Sunday, 13 November 2011

ဘလော့ဂါတိှု့ဆုံစည်းရာနေရာလေး အပိုင်း(၁)






ကိုကိုမောင်-ကိုဇော်-အလင်းစက်များ လူပျိုကြီးတွေပေါ့ တိုင်ပင်နေကျတာလေ
မိန်းမယူဖို့ကိစ္စပဲဖြစ်မှာပါ
ဆရာဦးဟန်ကြည်နှင့်ဇနီးချော
candy လေးပေါ့ စိတ်ညစ်လို့ပုန်းနေတာတဲ့

                                 လွမ်းပိုင်ရှင်ဆိုတဲ့ ဘလော့ဂါလေးပေါ့





ပစ်ပစ်လေးပေါ့ သူ့ချစ်သူကိုလွမ်းနေတာ

ညီမငယ်လှိုင်း(အလွမ်းမင်းသမီးလေးပါ)
ဘလော့ဂါ အပျိုကြီးတွေလေ သိတယ်မဟုတ်လား အားလုံးအက်ရှင်ကတော့အပြည့်ပဲ

 
ဇက်ပီလင်းတန်း တစ်ခါတစ်လေမှတွေ့ရတယ်
junemoe ဆိုတဲ့တစ်ယောက်လေ သေချာကြည့်ထား
မိုဘာမှာလဲရှိတယ်နော်---







ko2 ဆိုတာသူပဲနော် မသိဘူးဟုတ်လား သေချာမှတ်ထားပါ
 
နောင်အနာဂတ် ကိုရင်နဲ့ ရွှေဒိုးမိသားစုပေါ့ အားလုံးသူတို့ကလေးတွေလေ





ပျင်းတာလား ပင်ပန်းနေတာလားတော့မသိဘူး
ခုတလောစာတွေကဗျာတွေပျောက်နေတာ မင်းဧရာ
MGTHANT.ME ရဲ့ပုံလေးပါရှင် ပန်းကတော့ဘယ်သူ့ကိုပေးမယ်မသိပါဘူး
လိုချင်တဲ့ကြောင်များတန်းစီကြပါလို့---
အမျိုးကောင်းသားလေးနဲ့ ??? စဉ်းစားနေတာပါ
ဘယ်သူလဲလို့

 
စန်းထွန်းနှင့်ကျောင်းမှ သူငယ်ချင်းများ(စာကျက်ပျင်းလို့ပုန်းနေတာများလား)





သတင်းသမားလေးနေဇော်လင်း သတင်းတွေနောက်လိုက်ရင်းမောလို့တဲ့ဗျာ
အဖြူရောင်နတ်သမီးလေးပေါ့ကွယ်
ဂျက်စမင်းနဲ့ ချစ်ရပါသော ရင်ဘတ်ထဲက မောင်

အမမြသွေးနီတို့ ဇနီးမောင်နှံ

 
မင်္ဂလာပါ ဆရာမ Autumn နဲ့သူ၏တပည့်များ
AH တရုတ်ပြည်ကနေ သူ့အမျိုးသမီးကိုလွမ်းနေတဲ့ပုံ





တွေးမိတွေးရာပေါ့ရှင်
လရောင်အောက်မှာ လွမ်းတယ်ဆိုတဲ့ ဖြိုး
ဘ၀ရဲ့စာမျက်နှာများလေသိတယ်နော်
ခရစ္စတလ်နဲ့ ဘယ်ဘူနဲ့လဲ ???
မကြာခင်ကပဲ ဖူးစာဖက်ရသွားတဲ့ မေသိမ့်သိမ့်ကျော်တို့ စုံတွဲ
အပျိုးကြီးဘလော့ဂါမမတွေ အေလိုးဗစ်ကစားနေပုံ
ဟိုတလောက မိုးငွေ့က အအေး၂ခွက်ကိုသူတစ်ယောက်ထဲသောက်တာတဲ့လေ
သူတို့ကတော့၁ခွက်ကို၂ယောက်အဲလေ ၂ကောင်သောက်တာနော်
ချစ်ကြတာကိုး

kokoseinygn ဟုတ်ပါတယ်နော် ဘေးကဘယ်သူလဲ





ဒုတိယလူ(ဒုဒု)နဲ့ သူငယ်ချင်းလေ ကြွေးရှင်လာလို့ပုန်းနေတာတဲ
ပျောက်နေတာ ကြာပြီ ချင်းကလေးပေါ့
ဘလော့တွေလဲမတင်ဘူး လူကြီးတွေစိတ်ပူအောင်လုပ်တယ်







