Saturday, 15 October 2011

လုံလောက်ပါပြီ





လွမ်းရမှာ ကြောက်လို့
အချစ်ဆိုတာ ဝေးဝေးရှောင်နေတာ
ပန်းနုရောင်ချယ်ရီ မခူးရဲဘူး
ဒီလိုရူးသွပ်ခဲ့ဖူးတယ်
ကြွေနေတဲ့ စိန်ပန်း
တက်မနင်းရဲဘူး
ပန်းလေးနာကျင်မှာစိုးလို့ပါ
ဟစ်ဟေ့တွေ ဘယ်လောက်ပဲ ပေါ်လာလာ
ချစ်လူမိုက်က ငါ့နှလုံးသားထဲ
ရှင်သန်နေဆဲ
ချယ်ရီကိုသာပန်ပါကွယ်
ရင်ထဲမှာ နေရာအမှန်ယူနေတာလေ။

နွေရာသီကို မုန်းတာ အပြစ်လား
သစ်ရွက်တွေလဲခြောက်
ပန်းတွေလဲပျောက်
တောင်လေ ကကြမ်း
ရင်မှာလဲလွမ်းရ
တားမရ ထားမရ
တလွမ်းပေါ် တလွမ်းဆင့်
ဆွေးသင့်တဲ့ ဒီရာသီ
အလွမ်းကိုမလိုချင်လို့
ဒီနွေကိုမုန်းတာမဟုတ်ပါဘူး
နွေနွေ မိုးမိုး ဆောင်းဆောင်း
မပြောင်းလဲဘူး
အလွမ်းကတော့ အလွမ်းပါပဲ။

မင်ရဲ့ငိုသံတွေ ငါမကြားလိုက်ဘူး
ငါ့မျက်ရည်တွေကလဲ
တစ်ယောက်ထဲ သုတ်လို့မနိုင် 
ဖြစ်နေလို့ပါ
တောင်းပန်ပါရစေကွယ်
ခံစားချက်တွေကို
လာ လာပြီး မစွက်ဖက်ပါနဲ့လို့
ကိုယ့်အထာနဲ့ ကိုယ်နေတာ
လောကရဲ့ စည်းဇိမ် တစ်မျိုးပါပဲ။

ဆုံးရှုံးခဲ့တာ တစ်ယောက်ထဲ မဟုတ်ဘူးနော်
နှစ်ဦး နှစ်ဖက် ညီတူမျှတူလဲ မဟုတ်ပြန်ဘူး
ခုချိန်မှာတော့ ဘယ်သူမှန်
ဘယ်သူမှား အဖြေမညှိနဲ့
နှောင်းသွားပြီ ပြောင်းသွားတဲ့
ရာသီတွေအပါအ၀င်။

ငါ့ရဲ့ဘ၀ အတွက်
အများကြီးလဲ မလိုချင်ဘူး
အချစ် စစ်စစ်နဲ့ ချစ်ရသူရယ်
ကိုယ်ကိုမုန်းနေတဲ့ ရန်သူစစ်စစ်ရယ်
ဒါပဲလိုတယ်  ချစ်သူရယ်
ဘ၀အတွက်လဲ လုံလောက်တယ်လို့ ထင်ပါတယ်။

စာချစ်သူ ကဗျာချစ်သူ
မိတ်ဆွေ သူငယ်ချင်းများအားလုံးကို
ချစ်ခင်ရပါတဲ့ jasmine



21 comments:

ဟီးးးးးး တူနယ်ချင်းတွေလဲ လွမ်းကုန်ကျပီ ဟိဟိ အဖော်ရပီ
ကောင်းတယ်ကဗျာလေးက ခံစားသွားပါတယ်နော်

လူဆိုတာအလွမ်းနဲ.မကင်း
ဘူးဆိုတာတကယ်ပါပဲ...
နေရာတိုင်းလွမ်းနေပါလား...စိတ်နာတယ်..
လင်.လေးယူသွားပါရစေ..

