Tuesday, 25 October 2011

ဟိုတစ်စ - ဒီတစ်စ (အထီးကျန်ခြင်းနောက်ကွယ်)






ငါကိုယ်တိုင် သိတာ 
ငါ့ အလွမ်း
ငါကိုယ်တိုင် ရှိတာ
ငါ့ မှာတမ်း
ငါကိုယ်တိုင် ထိတာ
ငါ့ နှလုံးသား
ခုတော့ဖြစ် 
အစိတ်စိတ် အမွှာမွှာ
အတိတ်က ဖြစ်ရပ်ဆန်း
ပြန်တမ်းတကာနေတော့
အဖြေတွေက အဖြူဖျော့ဖျော့ ။

ရှေ့တိုးတော့ ကျား ဆိုပေမယ့်
နောက်ဆုတ်တော့ မှားပြီထင်
အရာအားလုံးသိခဲ့ပေမယ့်
အသိနောက်ကျတာလား
ငါ့ပြန်ရလိုက်တာ အားလုံး မင်းရဲ့
ဥပေက္ခာ အမုန်း
အဆုံးမတော့ ရင်ထဲက ခံစားမှုတွေ
ထိန်းသိမ်းမရအောင်
ဆူညံ ပွက်လောရိုက်
တိတ်တိတ်လေးထွက်သွားရင်ကောင်းမယ်ထင် ။

အချစ်ဆိုတာ  ဧဒင်ဥယျာဉ်ထဲက 
စခဲ့တာလား
ဘာလဲ  - အချစ်ဆိုတာ 
ကြေကွဲရာများစုဝေးရာအရပ်လား
ရောမပြည်ကြီး ဘာကြောင့်ပျက်ရတာလဲ
ဘာလဲ အချစ်ဆိုတာ
ထီနန်းတွေဘာကြောင့်စွန့်ကြတာလဲ
သူတို့ - သူတို့ 
အမှန်တစ်ကယ်ချစ်ခဲ့ကြတာလား
ဒါဆို မင်းနဲ့တော့ 
အရှေ့နဲ့ အနောက် ။

လျှာအောက်က သာမိုမီတာကို
ဝါးစားဖို့ကြိုးစားခဲ့တာ
ငါ့ရဲ့ ရူးသွပ်ခြင်းလို့ ထင်နေတဲ့လူတစ်ချို့
ခုတော့ဖြစ်ကွယ် ရင်ထဲမှာ
ကြေကွဲခြင်းနဲ့ 
အသစ် ပြန်စလို့ မရတဲ့
ဒါဏ်ရာအပြည့်နဲ့
နှလုံးသားတစ်စုံ နောင်တတွေနဲ့
ပြည့်နက်နေတဲ့ - သံယောဇဉ်တွေ
အများကြီး မဟုတ်ပေမယ့်လည်း
တစ်ခါတစ်လေတော့ 
ရင်ဘတ်ကြီးနဲ့ကိုခံစားလွမ်းမိပါရဲ့။

အားလုံးရဲ့ ထာဝရ ဖြူစင်တဲ့ jasmine
ဖြစ်ချင်တာပါ
ကျေးဇူးတင်ပါတယ်ရှင်

22 comments:

ရှေ့တိုးတော့ကျား..နောက်ဆုတ်တော့..မှားမှာစိုးလို့
အလယ်မှာပဲ..နေပါတယ်း)
ရင်ဘတ်ကြီးနဲ့ကို..ခံစားသွားပါတယ်ရှင်
ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
ချစ်ခင်စွာဖြင့်
သာမိစံ

၇င်ဘတ်တစ်ခုပဲလား အစ်မ၇ယ်..ဒီထတ်မကပါနော်..

ဂျက်မလေးရေ...ရမ်းကောင်းတယ်တော.
ရှေ.တိုးတော.ကျား...နောက်ပြန်လှည်.ဘို.လဲ
ရာဇ၀င်ကမရှိခဲ. ဟင်.
နောက်ဆုံးတော.အထီးကျန်နေခဲ.ရတာက
အော်တန်ပါ....
တော်ဘီအေ..အနာကိုဆားပြန်သိပ်တလိုဖစ်မယ်
ခင်တဲ.ဂျက်မလေးရေ...ချမ်းမြေ.ပါစေရှင်..

