Wednesday, 22 June 2011

တခါက ချစ်သူသို့

ပလီပလာ စကားတွေနဲ့
တီတီ တာတာပြောပြီး
မင်းလေး ငါ့ဆီလာခဲ့တယ်။

မရေရာတဲ့လမ်း
စမ်းတ၀ါး
မလျှောက်ချင်ဘူး
မောင့်လက်ကိုတွဲ
မောင့်ပခုံးမှာခိုခဲ့ရလို့
မျက်ရည်တွေလဲစိုစရာမလိုတော့ပါဘူးတဲ့
                                    ဟန်ဆောင်မှုအရေခွံခွါချ
တခါက.........မောင်ရေဆိုတဲ့အသံ။

အကြောင်းမဆုံလို့
မပေါင်းဖက်ရတာပဲလို့
ယူဆပေးပါလားတဲ့
မင်းပြောစကား
နားကြားလွှဲသလား
အရာအာလုံး သူစိမ်းပြင်ပြင်။

မင်းအတွက်ငါ
စည်းအပြင်ရောက်
ကမောက်ကမ
ငါ့ဘ၀ကို
မြင်လှဲ့ ပါလို့ မပြောခဲ့ဘူး။

ရိုးသားစွာ မွေးဖွားခဲ့တဲ့
အပျံသင်စငှက်ရဲ့ သမိုင်း
ကောင်းချီးမင်္ဂလာ ဘာမှမရှိတော့
ရင်ဝကို မြားမှန်
ဒဏ်ရာရ နှလုံးသား
မင်းလေးပေါ် အမုန်းတရားတော့ မထားဘူး။

ပြီးဆုံးသွားပြီလား
ပုံပြင်လို့သတ်မှတ်
တစ်ထောင်တစ်ညနဲ့ပေါင်း
ရင်ဘတ် ဟောင်းလောင်း
မင်းအကြောင်းပဲ တမ်းတ
ဒါပေမဲ့ မှန်းဆ မရ။

အော်....ချစ်ရသူရေ
အေးစက် တောင့်တင်းနေတဲ့
ငါ့သံယောဇဉ်တွေ
နှလုံးသား တံခါးပိတ်
တိတ်တိတ်လေးပဲ
နေပါရစေတော့။

သူငယ်ချင်းတစ်ယောက်ရဲ့ ခံစားချက်ကိုဖွင့်ဆိုပါသည်။(ယောက်င်္ကျားလေးဖက်မှ ရေးသားထားခြင်း)
ဝင်ရောက်ဖတ်ပေးသော စာဖတ်သူအားလုံးကိုအစဉ်လေးစားလျှက်
စံပယ်ချို...............



10 comments:

မစပယ်.....
သူငယ်ချင်းအတွက် ခံစားပေးထားတာလေးကို
ထပ်ဆင့် ခံစားသွားပါတယ်။

တိတ်တိတ်လေးဘဲနေတော့မယ်တဲ့လား

ဘယ်သူ့ကိုယ်စာရေးပေးတာလဲ မစံပယ်ရေ

ဒါဟာ ၇ိုး၇ိုးလေး၇ှင်သန်နေတဲ့ ဘဝလေးကို ဖျတ်စီလိုက်တဲ့ အချစ်လား..အချစ်ဆိုတာ ဘာလို့ လွယ်လွယ်နဲ့ ပြောနေကြ၇တာလဲဟာ..ငါတို့ တန်ဖိုးထားသူတွေတွက် ငါတို့ နျလုံးသားတွေဟာ သူတို့ ဂုဏ်ယူဝင့်ကြွားဖို့ တွက် ဖဲ့ခြွေခံ၇တာ တန်သလား..

တခါကမောင်ရေ ဆိုတဲ့အသံ... အင်းကြားဖူးသလိုလိုတော့ရှိသား.
စကားမဆက်မမဂျပ်စ် ကသူငယ်ချင်းတွေ ကိုတော်တော်ချစ်တတ်တယ်နော်

တစ်ဦးတစ်ယောက်ထဲကြီးပြင်းလာရလို့
သူငယ်ချင်းတွေကိုခုံမင်တွယ်တာ တာပါ
ချစ်လဲချစ်ပါတယ်..
သူငယ်ချင်းကို...အဖိုးတန်ပစ္စည်း လိုသဘောထားတာ

ကျနော့်ကို စောင်းရေးတာများလားဗျာ။
မနေ့ကပဲ သူက . ... . . . . . .

အလွမ်းကဗျာလေး တစ်ပုဒ် ဖတ်သွားပါတယ်။ သူငယ်ချင်းအတွက် ခံစားချက်လေးကို ကူညီရေးသားပေးတဲ့ အကျိုးဆက်ကြောင့် ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဖတ်သွားတယ် ညီမရေ

ခံစားဖတ်သွားပါတယ်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More