Tuesday, 15 November 2011

ဘလော့ဂါတို့ ဆုံစည်းရာနေရာလေး အပိုင်း(၂)

သဒ္ဓါလှိုင်းပုံနော် ဘေးကတစ်ယောက်ကတော့ မိဂျက် အဲလေမိကက်လဲ
မသိပါဘူး သိချင်ရင်တွေ့တဲ့အခါမေးကြည့်နော်


နန်းကြာဦး(ကိုစိုင်း)တို့အတွဲလေးပေါ့ရှင်


Qe Te ရဲ့ပုံလေးပါရှင် သူ့ဟင်းတွေဘယ်သူခိုးစားမလဲလို့ချောင်းကြည့်
နေတာပါနော် သူကအချက်ကောင်းတာကိုး

ဇင်မျိုးရဲ့ပုံနော် တစ်ယောက်ထဲ
ဘယ်သူနဲ့ကစားမလဲ မသိဘူး...

ဟင်းချက်ကောင်းတဲ့ lora ပါရှင် သူ့ဟင်းတွေများတို့ကကြည့်ပဲကြည့်နေရတာ
စားလဲစားရဘူး သူ့ဖာသာသူပဲစားတယ် ဟီးဟီး..(ငိုသံ)


မိုးခါးရဲ့ပုံလေးပါရှင် အဲလိုဖြူဖြူချောချောတွေ့ရင်မိုးခါးလို့သာမှတ်လိုက်



တိမ်တွေပြိုသွားတဲ့ကောင်းကင်က မိုးမြင့်တိမ်လေ
တိမ်တွေပြိုရင် တစ်ယောက်ထဲဖြစ်နေမှာစိုးလို့ အဖော်နဲ့ဗျ

(၀ါခေါင်မိုး) မအိမ်သူနှင့်သူ၏မိသားစုပုံနော်


berbielay ဘရဏီရဲ့ပုံလေးပါရှင် မမြင်ဖူးသူများသေချာကြည့်ထားကြပါ


မောင်သက်ဝေရဲ့ ပုံပါနော်ကဗျာတွေရေးရတာပင်ပန်းလို့တဲ့


တောသားလေးရဲ့ပုံပါရှင် တောကနေကြာပန်းတွေယူလာပြီး
သူချစ်နေတဲ့ကောင်မလေးကိုပေးမလို့တဲ့လေ--


မိုးဇက်ပါရှင် သူမပါဘူးထင်ပြီးစိတ်တွေဆိုးနေတာလေ
လက်တွေမြောက်ပြီးဒေါသတွေထွက်နေတာထင်တာပဲ


sosegado ရဲ့ပုံပါရှင် ဂျက်လဲခုမှမြင်ဖူးတော့တယ်


မေတ္တာရိပ် ပါရှင် ဘလော့တွေတင်ရတာပင်ပန်းလို့
အနားယူနေတာပါတဲ့



ချစ်ကြည်အေး(မမချစ်) ဆောင်းဝင်လာပြီကွယ်အေးလို့တဲ့

မောင်တစ်လုံးပုံပါပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်က
သူကြိုက်နေတဲ့ ဘလော့ဂါ မလေးမွေးနေ့လုပ်တာလေတိတ်တခိုးဆုတောင်းပေးတာတဲ့
ဘယ်သူလဲသိချင်ရင်သူ့ကိုသာမေးလိုက်ပါနော်



အိမ်မက်စေရာနော် သိတယ်ဟုတ် အိပ်မက်ထဲမှာတော့ ပျော်ဖို့
အရမ်းကောင်းနေမှာပဲကြည့်ရတာလေ


နေမင်းရောင်ခြည်တဲ့လေ တစ်ယောက်ထဲသမားပါပဲ
ဒါပေမဲ့ အတွဲလေးလိုချင်တယ်ဆိုလို့မနဲလိုက်ရှာရတာ မောလိုက်တာဟယ်


မောင်တစ်လုံးသူငယ်ချင်းလေးသိလား လေလွင့်သူတဲ့
အမှန်အကန်ကို လွင့်နေတာနော်ဤပုံကိုကြည့်သိပါ၏ပေါ့နော်



