Thursday, 24 November 2011

နောက်မကျသေးဘူး သူငယ်ချင်း





ကိုယ်ခန္ဓာ ထဲက မကောင်းဆိုးဝါးတွေကို

တွန်းလှန်လိုက်ပါသူငယ်ချင်း

နှလုံးသားထဲက ရေမျောကမ်းတင်

အမှိုက်သရိုက်များ တောချောင်းလေးနဲ့

ဆေးစေလိုလို့ ပြောမိတာပါ

မြက်စားတဲ့ ခြင်္သေ့ 
မင်းဖြစ်ချင်နေတာလားကွယ်

ကန်ရေပဲသောက်ပါ

စားမိတဲ့မြက်ခြောက်များ ပြန်အန်လိုက်နော်

မနက်ဖြန်အတွက် အမှားကင်းအောင်

အားတင်းလိုက်ပါ သူငယ်ချင်း

ကွဲအက်သွားတဲ့ သိက္ခာအတွက်

ရိပ်သာဝင်စရာမလိုပါဘူး

တရား သဘောနဲ့ အမှားကို

အမှန်ပြင် နောက်မကျသေးဘူးနော်

ဖြေးဖြေးလေး လျှောကျနေတဲ့ ကိုယ်ကျင့်တရား

ပျက်တာများလို့ တစ်ခါထဲ ခ၀ါချလိုက်တော့

တလိမ့်လိမ့် စီးဆင်းနေတဲ့

မင်းနှလုံးသားက အမုန်းများတဲ့ သွေးစက်တွေ

ဒီဆောင်းရဲ့ နှင်းမိုးလေးနဲ့ မျှောလိုက်ပါ

အတွေးထဲက မနက်ဖြန်မှာတော့

နေသာသောနေ့ တစ်နေ့
မင်းကိုကြိုနေမှာပါ ။ 


ရိုးသားစွာနဲ့ အမြဲကြိုးစားပြီး ကဗျာတွေရေးနေမည့်
အားလုံးရဲ့ ထာဝရ jasmine

19 comments:

ခိုက်တယ်... အရမ်းခိုက်တယ်။ ခ၀ါချလိုက်ပါ၊ လှပတဲ့ မနက်ဖြန်က လက်ကမ်းကြိုနေမှာပါ။ ကောင်းလိုက်တဲ့ကဗျာလေး... မဂျက်စ်ရယ်...

မနက်ဖြန်အတွက်..အမှားကင်းအောင်
အားတင်းလျှက်..
ကဗျာလေး..ခံစားသွားပါတယ် မာမားး))
ချမ်းမြေ့ပျော်ရွှင်ပါစေရှင်
လေးစားလျှက်

ကဗျာတွေ ဖတ်သွားတယ်စပါယ်ချို။

လှပတဲ့ နက်ဖြန်က ကြိုနေမှာကို ရင်ခုန်စွာနဲ့ စောင့်ရင်း...........
မမမုန်လာထုပ်ရေ ကောင်းတယ်ဗျို့..

ခင်လျက်
ဒီနေခ

ခံစားချက်ချင်း တိုက်ဆိုင်သွားတယ်ဗျာ.. အဲဒီလို လေးတော့ နေချင်တာပေါ့
သို့ပေမယ့်လို့ .... တခါတလေ မှားတာကို မသိချင်ယောင်ဆောင်ပြီး ဆက်မှားရ အုန်းမယ် .. :D

khin khin မင် မင်
KO2

မှတ်ထားလိုက်ပါမယ်မမေ၇
ကဗျာလေးကောင်းပါ၏

ဘာတဲ့ မင်းနှလုံးသားက အမုန်းများတဲ့ သွေးစက်တွေ ဒီဆောင်းရဲ့ နှင်းမိုးလေးနဲ့ မျှောလိုက်ပါ တဲ့လား။ ကြိုက်တယ် အစ်မ... စာသားလေးတွေ အရမ်းနူးညံငြင်သာတယ် အစ်မရေ... ဖတ်လို့ကောင်းတယ်...

ဟုတ်ကဲ့ . . . ကန်ရေပဲ သောက်ပါတော့မယ်။
ရေသန့်ဗူးတွေက စေတီပုံတွေ ၊ စွယ်တော်ပုံတွေ ပေါ်နေတယ် ဆိုလို့ပါ။

ကွဲအက်သွားတဲ့ သိက္ခာအတွက် ရိပ်သာဝင်စရာမလိုဘူးတဲ့လားး) စကားတွေလန်ထွက်နေတယ်နော်...အစ်မဂျက်စ်..း))

နေသာသော နေ့တစ်နေ့တဲ့ ဘယ်နေ့လဲဟင်...........
:P

ကဗျာလေးတွေ.. ခံစားသွားပါတယ် ... ဂျက်စ်ရေ...

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

မားမား သားသားလည်းခံစားသွားပါတယ် ခြင်္သေ မျက်စားနေတာ ဘသူးလီးမါးမှာ တွေ့ တယ်ဟေ့ ငါပိုစ်တင်ပြမယ်

မြက်ခြောက်တော့ ပြန်မအန်ပါရစေနဲ့  ခင်ညာ.......... ။ သားမှား ခဲ့ပါတယ်။ ရိပ်သာဝင်ပြီး အပြစ်တွေ ဆေးကြောပါရစေတော့ တားနဲ့ နော်။ သွားမှာပဲ။ :D :D :D

ခင်မင်စွာဖြင့်

ဒီနေ့စသိရင်...ဒီနေ့ပဲ စ လုပ်လိုက်ပါ...
နောက်မကျသေးပါဘူး..။
ဒီနေ့မလုပ်ရင်တော့...
နောက်ကျပြီသာမှတ်...၊

ဘယ်အချိန်မှာဘဲသိသိ
သိတာနဲ့တပြိုင်နက်ပြင်နိုင်ရင်
နောက်မကျပါဘူး..

လွှမ်းနေတုန်းပဲလား..မမကြီး

အမရေ.........
လာလည်သွးတယ်ဗျို့............

မဂျက်ရေ
ကဗျာဖတ်ပြီးအားပေးသွားတယ်နော်

မနက်ဖန် အတွက်အမှားကင်းအောင် အားတင်းထားပါတယ်..း)

ကဗျာကိုဖတ်ပြီးတော့ အားရှိသွားပြီ...
ရှေဆက် အမှားကင်အောင်တော့ ကြိုးစားရအုံးမယ်.

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More