Sunday, 2 October 2011

ထွေလီကာလီ ဖတ်ချင်စရာ (၂)







စေတနာနဲ့ပါ
ပီတာလေးထိုင်ခုံပေါ်မှလိမ့်ကျသည်။ နဖူးပေါ်တွင် ဘုကြီးပေါ်လာသည်။
ငါးနှစ် သမီးအမ ဖြစ်သူက မောင်ငယ်ကို သနားကြင်နာစွာ ကြည့်သည်။
မောင်လေးကို ကူညီချင်စိတ်ဖြင့်ပြောသည်။
"ဒီဘုကြီးကို မမ တူနဲ့ရိုက်သွင်း ပေးမယ်နော်"

ဆုံးပါပြီ
မျက်စိကိုက်သည်ဟုဆိုကာ လူနာတစ်ဦး မျက်စိကု ဆရာဝန်ထံ လာပြသည်၊
ဆရာဝန်က၄င်းကို စမ်းသပ်စစ်ဆေးပြီးနောက် ပြောသည်..........
"ခင်ဗျားအရက်သောက်တာကို ဖြတ်ရင်ဖြတ် ၊
ဒါမှ မဟုတ် မျက်လုံးကို စွန့်ရင်စွန့်၊
တစ်ခုခု ကိုရွှေး ရလိမ့်မယ်..
လူနာက မျော်လင့်ချက်ကင်းသံဖြင့် သက်ပြင်းချကာ ပြောသည်။
        " အင်း မျက်လုံး နှစ်လုံးစလုံး ဆုံးပါပြီ "

လူပိုမလိုဘူး
ရဲစခန်းတွင် တယ်လီဖုန်းသံ ပြည်လာသည်။
      " ဟဲလို ရဲစခန်းကလား၊ ကျွန်မ မစ္စစ်ဂျုံး စကားပြောနေပါတယ်၊
အခု ကျွန်မရဲ့ အိပ်ခန်းထဲမှာ လူစိမ်း ယောက်က်ျား နှစ်ယောက် ရောက်နေပါတယ်၊
အဲဒါ တစ်ယောက်ကိုမောင်းထုတ်ပေးဖို့အတွက် ရဲသားကို လွှတ်ပေးပါ။  

ပြေးမှလွှတ်မယ်
   "ဘာဖြစ်လို့ ခရီးသည်တွေအားလုံး ကားပေါ်က ဆင်းကြရတာလဲ
ဘတ်စ်ကား နောက်ဆုံးမှတ်တိုင်ရောက်လို့လား" ဟု စိုးရိမ်သံ နှင့်
အဖွားကြီးကမေးရာ ကားထဲမှ နောက်ဆုံးထွက်သောလူငယ်က လှမ်းပြောသည်။
   " မဟုတ်ဘူးအဖွား၊ လက်မှတ်စစ် တက်လာလို့"

နှိုင်းယှဉ်ချက်
ကျွန်နိုပ် တို့၏ စစ်သင်တန်းကျောင်းမှ သင်တန်းသားများသည် သေနတ်ပစ်ရာတွင်
အမေရိကန် ကောင်းဘွိုင်ထက် အဆ တစ်ရာ ညံ့ဖျင်းသည်။
သိုသော်ပြေးရာတွင်ကား ကောင်းဘွိုင်စီးသောမြင်းထက်
အဆ တစ်ထောင် ခန့်လျှင်မြန်သည်။  

ရှိပြီးသား
"ညွန်ချုပ် ခင်ဗျာ၊ အပြင်မှာ နုတ်ခမ်းမွှေးနဲ့ လူတစ်ယောက်ရောက်နေပါတယ်"
      "ငါ့မှာ နုတ်ခမ်းမွှေးရှိပြီးသားလို့ ပြောလိုက်"

မျှမျှ တတ
မိမိ သားနှစ်ယောက်အတွက် စကော့တလန်သားသည်
မိုးပျံ ပူဖောင်း တစ်လုံးဝယ်လာသည်။
၎င်းကို ကလေးများလက်သို့ အပ်နှံရင်းပြောသည်။
               " ညီအကို နှစ်ယောက် မျှမျှ တတ ခွဲယူကြနော်"
ဖတ်ဖြစ်ခဲ့သော မောင်ကောင်းထိုက်၏ ဟာသပဒေသာမှ

ရယ်သောသူသည်အသက်ရှည်ပြီးနုပျို၏
jasmine


19 comments:

