Monday, 17 October 2011

စဉ်းစားပြီးမှရယ်ပါ (ဟာသချစ်သူများအတွက်)






အိမ်မှာ အိပ်ပါ
ပင်လယ်ကမ်းခြေ အနားယူစခန်းသို့ တွက်ခွါမည့် ဇနီးသည် ကယောင်္ကျားကိုမှာသည်။
"ရှင်အိမ်မှာ အိပ်နော်"
နောက်နေ့တွင်ောယင်္ကျားက မိန်းမထံကြေးနန်းစာပို့သည်။
"ထမင်းစားပန်းကန် ဘယ်မှာလဲ"
မိန်းမထံမှကြေးနန်းစာ ချကိချင်းပြန်ရောက်လာသည်။
"အိမ်မှာ အိပ်"
အဖြေကို နားမလည်နိုင်သဖြင့် ဇနီးသည် ပြန်လာသည်အထိစောင့်ရသည်။
"မိန်းမ ၊ မင်း ပေးတဲ့အဖြေ ငါအဓိပါယ် ဖော်လို့မရဘူးကွ
 မိန်းမက ယောင်္ကျားကို အိပ်ခန်းထဲ ဆွဲခေါ်သွားပြီး အိပ်ရာဖုံးကို ဆွဲမလိုက်သည်။
မီးဖိုချောင်သုံး ပန်းကန်ခွက်ယောက်များ အားလုံးကိုတွေ့ရသည်။



ဘာအတွက်မေးတာလဲ
လူနာဆောင်ထဲသို့ ၀တ်ရုံအဖြူဝတ်ထားသော လူတစ်ယောက်ဝင်လာသည်၊
လှဲနေသေညလူနာကိုကြည့်ပြီး တစ်ယောက်အနားသို့ကပ်လာခါ မေးသည်။
" ခင်ဗျားရဲ့ အရပ်အမြင့် ဘယ်လောက်ရှိသလဲဗျ"
" အရပ်အမြင့်ကဘာလုပ်ဖို့လဲ၊ ကျွန်တော်ကို ကယ်ပါ ဒေါက်တာ ၊ ကျွန်တော် တစ်ကိုယ်လုံး နေရာအနှံ့
ကိုက်ခဲနေတယ်၊ ဘယ်လိုမှ ခံနိုင်ရည် မရှိတော့ပါဘူးခင်ဗျား"
"ကျွန်တော်က ဆရာဝန်မဟုတ်ဘူး လက်သမားဗျ"



ရှေးဟောင်းနာရီကိုး
ဆိုဖာပေါ်တွင် ယောက္ခမထိုင်နေသည်၊ ၄င်းခေါင်းပေါ် တည့်တည့်တွင် ရှေးဟောင်းတိုင်ကပ်နာရီ ကြီးကိုချိတ်ထားသည်၊
ထိုင်နေရာ မှ ရုတ်တရက် ယောက္ခမကြီးထသွားသည်၊ စက္ကန့်ပိုင်းအတွင်း တိုင်ကပ် နာရီ ပြုတ်ကျလာသည်၊
သမက်ဖြစ်သူက ကြိတ်မနိုင်ခဲမရသံ ဖြင့်ပြောသည်။
"တော်တော် အသုံးမကျတဲ့ နာရီ ၊ အမြဲတမ်း နောက်ကျတယ်"


                                                        ( မောင်ကောင်းထိုက်၏ဟာသပဒေသာ မှ)
                                                       (ရယ်သောသူသည်အသက်ရှည်ပြီး နုပျို၏ )

အားလုံးရဲ့  jasmine cho

23 comments:

ရေးထားခဲ့သော ရေးလက်စများ
jasmine ကဗျာတွေ ဘယ်မှာသိမ်းမိမှန်းရှာမရသဖြင့်
ဟာသလေးတွေကိုတင်ပေးရတာပါ...
အမြဲအားပေးပြီးဝင်ရောက်ဖတ်ပေးနေတဲ့သူငယ်ချင်းတွေ မအားလပ်သဖြင့်
မလာနိုင်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်နေမှာပါရှင်။

ဂျက်ဂျက်...
နာမည်က ချိုတစ်လုံးပိုလာပါလား..
နာမည်ပြောင်းရင်ဒီတိုင်းပြောင်းလို့ရဘူးလေ
ဘာလေးညာလေးကျွေးအုံးမှပေါ့းP
ဆိုဒ်လေးကလည်းတစ်နေ့တစ်ခြားလှလှလာတယ်နော်
အလုပ်ရှုတ်နေတာဒါ့ကြောင့်ထင်ရဲ့း)
ဟာသလေးတွေဖတ်သွားပါတယ်ရှင်
ရှေးဟောင်းနာရီကို...တွေ့တာနဲ့ရှောင်ရမယ်း))
ချစ်ခင်စွာဖြင့်
သမာန်စီး

