Wednesday, 2 November 2011

မလွမ်းမိမှာ စိုးလို့ လွမ်းနေတာ




ရင်ဘတ် ဟောင်းလောင်းနဲ့
သောင်းပြောင်းပြောတယ်
မထင်ပါနဲ့
ရင်ကွဲပက်လက် နဲ့ အနေခက်နေတဲ့
ငါ့ နှလုံးသားတွေ
ဇကာပေါက်ဖြစ်ပြီး
မင်း အပြုံး
အောက်ကိုရောက်နေတော့
ဦးနှောက်က အသိဥာဏ် တွေကို 
ထိန်းသိမ်းခံရတဲ့ လူတစ်ယောက်လို
အရာရာ လွှဲချော်ခဲ့ရပြီ ။

နှလုံးသားမရှိတဲ့ လူတစ်ယောက်က
ဘ၀ရဲ့ အဖော်မွန်ဆိုတာ
သိဖို့မလိုအပ်ပါဘူး
ဘာကြောင့်လဲ ဆိုတော့
မင်းဟာ အပြုံးတွေနဲ့မတန်လို့ပေါ့
ဘ၀ရဲ့ ပျော်ရွှင်မှုတွေလဲ
မင်းကြောင့် ဆိပ်သုန်းခဲ့ရပြီ
မုန်းတော့ မမုန်းမိပါဘူး

အချစ်တွေ မလန်းဆန်းတော့
သံယောဇဉ်ပန်း နွမ်းခဲ့ရပြီ
ချစ်ခြင်းရဲ့ တဖက်ကမ်းမှာ
ဘာမှ မရှိဘူးလို့ထင်နေခဲ့တာ
ခုတော့ အလွမ်းတွေက 
တောင်လိုပုံ။

ဘ၀မှာ ဘာမှမရှိ
ကြွားစရာ ဂုဏ်ဆိုတာ မသိ
ထားစရာ သိမ်းစရာတွေက နတ္တိ
ကိုယ့်ကိုကိုယ် သနားမိတဲ့ငါ
မျက်ရည်ကို ၀ိုင်ချိုချိုအမှတ်နဲ့
သောက်သုံးဖို့
မင်းရဲ့ ဥပေက္ခာတွေ အမြည်းလုပ်လဲ
အသည်းတွေ ကွဲကြေပျက်တာ
ပြန်ဆက်မရပါ
အလွမ်းတွေ ကြာညောင်းခဲ့လဲ

မဟောင်း မနွမ်းပဲ လန်းနေဆဲ။

ချိုမြိန်တယ်ဆိုတဲ့
အချစ်က ဘ၀တစ်ခုလုံးကို
မြိုလိုက်တာလား
အသဲတွေကို ဇယားခင်းပြီး
ခွဲဝေ မသုံးချင်ဘူး
မင်းကိုလဲ ရင်ထဲကနေ
တစ်သက်လုံး မမုန်းချင်ပေမဲ့
ပတ်ဝန်းကျင်ရဲ့ အနှောင့်အသွားကလဲ
ငါ့ရဲ့ဂုဏ်သိက္ခာကို ခဏခဏ 
ခလုပ်တိုက်နေတာ
မပြုမပြင်ပဲ ထားတဲ့လမ်းဟောင်းပေါ်ကို
မာနတွေက
သံလမ်းဆွေးပေါ် တွဲချော်သလိုဖြစ်ရပြီလေ။

ရင်ဘတ်မှာ ဒဏ်ရာ
ကျောပြင်ကတော့ အဖာတစ်ရာ

ခန္ဓာကိုယ် တစ်ခုလုံး
ရစရာမရှိ ဆုံးရှုံးမှုတွေအတိနဲ့
နေမထိ ထိုင်မသာ
သာသာ ယာယာ မရှိ
သောကအပူလဲ ချစ်ရသူမသိပါဘူး
သိလဲမသိစေချင်ဘူး
ချစ်သူရေ လို့သာပြောလိုက်ချင်တာ ။ 


စာချစ်သူ ကဗျာချစ်သူများအားလုံးရဲ့
jasmine

15 comments:

ချစ်မရေ..စာသားအလန်းတွေနဲ့ ကဗျာလေးက ရင်ကိုဖောက်ပြိး စီးဆင်းလာတယ် ဆိုတာ အထင်းသားနဲ့ မိုက်တယ်ဗျို့.....:):)
နှလုံးသားနဲ့ ခံစား အားပေးလျှက်ပါမမ..

သာသာယာယာမရှိ၊သောကအပူလဲ
ချစ်ရသူမသိပါဘူး....
သိလဲ မသိစေချင်ပါဘူး.....ချစ်သူရေ...

၈ျက်မလေးေ၇
လည်လည်လာပါတယ်..
အ၇မ်းကောင်းပါတယ် ကဗျာလေးက...
၇င်ဘတ်မှာဒဏ်၇ာ
ကျောပြင်မှအဖာတ၇ာ..
လန်းတာ......

ဘ၀မှာ ဘာမှမရှိ
ကြွားစရာ ဂုဏ်ဆိုတာ မသိ
ထားစရာ သိမ်းစရာတွေက နတ္တိ
ကိုယ့်ကိုကိုယ် သနားမိတဲ့ငါ ..
ဟဟ..း))
မိုက်တယ်..ကြိုက်တယ်..လန်းတယ်ဗျို့..အာဘွားးးးးးးP
အားပေးလျှက်
ချစ်ခင်စွာဖြင့်
သာမီးစံ

မလွမ်းမိမှာစိုးလို့ လွမ်းနေတဲ့ မဂျက်စ်ရဲ့ ကဗျာလေးကို အားပေးသွားကြောင်းပါခင်ဗျ။

ပစ်ပစ်ကတော့အချိန်တိုင်းလွမ်းပါတယ် jas ရေ

ချစ်တတ်သူတွေက ဒီလိုပဲလား..

အရမ်းလွမ်းတယ်ဗျာ

This comment has been removed by the author.

မလွမ်းမိမှာစိုးလို့လွမ်းနေတာမမရေ
ဟုတ်တယ်နော် လွမ်းမိတယ် :P
အားပေးသွားပါတယ်

ကဗျာလေးတွေကို ကြိုက်တယ် ဒါပေမယ့် copy လုပ်လို့ မရဘူး

ဒီအလွမ်းမင်းသမီးလေး ဘယ်တော့မှ အလွမ်းတွေဆုံးမှာလဲ...း))

ဟုတ်တယ်နော်၊ သူ့မှာ အလွမ်းတွေ မဆုံးသလိုပဲ ရေးလိုက်တာ တကယ်နာကျင် ကြေကွဲသူလိုပဲ စာရေးသူပီသတယ်၊ သူများတွေ ခံစားသွားအောင် ထိထိလေးရေးတတ်လိုက်တာ။

စာသားလေးတွေက
အလွမ်းသံသရာလည်နေသလိုပါဘဲ
ဒီလိုပါဘဲလေ ချစ်တတ်တော့လဲ
တောင်ကြီးသူစပါယ်ချို
စိတ်ေ၇ာကိုယ်ပါကျန်းမာချမ်းသာပါစေ။

ခံစားသွားပါတယ်ဗျာ

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More