Wednesday, 19 October 2011

မေမေ့အတွက် အလွမ်းများ




ဇာတိမြို့တောင်ပေါ်မြေ
ပန်းရနံ့ သင်းပျံ့ကာနေ
ဒီဇင်ဘာ ချယ်ရီဖူး
ငါလဲ ရူးခဲ့ရပြီ
ထူးမလားရယ်လို့
ရေခြားမြေခြား
ခရီးမနားပဲ ရောက်ခဲ့ပေါ့
ပြည်ခြားတဲ့ နေရာ
ရေလဲ မကြည် မျက်လဲ မနု
ဘာကိုလွမ်း တမ်းတကာနေ
မှန်းဆမရတဲ့ ဆုံးရှုံးမှုတွေ
အမေနဲ့ဝေးလို့ သောကဖြာဝေ
မမြင်ရတဲ့အိမ်အပြန်လမ်းတဲ့ 
လောကမှာလေ
အလွမ်းတွေကို တွန်းလှန်ဖို့ ကျိုးစားရင်း
လက်တွေ့ဘ၀ထဲ
အိမ်ပြန်ဖို့အရေး မှုန်ဝါးကာသွားပြီလား
မှန်းဆမရတဲ့ 
ကိုယ့်အနာဂတ်အတွက်
မတ်မတ်ရပ်ဖို့ အမြဲကြိုးစားနေပါတယ်
သမီးမိုက် တစ်ယောက်ရဲ့ အပြန်လမ်း
မေမေ အတွက်
ဘ၀အမောတွေပြေနိုင်ပါ့မလား
စဉ်းစားရင်းစိုးရိမ်မိတယ် မေမေရယ်။

အားလုံးရဲ့ jasmine

23 comments:

ဟင့်...တူလက်ဦးသွားပြီ..ဂျက်မ
နာမေမေ့အကြောင်းရေးမို.ကြံနေတာ..
နောက်အပတ်မှရေးတော.မယ်...
ရမ်းကောင်ပါတီ...လွမ်းတွားဘီအေ..
မေမေ.ကို

အမေကတော့ သူချစ်တဲ့သမီးကို အပြုံးတွေနဲ့ ဆီးကြိုနေမှာပါ။

မိုးမြင့်တိမ်

မစံပယ်.....
အိမ်လွမ်းနေပြီထင်တယ်
သမီးဆိုး လေးကိုလည်း
အမေ ကတော့ထွေးမြဲပါဗျာ
ကဗျာ လေးကိုခံစားသွားပါတယ်။

ဖတ်ရင်းနဲ့ အမေ့ကို လွမ်းလာပြီ... :(

လမင်းလည်းမေမေကိုလွမ်းတယ်
တကယ်ခံစားရတယ်

ဒီလောက်လိမ္မာတဲ့သမီးလေးကို
မေမေကခွင့်လွှတ်မှာပါကွယ်..
ပြီးတော့..သမီးလေးကိုတွေ့ရင်
အလှပဆုံးပြုံးပြီး..အာဘွားတွေတစ်ဝကြီးပေးမှာ
မြင်ယောင်သေးးP
ပီတိတွေ..ဝေဖြာနေတဲ့အမေ့မျက်နှာ
အမြန်ဆုံးမြင်တွေ့ရပါစေဂျက်ရေ
ဆုတောင်းပေးပါတယ်ကွယ်
ချစ်ခင်စွာဖြင့်
သမာန်စီး

လွမ်းသွားပြီမမရယ်.....:( မေချစ်သမီးတွေမို့ ထင်ပါရဲ့..
လှပသော ကြည်နူးစ၇ာ ဆုံစည်းခြင်းတွေနဲ့ အမြန်ဆုံး ဆုံစည်းနိုင်ပါစေလို့ ဆန္ဒပြုရင်း....

jas ရေ
jas မေမေကလည်း jas ကိုသတိရလွမ်းနေမှာပါကွယ်..

ချစ်သမီးကိုအပြုံးလှလှလေးနဲကြိုဆိုပါစေ....

သမီးလိမ်မာလေးမို့ ဘယ်အချိန်ပြန်ပြန် အမေက ကြည်နူးဝမ်းသာနေမှာပါ။ ဘ၀အမောတွေလဲ ပြေနိုင်မှာပါ။

ခင်မင်လျှက်

မမက မမိုက်ပါဘူး.. လိမ္မာတယ်.. မမမေမေ ဘ၀အမောတွေပြေမှာပါဂျာ... :D

မေမေ့ အလွမ်းကဗျာလေးလာဖတ်သွားတယ် Jas ချစ်တဲ့မေမေနဲ့ အမြန်ဆုံးပြန်ဆုံပါစေ....

