Saturday, 12 November 2011

မောင့်ကိုလွမ်းတဲ့ ညလေး




မောင့်ကို 
လွမ်းခဲ့ဖူးတဲ့ - ညလေး
စံပယ်တွေပွင့် 
ချယ်ရီတွေကလွင့်တဲ့ - ညလေး
လမ်းမီးတွေ ဝေေ၀၀ါးဝါး
အမြင်အာရုဏ်က ထွေပြား
မြူခိုးတွေလား -
နှင်းကျသံတွေ 
တစ်ဖျောက်ဖျောက်ကြားနေဆဲ

အဲဒီ ညလေး
မြင်ရသမျှ ပတ်ဝန်းကျင်
အရာအားလုံး မှိုင်းပျပျ နဲ့
အသိတွေကို ထိန်းချုပ်မရ ပဲ
မြစိမ်းတောင်က မှုံဝါးဝါး
မောင့်ကိုချစ်ခဲ့ဖူးတဲ့ ညလေး
နှင်းမိုးတွေ တဖွဲဖွဲ တသဲသဲ
မျက်ရည်တွေက နှလုံးသားမှာ
ရွှဲနစ်ပြီး - အေးချမ်းမှုတွေက ယိုင်နဲ့နဲ့
သောက လမ်းပေါ်က 
အိမ်မက်လေး ဖြစ်လို့သွား
ရင်ဘတ်ထဲက သစ်ပင်
မခိုင်မြဲတော့
ပြိုလှဲ
ကြွေကွဲ
ဆွဲမဲ့သူ မရှိ
တွဲမဲ့သူမရှိ
သစ်ပင်လေးရေ
အိပ်မက်ရဲ့ တနင်္ဂနွေ အားလုံး
သိုးကလေး ဟန်ဆောင်ပြီး
အပိုင်သိမ်းလိုက်တာများလား
ကြယ်တွေကစိတ်ဆိုးပြီး
နေမင်ကြီးမျက်ရည်ကျ
ငွေစန္ဒာ တိမ်တွေဖုန်း --- အိုကွယ်
လောကရယ် ဘာမှမရှိတော့ပါလား ။ 

စာချစ်သူ ကဗျာချစ်သူများအားလုံးရဲ့
ထာဝရ jasmine






20 comments:

အိုကွယ်..လောကရယ်..
ဘာမှမရှိတော့ပါလား
တကယ်ကြီးလား..မုန်လာဥလေးရယ်
ရှိတော့ရှိမှာပါ
မမြင်လို့ဖြစ်မှာပေါ့းP
လွမ်းနေတဲ့ပုံလေးကလည်း..ရယ်ချင်စရား)

မကြီးဂျက်က သူ့မောင်မရှိတာနဲ့ လောကမှာရှိနေတာတွေတောင်မမြင်တော့ပါလား:P

လွမ်းလိုက်တာ..အစ်မရယ်...တကယ်..း)

အဲသစ်ပင်လေးကိုလိုက်ရှာနေတာ
တွေ့ ဘူး ဟူးမောတယ် :P
ကဗျာလေးပဲခံစားအားပေးသွားပါတော့တယ်
မမရေ

စဉ်းစားစရာပဲ..
ဦးလူလေးက မောင် မဟုတ်ဘူးဆိုရင်တော့ မောင်က
ဦးလူကြီးများလား..အင်းးးးး

ဘာမှမရှိတော့တာတော့ မသိဘူးရယ် .. ဒါမဲ့ တစ်ခုခုတော့ ကျန်ခဲ့မှာတော့သေချာမှာပဲ ..

ခင်မင်စွာဖြင့်
April

ငိုချင်ရက်လက်တို့နော်..jas jas

သူများလွမ်းနေတာနော်...

ဟင့်...လွမ်းလိုက်တာနော်...
ဒီမန့်ဘောက်စလေးတက်လာဖို့ ၅ခါ refresh လုပ်လိုက်ရတယ် အမဂျက်ရ...အဲ့ဂလောက် ကြိုးစားထားတာ..တွေ့ရင်မုန့်ကျွေးရမယ်..ဟီးးးး

ခင်လျက်
ဂျွန်မိုး

မကြီး ဂျက် ရဲ့ အလွမ်းကို မျှဝေ ခံစားသွားပါတယ်..း)

တနင်္ဂနွေရဲ့ မနက်မှာ နေကမထွက်၊ အေးကအေး၊ ခပ်ကွေးကွေးနဲ့ ကဗျာဖတ်ပြီး ခံစားသွားကြောင်းပါ ခင်ဗျ။

ခင်မင်စွာဖြင့်
AH

မလွမ်းနဲ့ မကောင်းဘူးနော် မမဂျက် အနော်ပဲလွမ်းမယ်

အိုကွယ်..လောကရယ်..
ဘာမှမရှိတော့ပါလား...
ချိတ်နာတယ်..အော်တန်ရှိနေတာကို..
လွမ်းကူသွားပါတယ်ခညာ....

သများတွေများ ချစ်တတ်လိုက်ကြတာ . . . .
ဒါပေမဲ့ . . .ဒို့တွေကိုတော့ မမှီ . . .:D

ဘာမှ မသိတော့ဘူး ဝူးးးးးးးးးး :P

ကာရန်အချိတ်အဆက်လေးတွေနဲ့ လွမ်းစရာကဗျာလေးတစ်ပုဒ်ပါပဲဗျာ :)

ခင်တဲ့(ဖိုးကြယ်)

မြူနှင်းတွေကြားမှာ လွမ်းနေတဲ့ ကောင်မလေးတစ်ယောက်အနားသို့ မောင်ချက်ချင်းရောက်စေသတည်းးးး။း)

ကဗျာကောင်းလေးတွေကို
လာဖတ်သွားပါတယ်။

အိုကွယ်...လောကရယ် ဘာမှမရှိတော့ပါလား...
လာရောက်ခံစားသွားတယ် ဂျတ်စ်မင်းရေ။ အိမ်သစ်ကလေးက လှလိုက်တာ၊ ကျက်သရေ ရှိလိုက်တာကွယ်။ တကယ်ပဲ။

ရှိပါသေး မိဂျက်တယ်။ ဘယ့်နှယ် သူလုပ်လိုက်မှ ဘလော့ဂါတွေတောင် လောကကြီးမှာ မရှိတော့တဲ့ပုံ။း))

ခင်မင်လျှက်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More