Friday, 3 June 2011

***online မှာတွေ့ပြီး*** ဤသို့ မဖြစ်သင့်ပါ

0nline ကနေ ပင်လယ်ရပ်ခြား
ခရီးမနား မလေးရှား
ပါးပါးလေး လှမ်းလာခဲ့ပေါ့ကွယ်။
အခါတော် မင်္ဂလာ
နတ်ရေးတဲ့ ဖူးစာ
အကြင်လင်မယား ဇာတာနဲ့
အမှာစာ မပါပဲ တူတူနေခဲ့ ကြပြီကွယ်။
ရက်မှ လပြောင်း
အကြောင်းမထူး
ဘာအလုပ် ဖြစ်ဖြစ် မလုပ်နိုင်ဘူး
တစ်ဘူး ဘူးနဲ့.....ထိုင်ကာစား
မှိန်ရာသွားတဲ့ နှပါးခွင်လဲ
ဇယားမရွှင် လင်တော်မောင်
တွင်တွင်ငြင်းရပါတဲ့
ပြည်မြန်မာက ရတနာတစ်ပါးရယ်
ဒီလင်နဲ့ကွဲ အသည်းမှာမစွဲပဲ
အပြိုပြို အလှဲလှဲ
ကွဲကွဲ ရှရှ ဘ၀မလှ
နောက်တစ်ယောက်ပြောင်း
သိက္ခာတွေချွတ်ချ
မုသားတွေ တစ်ရက်တစ်မျိုး
မရိုးရအောင် အရောင် ဆန်းဆန်းတွေဝတ်ပြ
ခန္ဓာမှာ ဆင်ကိုယ်လုံး
အစားကပုတ်....အလုပ်ကပြင်း
ဒီတုတ်ခဲခဲကို .....မခံနိုင်....လင်တိုင်မမြဲ
တဲတဲလေးကို ဖြုတ်ချ....အဟုတ်မှတ်ပြီး
ပြောင်းပေါ့ တစ်ယောက်....နှောင်းတော့...ဂျောင်းပေါ့။

ဗြမ္ဗာစိုလ် တရား မရှိလေအား
ဗုဓ္ဒ မြန်မာ မိန်းကလေးပါ
ကြိမ်တွယ်ကာပြော အယောလက်လွှဲ
မမြဲသောကံ မမှန်သော သစ္စာ
နွံရမက်ထဲ တဲ့တဲ့ နှစ် တာအဆန်းအပြားမဟုတ်
ဘန်းစကား မဟုတ်တဲ့
မင်းလေးဘ၀ အားလုံးက
သနားရမှာလား။
...အမှားတွေ....ဘ၀ အမှားတွေကို
နားလည်ခွင့်လွတ်ရမလား....ဖြေပါအုန်းကွယ်
သူငယ်ချင်းရယ်။   ။

လက်ရှိ ကျွန်မနေထိုင်ရာအရပ်မှာ အမှန်တစ်ကယ်ဖြစ်ပျက်ခဲ့သော
အကြောင်းအရာလေးပါ။


ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်
လေးစားလျှက် jasmine

12 comments:

မမကဗျာတွေကတော့ တစ်ပုဒ်ထက်တစ်ပုဒ် ပိုပိုပြီးလန်ထွက်ထွက်လာတယ်ဗျာ.. တကယ်အားရစရာပါပဲ.... (စခြင်းနောက်ခြင်းမဟုတ်ပါ)...

တကယ်လည်း ဒီအတိုင်း ဖြစ်နေတာပဲ အစ်မရေ။
မြင်ရ တွေ့ရတာ လေပါတယ်။

ညီမ ရေ မလာရောက်နိုင်တာ ဆောရီးနော်...
ညီမ ရေးတဲ့ ကဗျာ က အမှန်တွေပါပဲ.....ဖြစ်ရပ်မှန်တွေကို
ကဗျာ လုပ်ဖြစ်နိုင်တဲ့ ညီမ ရဲ့  အနုပညာကိုတော့ လေးစားတယ်။
တပုဒ် ဆို တပုဒ်ထိမိတယ်။

လေးစားလျှက် (နန်းကြာဦး)...

