Thursday, 10 November 2011

စဉ်းစားပြီးမှရယ်ပါ



(မေတ္တာရှင်)

သူငယ်ချင်းနှစ်ယောက် အချစ်အကြောင်းဆွေးနွေး နေကြသည်၊ တစ်ယောက်က ပြောသည်။
"အိမ်ထောင်ကျပြီးသည့်နောက်မှာ လူဟာ သိသိသာသာ ကြီးပြောင်းလဲသွားတတ်ပါကလား၊
ကြည့်လေ လက်မထပ်ခင်တုန်းကဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးမှန်သမျှကို ငါလိုချင်တပ်မက်တဲ့စိတ်
ရှိခဲ့တယ်"
"အခုကော"
"တစ်ယောက်လျော့သွားတယ်"



(မျော်လင့်ချက်)

"ခင်ဗျားမိန်းမကို ခင်ဗျား လွတ်လပ်ခွင့် ပေးလွန်းတယ်၊ ခင်ဗျားမိန်းမ သူများနောက်ပါသွားမယ်နော်၊
သတိထား"
"ကျွန်တော် အဲဒီ မျော်လင့်ချက်နဲ့ နေနေတာ ၅ နှစ်ရှိပြီ"



(မှာတဲ့အတိုင်းလုပ်မှပေါ့)

စိတ်မနှံ့သော သားအဖ စားပွဲတွင်ထိုင်နေကြသည်၊ အဖေ ကပြောသည်။
"ရော့ ပိုက်ဆံယူသွား ဒီပိုက်ဆံနဲ့ ပေါင်မုန့် နဲ့ နွားနို့ ၀ယ်ခဲ့ ၊သေသေချာချာမှတ်၊ ပစ္စည်းနှစ်ခု ၀ယ်ဖို့ ငါမှာတယ်၊
မမှားစေနဲ့၊ ပစ္စည်းနှစ်ခုနော်"
မကြာမီ      သားဖြစ်သူသည် သွားပွတ်တံ ကိုင်ပြီး ပြန်လာသည်၊ အဖေ ကစိတ်ပျက် လက်ပျက်ပြောသည်။
"မင်းဦးနှောက်အင်မတန်ချောင်တဲ့ကောင်ပါလားကွဟေ၊ မင်းကိုငါ ဘာမှာခဲ့သလဲ၊ ပစ္စည်း နှစ်ခုဝယ်ဖို့ ငါမှာခဲ့တယ်၊
အခု မင်းဝယ်လာတာ သွားပွတ်တံ တစ်ချောင်းထဲ၊ ဘယ်မှာလဲ သွားတိုက်ဆေး"



(စံပြမိန်းမ)

"ရုပ်ချောသဘောကောင်းရုံမကဘူး အင်မတန်လည်း ဥာဏ်ကောင်းတဲ့ အမျိုးသမီးကို မင်းလက်ထပ်လိုက်တယ်ဆို"
"မင်းကိုဘယ်သူပြောလဲ"
"မင်းယူလိုက်တဲ့ မိန်းမ"



(ခဏမေ့ထားလိုက်)

တရားသူကြီးက သက်သေကိုပြောသည်၊
"ခင်းဗျားဟာ နိုင်ငံတော်စာရင်းအင်းဌာနမှာ လုပ်တယ်ဆိုတာကို ခဏ မေ့ထား လိုက်ပြီး၊
ရုံးတော်ကို အမှန်အတိုင်း ထွက်ဆိုစေချင်တယ်"


(ဟန်ဆောင်မှု)
ပီတာကသူညီမလေးကိုပြောသည်။
"မသီတာ၊ တိတ်တိတ်လေးနေစမ်း၊ အိမ်ရှေ့မှာ ဧည့်သည်တွေရောက်နေတယ် ထင်တယ်"
"ကိုကို ဘယ်လိုလုပ်သိလဲ"
"မေမေ က ဖေ့ဖေ့ကို ''ဒါလင်' လို့ခေါ်လိုက်တာ ငါကြားရလို့"


(ပိုရနိုင်တယ်)
"ဘူတာရုံ သွားပြီး ငါ့ယောက္ခမကြီးကို ကြိုပေးရင် မင်းကို
ငွေ ၂၀၀ ပေးမယ်"
 "ရထားနဲ့ သူ မပါလာရင်ကော"
"အဲတာဆို ၄၀၀ ပေးမယ်"


(ကိုယ့်ကိစ္စကိုယ်ရှင်း)