"ဟစ်ဟော့တွေဘယ်လောက်ပဲပေါ်လာပေါ်လာ
ချစ်လူမိုက်ကငါ့နှလုံသားထဲရှင်သန်နေဆဲ"
ဤစာသားကြိုက်ဧ။်.း))
ကိုယ်လိုချင်တဲ့.ချစ်သူမျိုးသာရလို့ကတော့လေ
ဘာပြောကောင်းမလဲကွယ်
တစ်ခါတည်းအပြေးသွားမှာ
(ရိပ်သာကို.....) :P
ပျော်ရွှင်ချမ်းမြေ့ပါစေ ဂျက်ဂျက်ရေ..
ချစ်ခင်စွာဖြင့်

ဖတ်နေရင်းနဲ့ ကျွန်တော်ပါ လွမ်းလာပြီဗျာ။
ကဗျာလေး တတော်ကောင်းတယ်ဗျာ။
အားပေးခံစားသွားပါတယ်ဗျို့။း)

အချစ်စစ်စစ်နဲ့ ချစ်ရသူရယ်.. ဆို တော်လောက်ရောပေါ့နော်..
ကိုယ့်ကို မုန်းနေတဲ့ ရန်သူစစ်စစ်ရယ်... တော့ မလိုချင်ပါနဲ့ကွယ်... :)

ခံစားချက်ကဗျာတွေ အားပေးသွားပါတယ်. Jas ရေ...

ပျော်ရွှင်ချမ်းမြေ့ပါစေနော်...

ကောင်းလိုက်တဲ့ကဗျာ
ရေးသူရဲ့ ရင်တွင်းကို
ထင်းနေအောင်မြင်ရတယ်
ကိုယ် တိုင်းလည်းလွမ်းခဲ့ဖူးသူမို့
ခံစားမှု့ကိုလည်း နားလည်တယ်
အဲဒါကြောင့်ပဲ ကဗျာ က
အသက်ပိုဝင် သွားတယ်ထင်တယ်။


(မင်းဧရာ)

အလွမ်းကဗျာလေးတွေ ဖတ်ရင်း ဘာမှန်းမသိလွမ်းလွမ်းမိသွားတယ်။


ခင်တဲ့
မေသိမ့်

နွေကို မမုန်းနဲ့နော်.. ကန်ဒီ့မွေးနေ့ရှိတယ်.. မုန့်ကျွေးမယ်.. အာဘွား.. :D

အလွမ်းဆိုတာ ပြောတောင်မပြောချင်တော့ပါဘူး..

သစ်ရွက်တွေလည်းခြောက် ပန်းတွေလည်းပျောက် တောင်လေကကြမ်း ရင်မှာလည်းလွမ်းရ တားမရထားမရ....တဲ့လားဂျက်ရေ...အရမ်းကောင်းတဲ့စာသားလေးတွေပဲ

ခင်တဲ့(ဖိုးကြယ်)

အလွမ်းတွေကြမ်းနေပါလား jasmine

နွေရာသီကို မုန်းတာအပြစ်လား..

အဲဒီကဗျာပိုဒ်လေးကို ဖတ်ရတာ ပိုပြီး ထိမိသွားသလိုပဲ ..

မမရေ ..ညလေးလွမ်းဖို့ ချန်ထားအုံးလေ....ငိုလိုက်မှာနော် ..:):)

အလွမ်းတပ်သားတွေ ကမ်းတပ်နေကြပြီပေါ့။

မိုးမြင့်တိမ်

သီတင်းကျွှတ်ကို လွမ်းတယ်..မြန်မာပြည်ကို လွမ်းတယ်..အားလုံးကို လွမ်းတယ်..

မိတ်ဆွေစစ်စစ်ရဖို့ ကို ဆုတောင်းပေးလိုက်ပါတယ် အစ်မ....

အေးလေ မမကလဲ မိတ်ဆွေစစ်ရရင်တော်ပီပေါ့ ဘယ်နှယ့် သူက ရန်သူပါလိုချင်နေတာတုန်းး)
ကဗျာလေးက တော်တော်ကောင်း၏။

ချစ်တဲ့

မဒိုးကန်

jasmine ရေ... လာရောက်ဖတ်သွားပါတယ်...သီတင်းကျွတ်ပြီပဲ အဖြေညှိနိုင်ပါစေကြောင်းပါ..

ချမ်းမြေ့ပါစေဟု
ချယ်ရီမြေ

အလွမ်းထဲမှာ တွေဝေနေရတာ စည်းစိမ်လားလို့  တွေးမိသွားတယ်။

လွမ်းဖူးတယ်။ အဲ့သည်တုန်းက သီချင်းမှန်သမျှ ဆွေးနေတယ်။ ကိုယ့်ဖာသာ ပြုံးနေခဲ့ဖူးတယ်။

နောက်တော့ ကိုယ့်ဖာသာ ငုံကြည့်ပြီး ဘာမှ မဟုတ်ပြန်ဘူးလို့  ထင်မိပြန်တယ်။ ခက်ပါတယ်။ :P

jas ရေ
လွမ်းပြီးရင်းလွမ်းနေရတာပါဘဲနော်

ကဗျာကောင်းလေပဲ မမ ရေ အားပေးသွားပါတယ်နော်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More