ဂျက်စမင်းလေးအလုပ်တွေရှုပ်သွားရပါတယ်
ပင်ပန်းလိုက်တာဟယ် တစ်ကယ်ပါပဲတော်ရေ---














 ချစ်ရပါသောမောင်ဆုတောင်းနေတဲ့ပုံပါ
ဂျက်ဂျက်နဲ့ ရာသက်ပန်ပျော်ရွှင်ချမ်းမြေ့ဖို့ပါတဲ့

30 comments:

အပိုင်း ၂လေးကိုအားပေးသွားပါတယ် မမဂျက်
ပျော်ရွှင်နိုင်ပါစေ

လူဆိုးမမဂျက် ဟဟဟဟဟဟဟ
ကြောင်ဘလော့ဂါများအဖွဲ့း)

အဲနေပါဦး မောင်တစ်လုံးကအဲလိုလား ဟိဟိ တွေ့မယ်တွေ့မယ်
မေးကြည့်ရဦးမယ် ..
မမချစ်ပုံ ကအလှဆုံး ဟဟဟဟး)

Thanks for thinking of me. Nice picture.
Iora

အိုင်အမ် ကြောင်ချစ်သူ .. :D သင်ခရု မဂျက်ရေ .. ကြောင်လေးတွေ အရမ်းချစ်ဖို့ ကောင်းတယ် ..း)

ချစ်ရပါသောမောင်ဆုတောင်းနေတဲ့ပုံပါ
ဂျက်ဂျက်နဲ့ ရာသက်ပန်ပျော်ရွှင်ချမ်းမြေ့ဖို့ပါတဲ့
(ဒီဆုတောင်းလေးပြည့်ပါချေ ရို့ ကူချုတောင်းပေးခဲ့ရယ်)

ကြောင် သုတေသန အဖွဲ့ ကနဲ့  တူတယ် ...ငါ့ ညီမ က........
ရေး လည်းရေးတတ်တယ် ။
ညစ်နေတာတွေတောင် ပျောက်သွားတယ် ။

( နန်းကြာဦး ).............

း)း)း)

မောင်ဘကြိုင်

ဒါကြောင့် ဘလော့စပေါ့မှာကြွက်တွေငြိမ်နေတာကို

:):) အဲဒါတွေကြောင့် ချစ်နေရတာ ...ချစ်မက..

အစ်မဂျက်မကောင်းဘူး ၊ မောင်လေးက အဲလိုအသားမမဲပါဘူးဗျာ ၊ ဖြူဖြူချောချောလေးပါ ၊ အစ်မဂျုက်လုပ်မှပဲ ဘယ်ကောင်မလေးမှတောင်ကြိုက်ရဲမှာမဟုတ်တော့ဘူး

ဇင်မျိုး ခဏ အသားလည်းမဲသွားရရှာတယ်... တစ်ယောက်တည်းလည်း လက်ဝှေ့ထိုးကျင့်နေရတယ်... တန်ဘူးတွာ... (ဘာပဲဖြစ်ဖြစ် မြန်မာစာ ရိုက်တာ Z and z မမှားတာကျေးဇူးတင်ပါတယ်) :D

မောင်ဘာတွေဆုတောင်းနေလဲ မမဂျက်ကမသိဘဲကို
ဥုံတခိုးသရေနဲ့ ဘာလဲ အော် မန်နေဂျာညန်ညန်ဖြစ်ပါစေတဲ့လေ

မမဂျက်ဘရဏီကအိပ်ပျော်နေတယ်ထင်တယ်နော် ဓာတ်ပုံထဲမှာ

ဟမ်..!!! ဒေါ်ကက်
အဲလေ
ဒေါ်ဂျက် :P

ဟမ်..!!! ဒေါ်ကက်
အဲလေ
ဒေါ်ဂျက် :P

တော်တော်လည်တဲ့ မစံပယ်ပဲ...နောက်ဆုံးပိတ်ကျမှ အိတ်နဲ့လွယ်ချသွားတယ်...

အိမ်ရှင်မကတော့ ကြောင်ပုံလေးတွေ သဘောကျလို့တဲ့ဗျား...အကုန် ကော်ပီလုပ်ထားခိုင်းတယ်...ဘာပဲဖြစ်ဖြစ် ဦးဟန်ကြည်တို့ကတော့ မစံပယ်ကောင်းမှုနဲ့ အိမ်ရှင်မကို မျက်နှာလုပ်ရချေသေး...