ဘယ်အချိန်ပြန်ပြန် အမေကတော့ အပြုံးနဲ့ ဆီကြိုနေမှာပါ အစ်မရယ်...

ဘ၀အမောတွေပြေမှာပါ မမစံပယ်ရယ် .အမေမျှော်နေပါလိမ့်မယ် ..

ချစ်တဲ့

မဒိုးကန်

မေမေရဲ့ သမီးချစ်လေး ဂျက်တစ်ယောက် မေမေ့ရင်ခွင် တစ်နေ့ပြန်ရောက်ရမှာပါ။ မေမေအတွက် သမီးလေးက ကြိုးစားရမယ်နော်...။

သမီးပြန်လာရင် အမေပျော်ရွှင်မယ် ဆိုတာ သေချာပါတယ်။

အဲဒီလိုမျိုးတွေ ခဏခဏ ခံစားရတယ် အစ်မရာ။
တစ်ခါတလေ ပြောပြစရာ လူမရှိဘူး။
အစ်မလို ကဗျာ ရေးတတ်ရင်လည်း ကောင်းသား။
ဖော်ခွဲထုတ်ပလိုက်ချင်တယ်။

အစ်မရေ....အိမ်ကိုသတိရနေတာနဲ့ ကဗျာလေးဖတ်လိုက်မှ ပိုသတိရမိသွားတယ် :)

ခင်တဲ့(ဖိုးကြယ်)

ဂျက်မေမေလည်း လွမ်းနေမှာပါ..ဘလော့ဒီဇိုင်းက ရှင်းနေတာပဲ..ဒါလည်း တမျိုး ကောင်းတာပဲ...

အင်း အိမ်ကိုလွမ်းနေပြီထင်ရဲ့။ အမေ့မေတ္တာရိပ်က အရမ်းကို အေးမြပါတယ်။ ဒါပေမယ့် သားသမီးတွေ တစ်သက်လုံးနေနိုင်ကြတာရှားပါတယ်လေ။ တူတူပါပဲ။ ကိုယ်လည်း လွမ်းနေမိပြီ။

ခင်တဲ့
မေသိမ့်

ကဗျာကောင်းလေးတစ်ပုဒ်ပဲ စံပယ်ရေ။
မာတာမိခင်ဖတ်ပြီး ကြည်နူးမှုရမှာအသေအချာပဲ။
မိဘစိတ်ကြည်နူးမှုကိုဖန်တီးနိုင်တဲ့ သားသမီးတိုင်းကုသိုလ်ရတယ် စံပယ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အိမ်ကိုတော့ အားလုံးလွမ်းကြတယ်နော်။ အဝေးရောက်နေတဲ့ ကျွန်တော်တို့လို လူတွေကပိုလွမ်းတတ်တာပေါ့ဗျာ။ ကိုယ်ချင်းစာနားလည်နိုင်ပါတယ်။

ကိုယ့် မေမေ ကို ဒီလို သတိတရ ကဗျာ တပုဒ် ဖန်တီး တာကို က လိမ်မာတဲ့ သမီးပေါ့ ..ဘာလို သမီးမိုက် လို့ သုံးထားသလဲ ဆိုတာ နားမနိုင်ဘူး မစံပါယ်ရေ..မစံပါယ်က သမီး လိမ်မာလေးပါ.. အမှန်တော့ ကျွန်တော် အဖေတမ်းချင်း အမေတမ်းချင်း ကဗျာ တွေ ကို မဖတ်ချင်ပါ.. ဘာလို့ လဲဆိုတော့ မရှိတော့ တဲ့ မိဘ နှစ်ပါး ကို အရမ်း သတိရလို့ ပါ.. ကိုယ်တိုင် က အသက်ကြီးနေ ပေ မဲ့ မိဘ တွေ ကို သတိရလို့ တခါတလေ ငိုမိပါတယ်.. အစားထိုးမရ နိုင်တဲ့ ဆုံးရှံး မှူပါ..မိဘကျေးဇူး ကို သိတတ်တဲ့ သူ က ဘယ်တော့ မှ မဆင်းရဲပါဘူး.. ဘယ်တော့မှ ဒုက္ခ မရောက်ပါ..ကျွန်တော် လက်တွေ့ပါ... ချမ်ြးေ့မ့ပါစေ..

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More