ရယ်လိုက်လို့ထင်တယ် အမ ကျွန်တော် ပိုပြီးနုသွားသလိုပဲ

ဟဲဟဲ

ဖတ်သွားပါတယ်နော်

ဖတ်ပြီးတော့ရယ်သွားပါတယ် Jas ရေ

လာရောက်ဖတ်ရှုသွားပါတယ်
အစ်မနေကောင်းလား။
ခုသူငယ်ချင်းကွန်ပြူတာနဲ့ မို့ ကွန်မန့် ချန်နေတာ....ဟီး
အပေါ်ဆုံကစေတနာရှင်အစ်မတစ်ယောက်လောက်ရှိရင်တော့မလွယ်ဘူး။
ပြောစရာများ ဟိုဟိုဒီဒီရေးသွား

မမရေ ကျေးကျေးနော် :):)
ရယ်မောရတဲ့ အတွက် မမတစ်ယောက်လည်း ပြုံးပျော်နေနိုင်ပါစေလို့
အာာာဘွာာားးး မမ :)

မနက်ထဲက စိတ်ထဲမှာ မှိုင်းတိုင်းတိုင်းဖြစ်နေတာ အခုမှဘဲ ပွင့်သွားတော့တယ်.... ကျေးဇူးပါ Jas

ပျော်ရွှင်ရယ်မောသွားပါတယ်

ခင်မင်တဲ့
ရွှေစင်ဦး

ရဲသားတစ်ယောက်လွှတ်ခိုင်းတာက ပိုရယ်ရတယ်း)း)
ဟိဟိး)

မောင်ဘကြိုင်

ခွိခွိ.. ပီတာလေးအစ်မလို ဘယ်သူ့ကိုကူညီရင်ကောင်းမလဲဂျက်
း))
အသက်တစ်နှစ်ပိုရှည်သွားပါပြီကွယ်
ပျော်ရွှင်ပါစေရှင်
ချစ်ခင်စွာဖြင့်
သမီးစံ

ထွေလီကာလီများကို ထွေလာကာလီ လာဖတ်သွားပါသည် .
နာ့မှာလဲ နှုတ်ခမ်းမွှေးရှိပြီးသားတဲ့ ဟိဟိး)

ချစ်တဲ့
မဒိုးကန်

အသက်ရှည်ပြီး နုပျိုစေတဲ့ဆေားတွေ လာရောက်သောက်သုံးသွားပါကြောင်း

ဟာဒရွှင်ဆေးလေးတိုက်ကျွေးလိုက်တဲ့အတွက် ကျေးဇူးပါ စံပယ်လေးရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဖတ်ရင်းပြုံး၊ ပြုံးပြီးရယ်မိသွားပါတယ်...။

ဖလမ်းဖလမ်းထနေတယ်ပေါ့လေ ဟဟ ဖဲ့အုံးမယ် နင့်ကို

ပုံ အမောင်(စွယ်စုံကျမ်း)

စိတ်ညစ်တဲ့ အခါမျိုးမှာ ဟာသကောင်းကောင်းလေး တစ်ခုတစ်လေလောက် ဖတ်လိုက်ရရင်ပဲ နေလို့ထိုင်လို့ တော်တော်ကောင်းသွားတယ်...မောင်ကောင်းထိုက်ရဲ့ ဟာသလေးတွေကောင်းတယ်...ဘာသာပြန်ထားတာ ထိထိမိမိရှိလို့ တော်တော်များများ ၀ယ်ထားဖြစ်တယ်...ကျေးဇူးပဲ ညီမရေ...

ကျေးဇူးနော် တိုတိုလေးနဲ့ ထိတဲ့ ဟာသလေးများ :D
အမောပြေသွားပြီ..

လသာည

မနေ့ညကတည်းက မအိပ်ရသေးဘူး
ဒီနေ့တစ်နေကုန် အလုပ်ဆင်းထားတယ်
အမကြီး အနားကိုရောက်မှ ရယ်လိုက်ရတယ် အိပ်ချင်နေတတွေတောင်
ဘယ်ရောက်သွားမှန်းမသိတော့ဘူး။

တစ်နေ့ လုံးတင်းနေတဲ့ မျက်နှာကြော အခုမှပဲလျော့တော့တယ်ဗျာ ... နှစ်သက်မိတယ်။ ကျေးဇူးအထူးပါနော် ... :D

တိုတိုလေးနဲ. ကောင်းတဲ.ဟာသလေးတွေပါဘဲနော်။ ကျေးဇူး အစ်မဂျက်စ်

အင်း တခါမှ မလာဖူးသေးဘူး ထင်တယ်။ ဒါလေးတွေတော့ ဖတ်ဖူးသေးဘူး။
:D

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More