်ဆက်အနမ်းရယ် တေးတစ်ပုဒ်ရယ်နဲ့
ငါ့ရဲ့ညတွေ အထီးကျန်ခဲ့တယ်

ခင်လို့ ကဗျာလေး ၀င်စပ်ခဲ့တယ် သယ်ရင်းရေ... သယ်ရင်းကဗျာတွေကို မိုဘာမှာလဲ ဖတ်ရပါတယ်...

ချစ်ခင်လျက်
Junemoe

ဒုတိယပိုဒ်မှာ စကားလုံးအသုံးလေး သဘောကျတယ်ဗျ

သူများစကားကို ၀င်ဖောခြင်းမဟုတ်

Rap ဆိုသွားသလိုပဲနော်

ကမ္ဘာကြီးမီးလောင်တာတောင်

ချစ်သူကို သတိရဦးမယ်ဆိုတာလေး ပေါ်လွင်ပါတယ်

အားပေးပါတယ်ဗျ

ကဗျာတွေ ကို ချစ်ပါတယ်..။ ခံစားလျက်

ဟုတ်တယ် jas ရေ
အချစ်စစ်ပွဲကနွဲ ရအခက်ဆုံးဘဲ..
အချစ်တပွဲ စစ်ပွဲတရာတဲ့လေ ...
ဆုံးဖြတ်ရခက်..နောက်ဆုတ်ရခက် ရှေ့တိုးရခက်နဲ့
ခက်သုံးခက် နဲ့စိတ်ကိုညစ်ရော..

ဘ၀မှာ တစ်ကြိမ်တစ်ခါ
ချစ်ခဲ့ဖူးလို့ မင်းကို
ကျေးဇူးတင်နေမှာပါ။

ဂျက်ဂျက် စကားလုံး ပြောင်မြောက်ပါပေတယ်....

ကဗျာသိပ်မဖတ်တတ်ဘူးရယ်။
jasmine ကဗျာလေးဖတ်လိုက်ရတာ ကိုယ်တောင် ဘာလွမ်းမှန်းမသိလွမ်းသွားတယ်။

ရွှေဒိုးကတော့ တားမှာနော် မမဂျက်လို လွှတ်မပေးဘူးး)

အရမ်းရသမြောက်(ဂုဏ်မြောက်)အောင် ဖွဲ့နွဲ့စီကုံးထားတဲ့ ကဗျာဖြစ်လို့ ဘယ်လိုပြောပြရမှန်းတောင် မသိတော့ဘူး..ဒါပေမဲ့ နဲနဲတော့ ပြောကြည့်မယ်
အခုခေတ်လူငယ်လေးတွေ သုံးနှုန်းနေတဲ့ "အရမ်းလန်းတယ်"ဆိုတဲ့ စကားဟာ ဒါမျိုးနေမှာပါ..အသစ်တင်တိုင်း
ဆက်လက်အားပေးနေပါတယ်လို့....

အနော်ကလည်း ဘာပဲဖြစ်ဖြစ် အနော့် ချစ်သူကို ကျေးဇူးတင်နေသူပါပဲ။
သူကလည်း ချစ်ဖို့ ကောင်းတာကိုး . .:D

ချစ်သူကို ကျေးဇူးတင်နေမှာပါ..

အမ်းးးးးးးးးးးးးးးး ကောင်းလေစွ၊ကောင်းလေစွ။။။
ချစ်တတ်လွန်းကြပါပေတယ်ဗျာ။။။။

ဆုတ်ကိုင်လိုက်တာ ဗလာသက်သက် နဲ့ 

ဟာတာတာခံစားချက် မကြုံပါရစေနဲ့ 

ဒီတစ်သက်။

(ကိုယ်ပိုင် ခံစားချက် :P )

ချစ်မရေ...အခွင့်သာရှိခဲ့မယ်ဆိုရင် ချစ်သူကို မျက်လု့းစုံမှိတ် ရင်အကုန်ဖွင့်ပြီး ချစ်လိုက်ချင်တယ်လို့....:(

တို့ အစ်မကတော့ ကဗျာကတော့ တကယ်ရေးနိုင်တယ်ဟေ့...
ရေးသလောက်လဲ ကောင်းတယ်...
အားပေးသွားတယ် အစ်မ...

တစ်ချိန်တုန်းကလို ခံစားထားတယ်လို့ထင်ပါတယ်။ ကောင်းပါတယ်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More