အဲလိုမျိုး အကြောင်းတွေ ကြားမိတာ ကြာပြီ
ကဗျာလေးနဲ့ ပြောသွားတာ ပေါ်လွင်တယ်

ဟုတ်တယ်သူငယ်ချင်းရေ..မောင့်မှာလည်း၇ှိတယ်နော် ကဗျာနာမည်က
အကျိုးအပြစ်တွေမြင်အမျိုးချစ်စေချင်တဲ့ စာသားတွေရိုင်းနေလားလို့ မတင်ထားတာ မလေးရှာမှာဘင်္ဂလားနီပေါတွေနဲ့ ဖြစ်နေတဲ့မြန်မာမျိုး
မစစ်တွေမလေးတွေအတွက်ငါရေးထားတာ..ကြားရတဲ့သတင်းတွေကအသည်း
ယားတယ်နားခါးတယ်ကွာ..နင်လည်းသိတာပဲလားဟငါတို့ နားမှတော့များမှများသူတို့ ပြောတဲ့စကားသိလား..သစ္စာမေတ္တာI don`t know အိုင်တွေ့ တိုင်းကျွှဲမလူးရင်ကျွှဲရူးတဲ့..ဖြစ်နေကြတာပဲ
ဒီမှာတော့ အိုင်တွေ့ တိုင်းခြေဆေးတတ်တဲ့ယောက်ကျားတွေနဲ့ ခြေဆေးတိုင်းလက်သင့်ခံတတ်တဲ့ရေတွင်းပျက်မတွေလေ..ပြောမပြောချင်ပါဘူးကွာ..ငါစိတ်တိုရင်စာသားရိုင်းတယ်တော်ပီကွာမုန်လာထုပ်..အချစ်ကဗျာလေးတွေရေးစမ်းပါဆွေးနေလို့ ..ဟဲဟဲ

မပြောပါနဲတော့ကွယ်....

ကဗျာလေး ဖတ်သွားတယ် ညီမ ရေ

ရွှေစင်ဦး

သိနေသလိုလိုပါပဲ
အဲဒီတစ်ယောက်ကိုလေ....
ခုပြန်သွားပြီဟုတ်လား....
နူတ်ဆက်တဲ့သူ...လိုက်ပို့နဲ့သူတောင်မရှိဘူး....
မြန်မာမ တွေနာမည်ပျက်တယ်....

လေးစားတယ် မစံပယ်......
ကျွန်တော်တို့ အမျိုးသားတွေအနေနဲ့ အဲလိုမျိုရေးမိရင်
မသင့်တော်ဘူးထင်လို ငြိမ်နေတာ မြင်တွေ့နေရတာ
တော်တော် အသည်းနာတယ်..။

မစံပယ် လေးစားတယ်ဗျာ
ကျွန်တော်သူ့ကို သိသလိုပဲ
သူက နာမည်ကြီးပဲ(မကောင်းတဲ့ဘက်မှာ)
ကဗျာတွေလဲရေးတယ်လေ သူက
အွန်လှိုင်းမှာ သူက အပျိုကြီးလို့ ကဗျာတွေရေးတယ်လေ
ကဗျာဆိုတာ လိမ်ညာရင် မကောင်းဘူးပေါ့
သူ့ ကဗျာတွေဖတ်မိရင် ကဗျာမတွေ့ပဲ သူ့အိမ်ထောင်ဘက်တွေပဲတွေ့မိနေတယ် ဟီး
ဆက်လုပ်မစံပယ် ရိုးသားမှုတွေနဲ့ မစံပယ်အောင်မြင်မှာပါ

ဆုံးမစကားလေးတွေပါနေတဲ့ ကဗျာလေးနော် ဖတ်သွားပါတယ်။

ခင်မင်လေးစားလျက်

လာရောက်ခံစာဖတ်ရှု့သွားပါတယ်....
ဘဝဆိုတာဒါမျိုးဘဲထင်ပါရဲ့

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More