ညီမလေးဂျက်ရေ.
သတိတရရှိလို့ ဝမ်းသာကြည်နူးရပါတယ်။ ဘေးနားကတယောက်က ဘယ်သူလဲဆိုတာ တွေ့ရင်ပြောပြပါ့မယ်၊ ဖေ့ဘွတ်မှာ ပုံလေးကို အမှတ်တရ တင်ထားလိုက်မယ်နော်။။
ခင်မင်လျက်
သဒ္ဓါ

လာရောက်စပ်စုသွားပါတယ်

ဟဲ့ဒိုမတွေ..ဘီလိုဖြစ်နေကြပါလိမ့်..မောင်တလုံး လေးကိုပဲ တိုက်ဖိုက်နေကြတယ်..မကြီးဒိုးကလည်း အခုချိန်မှာ လမ်းသလားလို့ မရဘူး..လက်ဆေးရေဆားခတ်သောက်ဒါမှ...းးးးမမမုန်လာထုတ်နော်.လူကို ပါးပါးလှီးနေပါလား..ဟိုလူနဲ့ ပေးစား..ဒီလူနဲ့ ပေးစားနဲ့ 

အဟိ.. ကြောင်လေး ၃ ကောင်လုံး ချစ်စရာကောင်းလိုက်တာ။ တကယ်ရရင် လိုချင်ပါ့ ကြောင်ချစ်တတ်လို့.. ဒါပေမဲ့ အိမ်မှာကြောင်မွေးချင်တာ အိမ်အောက်မှာ ခွေးတစ်ပြုံရှိလို့ မမွေးရဲဘူး။ ကိုက်ပစ်လိုက်မှာစိုးလို့...

အပိုင်း ၂ လည်း အားပေးသွားကြောင်းပါ ခင်ည :P

ခိခိ။ ကြောင်ကလေးတွေက ချစ်စရာလေးနော် မိညောင်.. အဲ့လေ ဂျက်

ရှာရှာဖွေဖွေ ဘယ်ကများရှာထားတုန်း ဂလိုကြောင်ဘလော့ဂ်ဂါများကို..း) မမဂျက်တို့ တော်ချက်...းD

ဟုတ်တယ် မမဂျက်ရေ .. အခုတလော.
ကြွေးရှင်တွေကြောက်လို့..ဂျီတော့တက်လည်းပုန်းနေရတယ်.
ကိုယ့်အိမ်ထဲမှာလည်း.ကိုယ်ရောင်မပြရဲ့..အိမ်လည် လည်းမထွက်
ရဲ့..ဖြစ်နေတာမမဂျက်ရဲ့..လစာထုပ်ပြီး..အကြွေးတွေအရင်ဆပ်ပြီးမှ.
အားရပါးရ လိုက်လည်ရအုံးမယ်..
ခင်မင်လေးစားလျှက်
(ဒုတိယ)

ဒုတိယပိုင်းလေး ဆက်အားပေးသွားတယ် ဂျက်ဂျက်ရေး)
အပိုင်းနှစ်ပိုင်းကနေ ဘလော့ဂါတွေ စုံစုံလင်လင်သိလိုက်ရလို့ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုယ်ပုံကို ကြည့်သွားပါတယ်
စိတ်ကူးလေးကောင်းပါသည်

ဟင့် စိတ်ဆိုးတယ်။ မီရှဲပုံကျတော့ မပါဘူး။ အေးပေါ့ လှတော့ ပုံရှာရခက်မှာပေါ့နော်....ဟဲဟဲ------ကြောင်ပုံလေးတွေကို ကြည့်သွားပါတယ်။ ပုံ- ကြောင်ချစ်သူ။

အိမ်မက်က ချစ်စရာလေး...း)
ကျေးဇူးပါ jas ရေ..ခရီးလွန်နေလို့ ခုမှရောက်တယ်..
အိမ်မက်

မြန်မာသူငယ်ချင်းများအဖွဲ့မှ သူငယ်ချင်းတို့ခင်ဗျာ I ကတော့အဖွဲ့ဝင်အသစ်ပါ တလက်ဆထဲမိတ်ဆက်ရင်း အကူညီလေးတောင်းချင်လို့ပါ အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်အမည်များကိုတစိတ်လောက်ပြောပြပေးနိုင်မလားခင်ဗျာ

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More