မောင်တစ်လုံးနဲ့ဖိုးခွား ဆေးလိပ်ခိုးသောက်နေပုံ









ထာဝရသစ္စာ(ချမ်းမင်းကို)ပန်းပေးမလို့ပဲ ဘယ်သူကိုပေးရမှန်းမသိဘူး...စဉ်းစားနေတာ






အောင်မင်းဦးရဲ့ပုံ့ပါရှင်

တီတင့်တစ်ယောက်ချက်ရပြုတ်ရ စာတွေတင်ရတာပင်ပန်းလို့ spa သွားခဲ့တာ







မောင်တစ်လုံးလေ စိတ်တိုနေတာ ဘယ်သူဆီကမှ အဖြေမရလို့ဘူး








အိပ်ယာနဲ့ ဘယ်သူနဲ့လဲ သူနဲ့တွေ့ရင်မေးကြည့်နော်







အမှတ်တရနေ့စွဲနှင့်သူ၏ မနှင်းဆီ







အမရွှေစင်ဦး နှင့်မိသားစု (ပျော်စရာကြီးနော်)







ထိုင်းမှ ဘလော့ဂါများအဖွဲ့(ရေကြီးနေသောကြောင့်)





 
ကိုဆူးသစ်နှင့်သူ့၏ အမျိုးသမီးပုံပါရှင်








လွင်ပြင်ကအိပ်မက်လေးအကြောင်းစဉ်းစားနေတာပေါ့







ဟိုနေ့ကဘယ်သူ---ကိုရင်နဲ့မဒိုးတို့ ရေကူးကြတယ်ဆိုပဲ
တိုးတိုးတိတ်တိတ်ကြည့်နော် သူတို့မသိစေနဲ့(ဂျက်ဂျက်ကြောက်ကြောက်)














ညီရဲသစ်တို့သူငယ်ချင်းတစ်စုဘာတွေခိုးစားတယ်ဆိုလားပဲ
ခုတော့ မောပြီး စက်တော်ခေါ်လေရဲ့







နဲနဲတော့တိုးတက်လာသလိုပဲ လူပျိုကြီးကိုဇော်







အ၀ါ(မောင်တစ်လုံး) ဖြူကြား(စံစံ)
မောင်တစ်လုံးက စ တယ်ရှင်-ဟိုကလဲစိတ်ဆိုးတယ်ခေါ်ဘူးတဲ့






ကိုညီလင်းသစ်တို့မိသားစု
မောင်တစ်လုံး-ဖိုးခွါး-ညီညီ ဘယ်မှမသွားရဲဘူး

ကြွေးတောင်းတဲ့သူတွေဝိုင်းနေလို့ အဲလိုလေးပဲချောင်းကြည့်ရတာ သနားမိတယ်







ကိုကိုမောင်(ပန်းရနံ့)ချိန်တော့ ချိန်နေပြီနော်မကြာမှီလာမည်ဆိုပဲ







သမီးစံဆိုတဲ့ စံစံပေါ့ တစ်ယောက်လဲအဖော်မရှိလို့ အရုပ်ကိုပဲ အဖော်လုပ်နေရပြီ








မိုးငွေ့ရဲ့ပုံလေးပါရှင် နှင်းငွေ့လေးတွေစိုမှာစိုးလို့ ဆောင်းထားတာတဲ့







မြစ်ဆုံ(မောင်မောင်) ပုံပေါ့ ရုရှ မှာသင်တန်းတက်နေတာ ချမ်းသာပေးပါမောင်မောင်ရေ
အမတို့က ကဗျာပဲရေးတတ်လို့ပါ







