အဆုံးအစမဲ့တဲ့ ကောင်းကင်ပြင် ကသူ့အောက်မှာရှိတဲ့
လမင်းကြီးရယ် ကြယ်လေးတွေရယ်ကိုငုံကြည့်နေမှာပါ
လမင်းကြီးကငိုပြီး....ကြယ်လေးတွေမချိပြုံးနဲ့
ဟိုတုန်းကမင်းပြောစကား...
တရားသဘောတော့ မရှိဘူးနော်
ဘ၀ အမှားများ အရိပ်မဲထဲက ဖျက်ချင်တာလား
မင်းတရားပါတယ်....
လိမ်ညာမှုတွေက အထပ်ထပ် ရှိနေခဲ့လို့
ဥပေက္ခာတွေ အလွှာလိုက်....တစ်လွှာပြီး ...တစ်လွှာ
မင်းရခဲ့တာလေ....တစ်ကယ်လို့
မေတ္တာ အမှန်...သစ္စာဧကန် ဆိုရင်တော့
ထိုက်တန်တဲ့ ရောင်ပြန် အလင်း(အနည်းငယ်ဖြစ်ဖြစ်)
ရရှိမှာ သေချာပါတယ်
အတိတ်က ကံကြမ္မာ အမဲကို
အနက်ရောင်ထပ် မချယ်ပါနဲ့
အပျက် အပျက်နဲ့
နှလုံးသွေးတွေ အဆုံးရှုံးမခံ ရအောင်
ပျက်အစဉ် ပြင်ခဏ ဆိုခဲ့ပါတယ်
ပျက်အစဉ် ပြင်မရ မလုပ်လိုက်နဲ့နော်...
ဘ၀လမ်းတွေ မပျောက်ဖို့ရာ
တမ်းတ အမှတ်ရစရာများ
အမြဲတမ်းပဲ မြူးထူးခုန်ပေါက်
တက်ကြွ ဖြတ်လတ်
မင်းရဲ့ အချစ်ရလဒ်
သိပ်တော့ မကောင်းခဲ့ပေမဲ့
ကောင်းသော စေတနာ
မေတ္တာ အရင်းခံပြီး နေဖို့ကိုတော့
အတင်းအကြတ် မပြောလိုပါဘူး။
တောင်းဆုပြုပါရစေကွယ်
တောင်းဆုပြုပါရစေကွယ်
လောကတစ်ခွင်နဲ့
သမီးတော်တို့အားလုံးကို
ဖန်ဆင်းတော်မူသော
ဘုရားသခင်...
ပျက်လုလု ဖြစ်နေသော
စိတ်အာရုံ ခက်ခဲလှသော
ဟန်ဆောင်အပြုံး နှလုံးအတု
အားလုံးကို ပြုပြင်ထိန်းသိမ်းပေးပါရန်
တောင်းပန်အပ်ပါသည်။
ကံမကောင်း အကြောင်းမလှ
သူငယ်ချင်းဘ၀ ကိုလဲ
အပ်နှံပါသည်။
မိမိကိုယ် မိမိလဲ အပ်နှံပါ၏။
အပူငွေ့တွေ တစ်ထောင်းထောင်းထ နေတဲ့
မောဟအပူ လောကအပူ ဒေါသအပူ တွေနဲ့
အပူတက အပူ သံယောဇဉ်အပူတွေကြား
အပူတက အပူ သံယောဇဉ်အပူတွေကြား
ဘ၀တွေ အေးချမ်းပါစေ...
အသင့်ရှိနေတဲ့ ရေကန်ထဲ
ကြာပန်းလေးတွေစိုက်ပေးပါကွယ်...
ဝင်ရောက်ဖတ်ပေးသော စာဖတ်သူများအားလုံးကို
လေးစားပြီးကျေးဇူးတင်ပါတယ်ရှင်။ ။ ။
jasmine



7 comments:
ကြာပန်းလေးစိုက်သွားတယ်ကွယ် ဟဲဟဲ
ကောင်းလိုက်တဲ့ ကဗျာတွေပဲနော်
အရမ်းတန်ဖိုးရျိတယ်....
ကျနော်ဘ၀ကတော့..ရေကန်ကြီးအဆင်သင့်ရျိနေပေမဲ့ 
စိုက်မလို့ ပဲကြာပန်းကိုဒါပေမဲ့ ဘယ်သူတွေခိုးသွားကြတာလဲမသိပါဘူး
..
ညီမလေး ရေ........လောကမှာ ပန်းတပင် ပျိုးဖို့ ထက်..
ခူးကြဖို့ ပဲ...စိတ်ထက်သန်တဲ့သူတွေများကြတယ်ကွယ် ။
အဲဒီတော့..ဘယ်သူမှ မစိုက်ခိုင်း ပါနဲ့  ..ကိုယ့်ရေကန် ကို
လာမနောက်အောင်ပဲ ထိန်းပါကွယ်
ဟန်ဆောင်အပြုံး နှလုံးအတု
အားလုံးကို ပြုပြင်ထိန်းသိမ်းပေးပါရန်
တောင်းပန်အပ်ပါသည်။
ကံမကောင်း အကြောင်းမလှ
သူငယ်ချင်းဘ၀ ကိုလဲ
အပ်နှံပါသည်။
မိမိကိုယ် မိမိလဲ အပ်နှံပါ၏။
ကောင်းတယ်အမရေ......
အတိတ်က ကံကြမ္မာ အမဲကို
အနက်ရောင်ထပ် မချယ်ပါနဲ့
ညီမ ရေ ဖတ်သွားတယ်နော် ကောင်းတယ်
အပူငွေ့တွေ တစ်ထောင်းထောင်းထ နေတဲ့
မောဟအပူ လောကအပူ ဒေါသအပူ တွေနဲ့
အပူတက အပူ သံယောဇဉ်အပူတွေကြား
ဘ၀တွေ အေးချမ်းပါစေ...
အသင့်ရှိနေတဲ့ ရေကန်ထဲ
ကြာပန်းလေးတွေစိုက်ပေးပါကွယ်...
မရေ....ကောင်းလိုက်တာနော်
ကြိုက်တဲ့ ကဗျာတွေကူးသွားပါတယ်...
ရေးသူ နေရာမှာတော့ မ နာမည်တပ်ထားပါတယ်နော်...
jasmine လေးရေ မင်္ဂလာပါ...ခုလေးတင်ပဲ ထိုင်းကနေ မလေးကို ပြန်ရောက်ပါတယ်...ကဗျာလေးကို ဖတ်သွားတယ်...ကောင်းတယ်...ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ Jasmine ရေ...
Post a Comment