Friday, 18 November 2011

ချစ်ခဲ့ဖူးပါသည် - သို့သော်



သွားခဲ့ဖူးတယ်
ဘယ်ကိုမှ မရောက်ခဲ့ပါ။
စားခဲ့ဖူးတယ်
ဗိုက် မပြည့်ခဲ့ပါ။
ဘုရားရှိခိုးခဲ့ဖူးတယ်
တရားသဘော ဘာမှမသိခဲ့ပါ။
နွေနေ့လည် အကာအကွယ်မပါ
လမ်းလျှောက်ခဲ့ဖူးတယ်
အပူ ဆိုတာနားမလည်ခဲ့ပါ။

အနွေးထည် မပါ ဆောင်းညသန်းခေါင်
အိမ်အပြင် ဂီတာတီးပြီးသီချင်းဆိုဖူးပါတယ်
အေးချမ်းမှု ကိုယ်နဲ့မဆိုင်ပါ။

ထီးမပါ မိုးရေထဲ ကရောင်ကတမ်းထပြီးသွားပါရဲ့
မိုးရေတွေ စိုတာ ဘာတွေများလဲ...မေးရမလို။
ဆီးနှင်းတစ်ပေါက်ပေါက်
မိုး တစ်ဖျောက်ဖျောက်မှာလဲ
အသည်းတစ်လျှောက်က
စစ်မှန်သော နှလုံးသား တစ်စုံ
ရင်နှင့် ရင်းပြီး ချစ်ခဲ့ဖူးပါတယ်။

နယူတန် နိယာမ မှားခဲ့တာလား
အသုံးမကျ ငါ့ဘ၀ - နားကြားလွဲခဲ့တာလား
အဖြေမသိပေမယ့် အချစ်ရှိနေတာပါ
ပြောခဲ့ဖူးတဲ့စကား - အများအပြား ရှိပါ၏
သို့သော် လိုရင်းမရောက်ပဲ
နှလုံးသားပျောက်တဲ့ကိန်း
သစ္စာတရား - ပျက်ပါများတော့
နာကျင်ခြင်းတွေ - ဒီရေအလား။
ချိုသော အပြုံး
ကြင်နာသော နှလုံးသား
နွေးထွေးတဲ့ လက်တစ်စုံ
ညင်သာတဲ့ အကြည့်
အားလုံးငါမှာရှိနေခဲ့တာ
နောက်တော့လဲ - အမဲဖျက်သလို
တဲတဲလေးတောင် မကျန်အောင်
ရင်ဘတ်တစ်ခုလုံး နတ္တိ  ။  


စာချစ်သူ ကဗျာချစ်သူများ အာလုံးရဲ့ ထာဝရ
jasmine




23 comments:

ချစ်ခဲ့ဖူးပါသည် - သို့သော် ကဗျာလေးကို
ယခုရေးသားသောကဗျာမဟုတ်ပါ
အချိန်ဆင်းရဲခြင်းကြောင့် အဟောင်း လေးကို
ကဗျာချစ်သူတို့အတွက်ဖော်ပြပေးခြင်းဖြစ်ပါသည်
အားလုံးကိုအစဉ်းလေးစားနေတဲ့
jasmine

ရက်ရက်စက်စက်ကို
ကောင်းနေပါရောလား.
ဒေါ်ဒေါ်ကက်ရယ်.း))
ခုတော့..ရင်ဘက်တစ်ခုလုံးနတ္ထိနဲ့
ဘာလုပ်လို့..ဘယ်လိုနေရမှန်းတောင်
မသိတော့....းP
ချမ်းမြေ့ပါစေကွယ်
ချစ်ခင်စွာဖြင့်

Jas က ကဗျာရေးတော်တယ်နော်
ရင်ဘတ်တစ်ခုလုံးမှာ ဘာမှမကျန်ခဲ့တဲ့ ကိုယ့်အတွက်များရေးပေးထားသလား
ဆိုပြီး ထင်မိတယ်
ကဗျာအဟောင်းလေးဆိုတော့ကဗျာအသစ်ရေးရင် ရင်ဘတ်
ကြီးထဲမှာ????
ကဗျာဖတ်သွားတယ်
ခင်တဲ့