ဒီပုံလေးက လမင်းငယ်ပါရှင် သူလဲ အပျိုကြီးအဲလေ အပျိုလေးပါပဲလို့





7 am တဲ့လေ မမြင်းဖူးသူများကြည့်ထားကြပါ
ဂျက်လဲခုမှတွေ့ဖူးတာပါ
comeonkiss ပါနော်နာမည်လေးကတော့ ရင်တုန်စရာလေးပေါ့

မင်္ဂလာပါ ရှတာဂျန် ဘလော့ဂါ အသစ်လေးပါရှင် သူကလဲ ချာမပါပဲချင့် သူ၏တပည့်များနှင့်တူတူ

မယ်သံရဲ့အမှတ်တရဆိုတဲ့ Thandar Lwin နှင့်သူ၏ မိသားစုလေးပေါ့









မောင်ဘုန်း ဘယ်သူနဲ့ပုန်းနေတာလဲ လူတွေမိပြီထွက်ခဲ့ ဒါဗြဲ







ပိတောက်ရဲ့ပုံလေးပါရှင် မမြင်ဖူးသေးတဲ့သူများကြည့်ထားကြပါနော်







ဇော်သိင်္ခ နော်သိတယ်ဟုတ် ဘေးကဘယ်သူလဲမသိဘူးတွေ့တဲ့အခါမေးကြည့်လိုက်နော်







ကြယ်ရောင်မှတ်စု (ဖိုးကြယ်)တဲ့နော် လာပြီးမိတ်ဆက်ထားပါ







မောင်ဘကြိုင်(ချဉ်ပေါင်ပင်တွေစိုက်ပြီးပင်ပန်းသွားလို့)







ကိုညိမ်းနိုင် ဘာတွေချောင်းကြည့်နေတာလဲ







ကြေင်ဖြူရှင်များ မကြည့်ပါဘူး ဘေးကဘယ်သူလဲ သိချင်လို့ပါ







ခင်မင်ရပါသော တက္ကသိုလ်မြတ်မင်းတဲ့လေ ဂျက်နဲ့ခင်တာမကြာသေးပါဘူး
ကဗျာသမားတစ်ယောက်ပါပဲ -

ယခုဖော်ပြသည့်ထဲတွင်မပါသေးသောဘလော့ဂါတို့ကို
အပိုင်း(၂)တွင်ဖော်ပြပါမည်ရှင်
ကြောင်များကိုရှာရန် ခရီးထွက်ရဦးပါမည် ထို့ကြောင့်
ဂျက်ကို အချိန်နဲနဲတော့ပေးကြပါရှင်
ဦးဦး-ဒေါ်ဒေါ်-ကိုကို-မမ-ညီမငယ်-မောင်ငယ်များ
စိတ်မဆိုးရန်တောင်းပန်ပါတယ်ရှင်
အားလုံးကိုပျော်ရွှင်စေချင်တဲ့ ဆန္ဒတစ်ခုတည်းပါရှင်
စာဖတ်သူများအားလုံးရဲ့ jasmine









58 comments:

ကမ္ဘာပော်မှာ ကြောင်တွေ ဒီလောက်များမှန်း ခုမှသိတော့တယ်.. :D

သူတို့စုံတွဲကျတော့ ချောချောလှလှလေး ရွေးထားတယ်။း(

Jasmine ဟုတ်တော့ဘူး။ Catmine လို့ဘဲ ခေါ်တော့မယ်။ ဒီလောက် ကြောင်တွေ ဘယ်က ဘယ်လို ဘယ်သူ့ဆီက ဘယ်အချိန် ဘာနဲ့သွားယူထားမှန်းကို မသိတော့ဘူး။ ဟီး ဟီးးးး။
မှောက်ခုံဖတ်ရင်း အားရပါးရ ရယ်သွားသည်။ အင်းးးးး မှောက်ခုံ ခွက်ထိုးခွက်လှန် ရယ်ရတာလဲ တယ် ရုပ်ပျက်သကိုးးးးးးးးးးးးးးးးးးး။း)