ဟား ဟား ဟား ရယ်ရတာ အူတောင်နာတယ်... ကျေးဇူးပါဘဲခင်ဗျာ ဟာသလေးတွေ ဖတ်ရလို့ :)

အားရပါးရတွေးတွေးပီးရယ်သွားပါတယ် မမ

ဟဟဟ မမဂျက်ရေ မစဉ်းစားပဲကိုရီသွားရတာ ကိုရင့်ကိုလဲပြောရမယ် ရှင်အိမ်မှာအိပ်လို့ (သူက အိပ်လွန်းလို့ခက်နေတာလေး)

နာရီတော့ ကိုရင်မမြင်စေနဲ့
ယောက္ခမကိုလုပ်နေမှာဆိုးလို့ ဟဟဟ

ချစ်တဲ့

မဒိုးကန်

ရီချင်လို့ လာပြီး ရီသွားတယ်နော်၊
ဆိုဒ်လေးက လန်းလှချည်လား ..

ဟီးဟီး ရယ်ရတယ်။ ပထမဆုံး တစ်ခု အကြံက ကောင်းပါ့...း) တော်ထှာ... အင်း သမက်က ပြောပြီပေါ့... နာရီကလည်း နောက်ကျတာကိုးးးးခိခိ။

ခင်တဲ့
မေသိမ့်

ဟာသလေးတွေ အားပေးသွားတယ် စံပယ်လေးရေ။ မစဉ်းစားပဲ ရီသွားတယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဟိဟိ..ရီရတယ်နော်..
အားပေးလျှက်..

နာမည်ပြောင်းသလား မစံပယ်....ဟွင်း.....ဘာမှလဲမကျွေးဘူး...။
ဟာသတွေပဲ ရီပြီးပြန်သွားရတယ်...။

ရယ်လိုက်ရတာ မစံပယ်ရာ...
အိမ်မှာ မအိပ်ဘဲ ပန်းကန်
မေးတာကို သဘောကြတယ်

အမြဲတမ်း နောက်ကြတဲ့ နာရီ
ကိုလည်း သဘောကြတယ်
ရေး ရင်းနဲ့ကို ရယ်မိနေတယ်ဗျာ။

အိမ်မှာအိပ်တဲ့....အင်း...မလွယ်ဘူး သတိထားရမယ့်အရာတွေထဲ ထည့်ထားမှပဲ :P

ခင်တဲ့(ဖိုးကြယ်)

နွေတေးရှင်တို့ဖိုးကြယ်တို့ရေ
နောက်ဆိုရင်အိပ်ယာထဲဘာရှိလဲ အရင်လေ့လာထားနော်..

ရယ်ကာ မောကာဖြင့် အားပေးသွားပါတယ်ဗျို့။
ရယ်သောသူသည် အသက်ရှည်၏ ဆိုသလိုပေါ့ဗျာ။း)

အချိန်မှန်တဲ့ နာရီ တစ်လုံးလောက် ကြိုဝယ်ထားချင်လို့ပါ။
မကြာမှီ လာပါတော့မည်. . ထို့ကြောင့် . .သုံးရန် . .

စဉ်းစားပြီး ရယ်သွားပါတယ်။ ယောက်ျားက အတော် အ ပုံရယ်။ အိမ်မှာ အိပ်လိုက် ပြီးရော။ သရဲကြောက်လို့် ဘာဆိုလဲ။း)

ခင်မင်လျှက်

ပျင်းတာလေး ပျောက်သွားတယ် ကျေးဇူး ညီမ

အမရွှေစင်

ရယ်ရယ်မောမော တသောသောနဲ့ ဖတ်သွားပါတယ် အစ်မ...

ဒီနေ့ သောကြာနေ့တော့မဟုတ်ဘူး jasmine ရေ..
ဖတ်ပြီးတော့ ညစ်နေတဲ့ စိတ်ကလေးတွေ ပျောက်သွားတယ်။ :)

ခင်မင်လျှက်

ဟဟ..ရယ်မိတယ် နာရီအတွက်..။
ဖတ်လို့ မ၀ဘူး..။
ရယ်ချင်သေးလို့...။

"အိမ်မှာအိပ်" တဲ့ ဟီဟီး ရီရတယ် ဟာသလေးတွေ ရယ်မောသွားပါတယ်။
ခင်မင်လျှက်
ပူးပူး :)

ဟ ဟ ဟ
အမ ရေ အနော်တော့ အပြင်မှာအိပ်အိပ် အိမ်မှာ
အိပ်အိပ် ..
ပုဂံမရှီလို့ခက်နေတယ်ဗျာ..
ခင်မင်လေးစားလျှက်..

အင်း မိန်းမရရင် မြန်တဲ့နာရီ ကြီးကြီးဝယ်ထားရမယ်ထင်တယ်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More