တယ်လီဖုန်းသံ မြည်လာသည်၊ အိမ်ရှင်ယောက်ျားက
တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။
"ဟဲလို ၊ ခင်းဗျားရဲ့ ယောက္မကြီး ကျွန်တော်မွေးထားတဲ့ မိကျောင်း ကန်ထဲ ကျသွားတယ်ဗျ"
"မိကျောင်း က ခင်ဗျားမွေးထားတဲ့ မိကျောင်းပဲ၊ ကျုပ်နဲ့ဘာဆိုင်လို့တုံး၊
ကိုယ့်မိကျောင်း ကိုယ်ကယ်ပေါ့ဗျ"



(ပုံပြင်)

အန်တီမြ သည် သမက်ဖြစ်သူ ကိုဘမောင်ကို နားမလည်ဟန်ဖြင့်မေးသည်။
"မောင်ဘမောင်၊ ငါ့မြေးကို မင်းညတိုင်း ပုံပြောပြီး သိပ်တယ်၊
မင်းပြောတဲ့ ပုံပြင်တိုင်း "သူတို့နှစ်ယောက် လက်ထပ်လိုက်ကြတယ် ပြီးတော့ အသက်ထက်ဆုံး
ပျော်ရွှင်စွာ နေထိုင်သွားကြတယ်၊ ဒါကလဲ ဇနီးဖြစ်သူဟာ
မိဘမဲ့ ဖြစ်လို့ပါကွယ်" နဲ့ချည်း အဆုံးသတ်နေတယ်၊
ဘာကြောင့်လဲဆိုတာ ငါ့ကိုရှင်းပြစမ်းပါ"










ဖတ်ခဲ့ဖူးသော (မောင်ကောင်းထိုက်)ဟာသပဒေသာ ကိုခံစားဖော်ပြပါသည်။
(ရယ်သောသူအသက်ရှည်ပြီးနုပျို၏)
စာချစ်သူ ကဗျာချစ်သူများအားလုံးရဲ့ jasmine

26 comments:

ဒီနေ့သည်ထူးဆန်းသောတိုက်ဆိုင်မှုဖြစ်ပါ၏
အဘယ်ကြောင့်ဆိုသော် ၁၁.၁၁.၂၀၁၁ သည်
၁ ခြောက်လုံး ရှိသောကြောင့်ဖြစ်သည် -
ထို့ကြောင့် ဟာသများကိုဖတ်ပြီး
ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
အားလုံးကိုပျော်စေချင်တဲ့
jasmine

မနေကောင်းလား မနဲ့တူတူ၁ခြောက်လုံး၇ှိတဲ့နေ့မှာလာ၇ီသွားတယ်နော်မ မကတော့တန်ဆောင်တိုင်ကဲနေပြီထင်တယ်နော်င်္ဟးလာလည်ချင်လိုက်တာတောင်ကြီးကို တာ့တာနော်

ဟိဟိ..ရီရတယ်နော်
အင်း...အလွမ်းတော.နဲနဲပြေတလိုလို..
တန်းကြူးဂျက်မလေးယေ

စဉ်းစရာတောင်မလိုပဲ ရီသွားပါတယ်

ဟုတ်ကဲ့ .... အားရပါးရ ရီ ဖြစ်သွားပါတယ် ...

မောင်ဘုန်း

တကြူကြူမွှေးတဲ့ စပယ်ပန်းလေး
ဖတ်ပြီး ရီသွားတယ်။
တောင်ကြီး ကို လာချင်တယ် ။
တောင်ကြီး ကို လာဖြစ်ရင် ဘယ်အစားအစာ တွေကောင်းတယ်ဆိုတာ ညွှန်းပါဦး။

သူငယ်ချင်းနှစ်ယောက် အချစ်အကြောင်းဆွေးနွေး နေကြသည်၊ တစ်ယောက်က ပြောသည်။
"အိမ်ထောင်ကျပြီးသည့်နောက်မှာ လူဟာ သိသိသာသာ ကြီးပြောင်းလဲသွားတတ်ပါကလား၊
ကြည့်လေ လက်မထပ်ခင်တုန်းကဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးမှန်သမျှကို ငါလိုချင်တပ်မက်တဲ့စိတ်
ရှိခဲ့တယ်"
"အခုကော"
"တစ်ယောက်လျော့သွားတယ်"

(မျော်လင့်ချက်)