ခင်မင်လျှက်

မခံနိုင်ဘူးဟေ့ . . .
တစ်ခါလာလည်း ဒီလူပျိုကြီး ဆိုတဲ့ နာမည်ကိုပဲ ထိခိုက်နေတာ။
မယူရသေးလို့သာနော် . .ဟွင်း . . ပြလိုက်ရ . . ပြလိုက်ရ။

ဟီဟီလမင်းလေးကလှတယ်နော် :P

ဟား ဟား မဂျက်စ်တို့ကတော့ အလန်းတွေချည်းဘဲ၊ ကြောင်ကမ္ဘာထဲမှာ ရယ်ရတာ အူတက်တော့မယ် :)

အင်း..
ငါပြောခဲ့သားပဲ..ရေကူးတာကို ပါပါရာဇီတွေ မတွေ့ပါစေနဲ့ဆိုတာ...
ခုတော့ ခက်ကုန်ပီ..

ဒါနဲပ စကားမစပ် ရင်ဘတ်ထဲက မောင်ဆိုတာက အပြင်ကမောင် ဟုတ်ဝူးလား... :D

ဟမ် ခုမှတွေ့တယ်တော့း)
ကြောင်ဘလော့ဂါများအဖွဲ့
အဲလောက်တော့မမွေးပါရစေနဲ့နော် ခုတောင် ပျက်လို့ ခွင့်ယူထားရတာ ဟင့်း(မမဂျက်ကလဲ
(ရေသွားကူးလိုက်လို့နေမှာ )

မမဂျက်ရေ အပေါ်ကဒိုးကန်နော်
မးမဖွင့်ရသေးလို့ မန့်လိုက်တာ
ဒိုးကန်

မဂျက်ရေ...မိုက်တယ် ရှယ် ပဲ
အပိုင်း ၂ မျှော်နေမယ်နော်

အနှစ်ချုပ်သော်ဘလော့ဂါများသည်..ကြောင်များဖြစ်ကြလေ၏...ခွိခွိ

တော်သေးတာပေါ့....
ကျွန်တော်တို့ အဖြစ်ကို ကြောင်လေးတွေပုံ အစားထိုးထားလို့......
လူတွေက အပြင်မှာလည်း အဲ့ဒီလိုပဲ နေကြရတာလေ.... အဟ
လာလည်သွားပါတယ် မမကြောင်....အဲဗျ....ယောင်လို့နော်...
မမဂျက်..........

နာတို့ ကြောင်ဂိုဏ်းတော့ တူလုပ်မှ ဟိုးဟိုးကျော်တွေ ဖြစ်တုန်ပီ.....:P

ရွေးပေးထားတဲ့ပုံလေး တာဘောကျတယ် သိုင်းကျူးးးးးး။

ကွယ်..
နေရင်းထိုင်ရင်းနဲ့..ကြောင်လုံးလုံးဖြစ်ကေား)
ရှာရှာဖွေဖွေဂျက်ရေ..ပုံလေးတွေက.ချစ်စရာလေးတွေပဲနော်
တော်တော်ရှာထားရမှာပဲ..ကြောင်ရှာဖို့လူလိုရင်
message ပို့လိုက်နော်.တောထဲကသွားဖမ်းပေးမယ်း)
ချစ်ခင်စွာဖြင့်
သမီးစံ

ကွကိုယ် အပျိုကြီးများဆိုတဲ့ စာရင်းထဲ ထည့်လိုက်တယ် .. :P

ချစ်စရာလေးတွေ :D

ဂျစ်စရာလေးတွေ ကျေးဇူးပါနော်

ချစ်စရာလေးတွေ ကြံကြံဖန်ဖန်လုပ်တတ်ပါ့ မဂျက်တို့များ...။

မမဂျက်ရေ...သမီးစံက..တော်ထဲကြောင်သွားဖမ်းပေးမယ်တဲ့..ဟိဟိ ကြောင်နဲ့ မတွေ့ ဘဲ..တာဇံနဲ့ တွေ့ ..မှ အပျိုကြီးဘ၀လွတ်မယ်ထင်တယ် သူက ဘယ်သူ့ မှကြည့်မရလိုအပျိုကြီးလုပ်တာတဲ့..ဟိဟိ..သူမသိလောက်ပါဘူးနော..ဒို့ မောင်နှမတွေ စည်းလုံးကြမယ်နော်...ပုံ၊ မောင်တလုံး