အမျိုးမျိုးတွေးတယ် ကဗျာဖတ်သွားတယ် but i can`t type myanmar font & can't comment. guess how it's :-)

အားပေးသွားပါတယ် မဂျက်စ်ရေ... နတ္ထိတော့ မဖြစ်လိုက်ပါနဲ့ဦး :)

ကဗျာတွေအများကြီးရေးနိုင်တာ အံ့သြချီးကျူးစရာပဲ...။

အဲ.. မမဂျက်တို့ကတော့ ရေးအားအရမ်းကောင်းတာပဲ.. ရင်ဘတ်က နတ္ထိတော့ လုပ်နဲ့လေ..ဟီး... နေရာတစ်နေရာတော့ ချန်ထားပါဦး.. :D

ခင်လျက်
ဂျွန်မိုး

ကဗျာလေး အရမ်းကောင်းတယ် ...

မစပယ်ရေ... ကောင်းလွန်းလို့ အားပေးသွားပါတယ်.. မစပယ်လည်း ကဗျာစက်ရုံကြီး တစ်ခုဖြစ်ပါသည်။ နောက်လည်း ဆက်လက် တင်ပြနိုင်ပါစေနော်...။ ခင်မင်လျက်ပါ တက္ကသိုလ်မြတ်မင်း

jas jas ရေ
ကဗျာလေေးတွကကောင်းပြီးရင်းကောင်းနေပါလားကွယ်..

နောက်ဆုံးတော့လည်းရင်ဘက်တစ်ခုလုံး
နတ္တိပေါ့ မမရေ
ကောင်းးတယ်

ဖတ်သွားပါတယ်ဗျာ။
ကဗျာတွေကတော့ ဆည်ကနေ ရေဖောက်ချလိုက်တဲ့ အတိုင်းပဲ။
အားကျလိုက်တာ။ ဒီမှာတော့ ကဗျာ တစ်ပုဒ်ဖြစ်အောင် အတော်ကို ရေးယူရတယ်။

လာလည်သွားပါတယ်ခင်ဂျ...
မိုက်တယ်နော်.စာသားလေးတွေ လန်းတယ်....
အဟောင်းလေးထဲက အကောင်းဆုံးလေးထင်ပါ့......

ဟောင်းပေမယ့် ကောင်းနေဆဲပါလား....မစံပယ်ရဲ့...၊ဒါနဲ့ရင်ဘတ်ထဲမှာ နတ္ထိ
ဆိုတော့ ကျောက်ကပ်တွေ၊အသဲတွေ၊ကလီဇာတွေဘယ်ရောက်သွားတုန်း....။
ကြည့်ရတာ အကုန်ထုတ်ရောင်းလိုက်ပြီထင်ရဲ့.....:)))

မမဂျက်ရေ ကဗျာ သိပ်မိုက်တယ်.....ချစ်ဖူးတယ် အိုမလွယ်ဘူးရူးနိုင်တယ်။

မဖတ်ဖူးသေးတဲ့လူတွေအတွက်ကအသစ်ပေါ့ကွယ်။

မမစံပယ်ရေ ကဗျာလေးက ကောင်းလိုက်တာ ..
ကွန်မရလို့ ဒီနေ့မှပေါင်းလာလိုက်တယ်နော်
ခွင့်လွှတ် မွ မွ မွး)

တော်တော်ရေးနိုင်တဲ့ ဂျက်...
လက်မှာ ဂျက်တတ်ထားတာကျနေတာပဲ...
အားကျထှာ...

ကဗျာလေး ခံစားသွားတယ် အစ်မ...

ရင်ဘတ်ထဲတစ်ခုခုတော့ (နှလုံးသားလေးတစ်စုံဖြစ်ဖြစ်) ပြန်ထည့်ပါ အစ်မဂျက်စ်ရား))

အစ်မဂျက် ရေ စာလုံးတွေက ထိတယ် ဗျို့.. "ရင်ဘတ်ဆခုလုံး နတ္တိ"

ဒီနေရာလေးကို အမြဲရောက်ဖြစ်တယ်။ မမန့် ဖြစ်ဘူး ဖြစ်နေတာ။ ကဗျာလေးတွေ အရမ်းကောင်းတယ် .. အချိန်ရရင် ခံစားချက် ကဗျာလေးတွေ များများရေးပါနော် :)

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More