ဖျားဖျား.....သာမိုမီတာကိုဝါးစားမလို့လား....မစံပယ်.....:)))
အလကားစတာ....အရမ်းလွမ်းနေသလိုပဲ....အစစအဆင်ပြေရဲ့လားဗျိုးးးးးးး

ရင်ဘတ်ကြီးနဲ့ရေးတဲ့ကဗျာကို ရင်ဘတ်ကြီးနဲ့ ခံစားသွားပါတယ် မဂျက်စ်ရေ... :)

တစ်ခါတစ်လေဆိုပေမယ့် ခံစားမှုက နှစ်လကြာရှည်တတ်တာမျိုးကို... :)

ခင်တဲ့(ဖိုးကြယ်)

ကဗျာလေး ခံစားသွားတယ် မမရေ.. :D

အလွမ်းဆိုတာ မတိတ်နိုင်တော့တဲ့ မိုးတစ်မျိုးပေါ့။ ရင်ဘတ်ကြီးနဲ့ ဖတ်သွားပါတယ်။

မိုးမြင့်တိမ်

ကဗျာတွေ လာဖတ်တယ်... ပိုတွေး ပိုရေးနိုင်ပါစေ...

အားပေးခဲ့ပါတယ်ဗျာ အလွမ်းများစွာနဲ့ပေါ့

တခါတလေတော့
ရင်ဘတ်ကြီးနဲ့ ခံစားလွမ်းမိပါရဲ့

ပစ်ပစ်ကတော့အမြဲတမ်းကို
ရင်ဘတ်ကြီးနဲ့ခံစားပြီးလွမ်းနေတာ jasေ၇
ကဗျာလေးကကောင်းပါ့ရှင်..

အမရဲ့ကဗျာကို နှစ်သက်သဘောကျလို့(၃)ခေါက်ထိအောင် မွှေနှောက်ဖတ်ရှုခံစားသွားရတဲ့အထိဖြစ်ခဲ့ရပါတယ်..
ကျနော်လဲ အမကိုအရမ်းအားကျပီး ကဗျာရေးချင်စိတ်တောင်
ဖြစ်သွားမိတယ်..ဒီကဗျာမှာပါတဲ့ အချို့စာသားလေးတွေက
ကျနော်နဲ့ တော်တော် တိုက်ဆိုင်တဲ့အကြောင်းလည်း ရိုးသားစွာ
ဝန်ခံသွားပါရစေ..ကဗျာခရီး ဆက်လက်စီးဆင်းနိုင်ပါစေလို့..
မျိုးဆက်သစ်မှတ်တိုင်

စိတ်ကောက်နေတာလားဟမ် မမဂျက်ရေး)

ကြေကွဲတဲ့နှလုံးသားကို အချိန်ဆိုတဲ့ဒေါက်တာရဲ့
ကုထုံးနည်းလေးတွေကို လက်ခံလိုက်ပါ။
မကြာခင် အချစ်စစ်ကို တစ်ကပြန်စလို့ရမှာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဘာလဲ-အချစ်ဆိုတာ ကြေကွဲရာများ
စုဝေးရာ အရပ်လား.....

ဘယ်လိုပြန်ဖြေပေးရလဲ ကျွန်တော်လည်း ရှာနေစဲပါ။


(မင်းဧရာ)

ကဗျာကောင်းလေးပဲ...အားကျလာပြန်ပြီ...ကဗျာတစ်ပုဒ်လောက်ရေးဦးမှ...

ဟဲ..ဟဲ
အခုမှလာလို့  ချိတ်ချိုးရဘူးနော် ။ သာမိုမီတာ ကြီးတောင်
ဝါးစားမယ်ဆိုတော့ ...........
အလုပ်တွေ ရှုပ်နေလို့  ညီမရေ....သတိရလျှက်ပါ
နှစ်ယောက်လုံးကို..........ဆိုဒ်ကတော့ နာမည်ကြီးနေပြီ ။ ဘလော့လောက jasmine ဆိုတဲ့ နေရာ တနေရာရသွားပြီ။
( နန်းကြာဦး)........

လာလည်သွားပါတယ်ဗျာ....
အစ်မက ကဗျာတွေ တော်တော်ရေးနိုင်တယ်နော်....
လေးစားပါတယ်ဗျာ...

အင်း... အချစ်က ရင်ဘတ်ထဲက လာတာဆိုတော့ ရင်ဘတ်ကြီးနဲ့ ခံစားပြီး လွမ်းရတာ မဆန်းပါဘူးလေ...

အလွမ်းများ ငြိမ်းစေသတည်း...လို့ ဆုတောင်းပေးခဲ့ပါတယ် ညီမရေ..။

သာမိုမီတာကို ၀ါးစားဖို့ကြိုးစားတယ်ဆိုတဲ့ အိုင်ဒီယာနဲ့ ကိုယ့်ကိုယ်ကိုတင်စားပြထားတာတော့ တော်တော်လှတယ်ဗျာ။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More