ဟီးး တော်သေးတယ်ကြောင်လေးပဲဖြစ်နေလို့ ရှာရှာဖွေဖွေဗျာ ပျော်စရာကောင်းလိုက်တာ ဟီးးးး ဘလော့ဂါမောင်နှမတွေအကုန်လုံး လူလို့ထင်ထားတယ်ထုမှပဲ ဘာဆိုတာသိတော့တယ် ဟိဟိ နောက်တာ
အော်ဒါနဲ့ ဘာ စံစံလေးက အရုပ်ကိုအဖော်ပြုနေတာလား မမဂျက်လိုရင်ပြောနော် စံစံလေးအတွက် ကျွန်တော်လည်း တစ်ယောက်ထဲပါလို့ ဟီးးးးးး

ဟိဟိ..ရီရတယ်နော်
ဒီဂျက်မလေးတော်တော်လုပ်တတ်တယ်..
ဒုတိယပိုင်းကဒူတွေပါလဲဟင်..

ပလုတ်တုတ်... ဖတ်နေရင်း ကိုယ့်နာမည်တွေ့လိုက်တော့ မျက်လုံးကို ပြူးသွားတာပဲ...။
ဂျက်ညီမရေ...
စိတ်ကူးတယ်ကောင်းပါလားနော်...။ အပင်ပမ်းခံပြီးကို ရှာရှာဖွေဖွေလုပ်ထားတာ..။
ဘာပဲဖြစ်ဖြစ် မြသွေးနီတို့ စုံတွဲကို ဆင်တူ ချစ်ချရာလေးရွေးပေးထားလို့ ကျေးကျေး...။ အပြင်မှာလည်း ရုပ်ကတူတယ်ပြောကြတယ်။ ၀တုတ်လေးတွေ...။
ကိုယ့်ကိုယ်ကို အဲ့လောက် ချစ်ဖို့ကောင်းမှန်းအခုမှသိတော့တယ်..။ :)

ဟီး အစ်မဂျက်ကတော.နော် သူများတွေ ကြောက်နေပါအုန်းမယ်။ မောင်မောင်က နိုင်ငံရေးသမားမဟုတ်ပါဘူး။ သူတို.ကိုလည်း စိတ်မ၀င်စားပါဘူး။ ကိုယ်.စာကိုယ်လုပ်နေတဲ.ကျောင်းသားတစ်ယောက်ပါ။ ကိုယ်.အစ်မဆိုတော. စိတ်မဆိုးပါဘူး။ ခုလို မှတ်တရ တင်ပေးတာ ကျေးဇူးပါဘဲ။

အိုင်ဒီယာလေးကချစ်စရာ။
လူတွေ အကုန်မသိပေမယ့် ရီသွားပါတယ်။ ;)
ခင်မင်လျှက်

အော်...ဟော်...ဟော်....မစံပယ်.....ညည်းတို့ကျတော့ လှတပတလေးပါလား :)
အယ်....နာလည်းပါတယ်ဟ...၊သူများပုံတွေကို အဟိဟိနဲ့ကြည့်လာတာ...ကိုယ့်
ပုံကျတော့....အင်း...နာ ဘာချောင်းမိပါလိမ့်.....:P

ကြောင်မချစ်တဲ့ ကိုယ်တောင် ကြောင်တွေ ချစ်သွားသလိုပဲ၊ ကိုယ့်ပုံလေးက ချစ်စရာလေး ဟိ၊

စိတ်ချမ်းသာသလိုသာလုပ်ပါတော့စပါယ်ချို
နေကောင်းအောင်လည်းနေအုံး
ရင်ဘတ်ထဲကမောင် ဆိုတော့

ရင်မှာမြတ်နိုး
တိတ်တခိုး
ရင်ဘတ်ထဲက
“မောင်” လူဆိုးလား....ဟားဟား

Lovely post.So funny.
Iora

အဲဒါကြောင့် ချစ်နေရတာ ....မမ အာာဘွားးး ..:):)

