Wednesday, 5 October 2011

အလွမ်းမိုး




လောင်ကျွမ်းဖူးတဲ့ နှလုံးသား
ဒီမိုးနဲ့ အေးချမ်းနိုင်ပါ့မလား
ကယောင်ကတမ်း ဖြစ်လို့နေပြီ။

အဟုတ်အမှန်တွေကိုဇယားချတော့
ပျားတုတ်ခံရမယ့်အဖြစ်
ချစ်သူအတွက် စေတနာအမှန်
အပြန်တစ်ရာသေစေတော့
အဆိုးအညစ်တွေ
အတုအယောင်တွေဖုန်းနေတဲ့လောက
သောကကိုအရောင်ဆိုး
ခပ်သိုးသိုးအနံ့တွေ လှိုင်လှိုင်ထ
ခံစားချက်လေး အတိုအစနဲ့
ညိုမြ လာမလုပ်နဲ့
တော်မ၀င်တဲ့ အချစ်တွေအတွက်
မှော်ဆရာ လိုလို  တစ္ဆေ လိုလို
ကောင်းကင်ကြီးက ရုတ်တရက်ပြိုကျ
အလိုမကျတဲ့ ချစ်သူသဘော
အော်.......အရင်တုန်းကတော့
သက်ဆုံးတိုင် ပေါင်းပါရစေတဲ့
ခုတော့ဖြင့် တောင်းပန်စကား
ပြောဖို့ အင်အား ငါ့မှာမရှိ
ရင်ထဲထိအောင် ဝေဒနာခြေရာ
အကြင်နာကဗျာ ရင်တွင်းကဖြစ်
နှလုံးသားထဲနှစ်ပြီး
ဥပေက္ခာရပ်ဝန်း 
သမုဒယ မိုးပြေးလေးတွေ
တဖွဲဖွဲနဲ့ မစဲတော့ဘူးကွယ်။


jasmine







16 comments:

လွမ်းမယ်ဆိုတာကြီးပဲ

ပုံလေးနဲ့ စာလေး သိတ်ကိုလိုက်ဖတ်တယ်..

စဲပေးပါမိုနတ်မင်းကြီးရယ်:P:P:P;)

တစ်နေ့နေ့တော့ စဲကောင်းပါရဲ့။ အချိန်ဆိုတာ အစွမ်းအထက်ဆုံး ဆေးတစ်မျိုးပါ။ အခုတော့ ရွာပစေအုံးပေါ့။း)

ခင်မင်လျှက်

ဂျက်ရေတဖြည်းဖြည်းလှလာတယ်(ဆိုဒ်လေးကး)
ဘာ....! ပျားတုတ်နေပြီဟတ်လား?
ပျားတုတ်ရင် ဆနွင်းလိမ်းပေးရတယ်လေ :P
ကဗျာလေးကအရမ်းကောင်းတယ်ဂျက်ရေ
တဖြည်းဖြည်းနဲ့ အလွမ်းစတွေ ပိုသိပ်သည်းလာသလိုပဲနော်
ပျော်ရွှင်ပါစေရှင်
ချစ်ခင်စွာဖြင့်
thameesan

နောက်ဆုံးအဖွဲ့လေးလှတယ်.......

ဒီလိုမိုးတွေ ရွာနေလို့ သူများ တုပ်ကွေးဖြစ်တာပေါ့လို့ :)

သောကကိုအရောင်ဆိုး
ခပ်သိုးသိုးအနံ့တွေ လှိုင်လှိုင်ထ
ခံစားချက်လေး အတိုအစနဲ့
ညိုမြ လာမလုပ်နဲ့.....
စာသားတွေ တစ်ကယ်မိုက်တယ်မမရေ..
ခံစားအားပေးလျှက်ပါလို့...

အလွမ်းမင်းသမီးလေးရေ။ ရင်ထဲကအပူမီးတွေကို ဖြန်းဆွတ်ပေးမဲ့မိုးအေးလေးသာ ဖြစ်ပါစေလို့။
သမုဒယမိုးပြေးလေးတွေကပါ အလွမ်းမိုးဖြစ်မနေဘို့အရေးကြီးတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သမုဒယ မိုးတွေက နှလုံးသားရပ်ဝန်းမှာ ရွာကောင်းတုန်းပဲလား...၊ လေဖိအားနည်း အလွမ်းတွေ များနေတယ် ထင်ပါရဲ့ဗျာ...။

ကြိုက်လို့ယူသွားပီခင်ဗျာ

အလွမ်းကဗျာ ကောင်းလေး ခံစားအားပေးသွားတယ် အစ်မ...

မမစံပယ်ရေ မိုးသိပ်ရွာခိုင်းမနေနဲ့ သူများလေဒီရှုးတစ်ရံရေနှုးသွားပြီ ဟင့်
မိုးကောင်းလွန်းလို့တော် ..မမမောင်ကိုရင်က မ၀ယ်ပေးဘူးတဲ့ အဲဒါလာတိုင်တာ တခါတည်းး(

သမုဒယ မိုးပြေးလေးတွေ တဖွဲဖွဲနဲ့  မစဲတော့ဘူးကွယ်..မိုက်တယ် ဂျက်...

အလွမ်းကဗျာတွေကြီးပဲ တစ်ပုဒ်ပြီး တစ်ပုဒ်.
ဖတ်တိုင်းလည်း နှစ်သက်ပြီးရင် နှစ်သက်..

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More