Sunday, 5 June 2011

နောက်မကျသေးဘူး သူငယ်ချင်းရေ.....

ကိုယ်ခန္ဓာ ထဲက မကောင်းဆိုးဝါးတွေကို
တွန်းလှန်လိုက်ပါသူငယ်ချင်း
နှလုံးသားထဲက ရေမျောကမ်းတင်
အမှိုက်သရိုက်များ တောချောင်းလေးနဲ့
ဆေးစေလို လို့ပြောမိတာပါ။
မြက်စားတဲ့ ခြင်္သေ့ မင်းဖြစ်ချင်နေတာလားကွယ်
ကန်ရေပဲသောက်ပါ....
စားမိတဲ့မြက်ခြောက်များ ပြန်အန်လိုက်နော်...
မနက်ဖြန်အတွက် အမှားကင်းအောင်
အားတင်းလိုက်ပါ သူငယ်ချင်း
ကွဲအက်သွားတဲ့ သိက္ခာအတွက်
ရိပ်သာဝင်စရာမလိုပါဘူး
တရား သဘောနဲ့ အမှားကို
အမှန်ပြင် နောက်မကျသေးဘူးနော်
ဖြေးဖြေးလေး လျှောကျနေတဲ့ ကိုယ်ကျင့်တရား
ပျက်တာများလို့ တစ်ခါထဲ ခ၀ါချလိုက်တော့....
တလိမ့်လိမ့် စီးဆင်းနေတဲ့ မင်းနှလုံသားက သွေးစက်တွေ
မိုးရေအေးနဲ့ မြောလိုက်ပါ...
အတွေးထဲက မနက်ဖြန်
နေသာသောနေ့ တစ်နေ့......

အားလုံးကိုအစဉ်လေးစားသော  jasmine

8 comments:

ပျက်အစဉ် ပြင်ခဏ ဘ၀ လေးတွေလှပ အေးမြကြပါစေ။

အင်း နောက်မကျသေးခင်အမြန်ပြင်မှပဲ..

ဟုတ်တယ်နော်
နောက်မကျသေးပါဘူး
မပြင်ရင်တော့မသိဘူးပေါ့

နောက်မကျသေးဘူး ၊ ကောင်းသောနေ့လေးပါ :)

လာရောက်အားပေးရင်ကြိုက်တာလေးတွေကူးသွားပါပြီမုန်လာထုပ်ကိုရော..ကော်ပီကူးပီးကြက်ဥနဲ့ ကြော်စားလို့ ၇လာ..ဟင်..လို့ ..ချေနော..ကြောနော နကိုမကြောဝူးလား..နင်တေမယ်မကြောလို့ ကတော့

မနက်ဖြန်မှာ နေသာရင်သာ မသာရင်တော့ အဝတ်တွေ မခြောက်တော့ဘူးတဲ့

စတာညီမ ရေ

ရွှေစင်ဦး

ကဗျာက ရည်ရွယ်ချက်လေး အင်မတန်ကောင်းတဲ့ ကဗျာပါ...တိုင်းကျိုးပြည်ပြုကဗျာ စာရင်းထဲထည့်လို့ ရနိုင်ပါတယ်...ဖတ်ရင်းနဲ့ပဲ ကဗျာရေးသူရဲ့ စေတနာကို သဘောပေါက်မိပါတယ်...ဒါပေမယ့် ကဗျာကို ဆက်ရေးနိုင်သေးပေမယ့် သေသေချာချာများ ရပ်ထားသလားလို့ ထင်မိတယ်...အဆုံးသတ်မှာ တိခနဲဖြတ်ပစ်လိုက်သလို ခံစားရလို့လေ...

ရည်ရွယ်ချက်ကောင်းတဲ့ကဗျားလေးကိုဖတ်လိုက်ရလို့
မမကိုကျေးဇူးတင်ပါတယ်နော်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More