ကြောင်တွေကို သုတေသနပြုတဲ့ ဂျက်စ် ဖြစ်နေတာကိုး........ တူများကြမှ ဘယ့်နှယ် မော်တော်ပီကယ် ဖြစ်နေရတာလဲဟင်.. ဘေးက ဘယ်တူလေးလဲဟင်... ချစ်ရှာလေးနော်...ဘယ်သူလဲဆိုတာတော့ အနော်လည်း....... တိဝူးနော် :P

အမယ်လေး..ဂျက်ဂျက်ရယ်
ဖစ်မှဖစ်ရလေ ပစ်ပစ်ကို လှတပတလေးတော့
မလုပ်ပေးထားဘူး..
မဲတူးတူးရုပ်ဆိုးလေးလုပ်ထားတယ်..

တီတင့်ကမိုက်သကွာ..spa မှာအနှိပ်ခံနေတာလေ

ကိုရင်နဲ့မဒိုးကန်ရေကူုးတာလဲတညှိုးကြီးနော်..
ကိုရင်ကဘရာဇီယာနဲ့စာစပိုင်ဒါနဲ့ ဟိဟိ

အမျိုးကောင်းသားက ဂူးဂူးနဲ့လေ သူများတွေအထီးကျန်တယ်ထင်နေအုံးမယ်

ဦးဟန်ကြည်တို့ စုံတွဲပုံမှာ ဦးဟန်ကြည်က အမြီးပျောက်နေတဲ့ ဘယ်ဘက်က အကောင်ပဲ ဖြစ်ရမယ်...အင်း ပျောက်ပေမပေါ့လေ...ခမျာမှာ အိမ်ရှင်မက အနားမှာရှိနေရှာတော့ ရိုသေသမှုနဲ့ အမြီးကုပ်ထားရရှာပေသကိုး...မိန်းမရိုသေ အသက်ရှည်တဲ့ ဂျက်စမင်းရဲ့...ရှေးသူဟောင်းတွေက အဲသလို ဆိုထားပေသကိုး...

ဒီလောက်တပင်တပန်းရှာနိုင်ဖွေနိုင်တာကို လေးစားလို့ကို မဆုံးဘူး...နောက်တစ်ပို့စ်ပြီးရင်တော့ ကြောင်ပေါင်းများစွာ ဘလော့ရွာဖြစ်ပြီး)

ကြောင်ကျားလေးမိုက်တယ် :) ကျေးဇူး မစံပယ် :)

ခင်တဲ့(ဖိုးကြယ်)

နာတို့အတွဲက အဲ့လောက်လှမှန်းတောင် အသိဝူး အဟီးးး။

ဟားဟား.. တကယ့်ကို အချိန်ပေးပြီး ရှာရှာဖွေဖွေ စုဆောင်းထားတာပဲ၊ အခုတော့ ဘလော့ဂါတွေ အားလုံးကို တထိုင်ထဲ တွေ့ဖူးသွားလို့ ကျေးဇူး ပါပဲဗျာ...။း)

အဟဟ နည်းနည်းမှန်သလိုပဲ နာ့ကို လုပ်ထားတာ :D

ဘယ်သူနဲ့ မှ မပုန်းရပါဘူး ဗျာ .. တစ်ယောက်တည်းနေရလို့  စိတ်ညစ်နေပါတယ်ဆို ... အဟင့် ...အဟင့်

ဘလော့ဂါကြောင် - ကြောင်ဘလော့ဂါလေးတွေ ချစ်စရာကောင်းလိုက်တာ.. ရှာရှာဖွေဖွေ စိတ်ကူးရတတ်တဲ့ ကောင်မလေး..း))

ဝိုးးးးးး တကယ့်ကြောင်ဘလော့ဂါများပဲ..ဟီးးးးး
တကယ်ရှာရှာပေါက်ပေါက် အမရယ်.. အရမ်းသဘောကျတာပဲ
နော်က မီးဝင်းဝင်းတောက်ကြည့်နေတာဆိုတော့ ဘူ့ကိုတုန်းမတိ.. :P
ကြောင်သုတေသနပညာရှင်ဖြစ်မယ်..ဟီးး