"ခင်ဗျားမိန်းမကို ခင်ဗျား လွတ်လပ်ခွင့် ပေးလွန်းတယ်၊ ခင်ဗျားမိန်းမ သူများနောက်ပါသွားမယ်နော်၊
သတိထား"
"ကျွန်တော် အဲဒီ မျော်လင့်ချက်နဲ့ နေနေတာ ၅ နှစ်ရှိပြီ"

ဟဲ့မုန်လာထုတ်..အခုတင်ပေးလိုက်တဲ့2ခုအတော်လေးသဘောကျတယ်သိလား..ငါလည်း Hair Dryer တောင်းရင် တစ်ခါနှိပ် 36တောင်ထွက်တဲ့ machin gun ပေးလိုက်မယ်နော်...လူဆိုး..ကူးမရအောင်လုပ်ထားသေးတယ်..ဘယ်ရမလဲ..မုန်လာထုတ်ရယ်..မောင်တလုံးကိုေ၇ှာင်ပုန်းလို့ မရပါဘူးကွယ်...111111 အမှတ်တရဟက်ဟက် ဟိဟိ ခစ်ခစ် 6ခါတိတိရီသွားသီးးးး

ဟားဟားဟားဟား အရမ်းရယ်ရတယ်။ ကျေးကျေး အစ်မJasရေ.....

ရယ်သောသူနုပျို၏ဆိုတာ လက်တွေ့ပဲ...း)

ဗြဲ..............။

အားရပါးရ ရယ်သွားသည်။း)

ခင်မင်လျှက်

ခွိခွိ....ရီသွားတယ်မကြိးဂျက်ခင်ဗျားးးးးးးး

သြော်..မုန်လာဥလေးက
သူ့သူငယ်ချင်း..စွယ်စုံကျမ်းကိုလည်း
မမေ့ဘူးပေကိုး.. နောက်ဆုံးမှာ.ပုံတောင်
တင်ထားပေးသေးတယ်း))
ပိုရနိုင်တယ်.ခေါင်းစဉ်အောက်က
စာလေးတွေကို..ကြိုက်တယ်
ရယ်မောရင်းနဲ့ပျော်ရွှင်ချမ်းမြေ့ပါစေ ဂျက်ရေ
ချစ်ခင်စွာနဲ့

ဟုတ်ပါ့စံစံရေ မောင်တစ်လုံးပုံလို့ရေးမလို့ပဲ အဲတာမေ့သွားလို့ကျေးကျေးနော်

အောက်ဆုံးကပုံအထိ ရယ်ရတယ်ဗျို့ :P

ခင်တဲ့(ဖိုးကြယ်)

အဟိ .. အကုန်ရယ်ရတယ် ..
ရယ်ရလွန်းလို့  ဗိုက်တွေတောင် ပြန်ဆာလာပြီအဟိ ..

ခင်မင်စွာဖြင့်
April

ရယ် သွားပါတယ်ဗျို့.... မောင်ကောင်းထိုက် ဟာသ လက်ရွေးစင် အကုန်လုံးကြိုက်၏။

ရယ်သွားတွေးသွားပါတယ် မမရေ

ဟီး...အကုန်လုံးကို သဘောကျတယ်ဗျာ။ အမ မုန်လာထုတ်ရေ.. တစ်ခြောက်လုံးနေ့မှာ ပျော်ရွှင်သွားတယ်.. :P

ခင်လျက်
ဂျွန်မိုး

အောက်ဆုံးက မျောက်ဝံလောက် မျက်လုံးတဖက်ကို စမတ်ကျကျမှိတ်ပီး မပြုံးတတ်သေးဘူးဗျာ ... :D

မုန်လာထုပ်(မမဂျပ်)လာလည်သွားပါတယ် ဝင်လိုက်ကတည်းကရယ်လိုက်ရတာ ပြန်ထွက်တဲ့အထိဆိုပါတော့ လမ်းရယ်ဖို့ ပါ ပါဆယ်ယူသွားပါတယ်ခင်ဗျ...

သဘောတကျနဲ့ ရယ်သွားတယ်ဗျို့...
အားလုံးနီးပါးက မဖတ်ဖူးသေးလို့ ကျေးဇူးပါပဲဗျာ... :D

ပျော်ရွှင်စွာ ဖတ်သွားတယ် ဂျက်ရေ... same to u. Have a nice day.

စိတ်ပင်ပန်းတာလေးတွေတောင် ပျောက်သွားတယ်။ ရယ်ရတယ် အစ်မ...

မကြီးဂျက်.. ဒီနေ့ က ၁ နှစ်လုံးပဲရှိပေမယ့် တစ်ယောက်ထဲ ရီသွားပါတယ်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More