ခင်လျက်
ဂျွန်မိုး

ချစ်စရာကြောင်လေးတွေ လာကြည့်သွားတယ်နော်..ကြောင်ဆိုရင် ချစ်လွန်းလို့ မြင်ရင်မနေနိုင်တာ ..အတူတူအိပ်တက်လို့ အမေ သိပ်ဆူပေါ့
ခင်တဲ့
အိမ်မက်

အဟား... တို့ အစ်မတို့ ကတော့ လုပ်ချလိုက်ပြန်ပြီ...
မကျေနပ်စရာ မရှိပါဘူး အစ်မရယ်...
ခုလို မှတ်မှတ်ရရလေး ထည့်ပေးတာတင် ဝမ်းသာလှပါပြီ...
ဟုတ်တယ် အစ်မရေ... ခုတလော အိပ်ရေးတွေ ပျက်နေလို့ ကောင်းကောင်းနှပ်နေတာ...ဟဲ.. ဟဲ..

ကြောင်လေးတွေကချစ်စရာလေး

ဟဟဟ.. မမဂျက်ကတော့ ရီရတယ်... :P :D

အားပေးသွားပါတယ်မမဂျက်ရေ
ဒါမျိုးဆိုရင်တားတားကကြိုက်တယ်
မနေ့က့လာဖတ်သွားသေးတယ်ကော်မကောင်းလို့တစ်ဝက်ပဲဖတ်သွားခဲ့တာ
အခုတော့ရပြီ..အပိုင်း၂မှာတားတားရောပါရင် အတွဲလေးဆိုရင်..ဟိဟိ
ပျော်ရွှင်ပါစေ.မဂျက်

ခုမှပဲ ဘလော့ဂါတွေ စုံစုံညီညီ တွေ့ ရတော့တယ်..

ဘုရား........ဘုရား

များလိုက်တဲ့ ကြောင်တွေ ဘယ်က ဘယ်လို ရှာလည်း
မသိဘူး ။ စားသားတွေ ကလည်း လန်းပါ့ ကွယ် ။

ဟားဟား အရမ်းရေးတက်တယ်နော် အဲ့လိုရေးတက်တာသဘောကျတယ် အဟုတ်ပဲ
ကြောင်လေးတွေနဂိုကတည်းကချစ်ပြီးတားမို့
နာမည်ပါအောင်သာထည့်ပေး ဒါနဲ့ မေးတာလာဖြေတာ တစ်ယောက်ထဲနော် အဟိ ရောက်လက်စနဲ့ ကြောင်တွေပါ လာဖမ်းတွားတယ် :P

ကြည့်ရင်း ကြည့်ရင်း လူတောင် ကြောင်သွားတယ်

ဂျက်ဂျက်တို့တော်ပုံများ တီတင့် Spa သွားတာဘယ်လို သိသွားပါလိမ့်း))
အခုတော့ ငွေကုန်သက်သာအောင် အိမ်မှာပဲ Spa ဖွင့်ထားတယ်နော်။ လမ်းကြုံရင်ဝင်လာခဲ့အုံးး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အစ်မဂျက် အနော့လဲပါဘူး ၊ ချိန်ချိုးတယ်ဂျာ ၊ ဒီညတော့အိပ်မရတော့ဘူး

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

အောင်မလေး ဘလော့ဂါ အပျိုကြီးမမတွေ စတိုင်များနေတဲ့ ပုံလေး သဘောကျလွန်းလို့ ဗျာ။ မေသိမ့် တို့  စုံတွဲကလည်း ကီမိုနိုနဲ့ နော်။ ဟိ။ ကိုရင်တို့  စုံတွဲမွေးချက်က လန်ထွက်တယ်။ ဟိဟိ။ မိဂျက်တို့ ကတော့ မီးဝင်းဝင်းကို တောက်နေတာပဲဟေ့။ ဟဟဟဟ

ရီရတာ ဗိုက်ကြောပါ နာတက်လာတယ်။ ထိုင်းက ဘလော့ဂါတွေ ရေဘေး ဒုက္ခရောက်နေတာလည်း ကြည့်ရ ကောင်းလိုက်တာ။

ကျေးကျေး ဂျက်ရေ။ အမှတ်တရ ရေးပေးလို့  နော။

ဂျက် လည်း စိတ်ချမ်းသာပါစေဗျား။

တီလေးရေ ... ကျေးဇူးနော်
အခုမှ ဘာလော့ကာတွေအားလုံး စုံစုံညီညီ
တွေ့ဖြစ်တယ်။ တီလေးလည်း ပျော်၇ွှင်ပါစေခင်ဂျာ

ဘလော့ဂါအပျိုကြီးမမတို့ရဲ့ပူစီပုံလေးတွေကချစ်စရာနော်,ကျွန်တော်လည်းဖေါ်ရွေတတ်တဲ့မဂျက်လေးကိုခင်ပါတယ်

မဂျက်။ ညီမတို့လင်မယားနှစ်ယောက်ပုံကို ဘယ်ကနေ ဘယ်လိုရသွားတာလဲ :)

ကိုယ့်ပုံကို နောက်တစ်ခေါက်လာကြည့်တယ်။ အတော်ချစ်ဖို့ကောင်းတဲ့ငါပါလားလို့ ဟီး။ နောက်သွားချိန်းတွေ့ရင် ဘီသူမှမရှိတဲ့ နေရာကိုသွားမယ်။ :P ကျေးကျေးအစ်မ ရေ........

နောက်ထွက်မယ့် အခမ်းတော့ပါတန်ကောင်းပါရဲ့လေ သတိတရ



မောင်လေး စောနေသွေး

ကျွန်တော်တို့ ဇနီးမောင်နှံပုံကို မှတ်မှတ်ရရတင်ပေးတာ ကျေးဇူးတင်ပါတယ်။ အဲဒီတုန်းက မဂျပ်စမင်လာရေးသွားလို့ ဒီမှာလာကြည့်တယ်။ အချိန်သိပ်မရတာနဲ့ နောက်မှလာရေးမယ်ဆိုပြီးထားခဲ့လိုက်တာ။ အခုမှ အကျွေးလာဆပ်သလိုဖြစ်နေတယ်။ လင်မယားနှစ်ယောက်စလုံး မလေးကို အလည်သွားနေတာလည်း ပါတယ်။ အလုပ်ရှုပ်နေတာလေ။ ပုံကို ကျွန်တော့်ဇနီးပါရမီဖြည့်ဖက်လေးရော၊ ကျွန်တော်ပါ စမြင်ကတည်းက သဘောကျနေတာ။ ရယ်တောင်ရယ်မိသေးတယ်။ ဖြူဖြူလေးတွေဆိုတော့လေ။ ကြံကြံဖန်ဖန်ရှာထားတာလို့လည်း တွေးမိတယ်။ Comment ကတော့ရေးရင် သေသေချာချာလေးရေးချင်လို့ တစ်ခါတစ်ခါမရေးဖြစ်ပဲ ချန်ခဲ့တာ။ လာမလည်နိုင်ရင်၊ မအားရင်၊ နားလည်ပေးပါလို့ တောင်းပန်ပါရစေ။ အလုပ်ရှုပ်တာလည်း တစ်ပိုင်းပေါ့။ ပို့စ်တောင် အတင်ကျဲတာသာကြည့်ပါ။ အားရင်တော့ လာလည်၊ လာဖတ်ပါမယ်။ မှတ်မှတ်ရရရှိနေတာကို ကျေးဇူးတင်လျှက်ပါ။ အသိအမှတ်မပြုဘူးလို့ ထင်မှာလည်း စိုးလို့ ပြန်ရှာပြီး သေသေချာချာ မှတ်ချက်ပေးရတာပါ ခင်ဗျာ။

အကြွေးကိုစာလုံးပေါင်းမှားသွားလို့ပါ။ အကျွေးမဟုတ်ပါ။ တောင်းပန်ပါတယ်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More