Tuesday, 14 June 2011

ပေါက်ကရ ယောင်တိယောင်ချာ ***အလွမ်း*** ၂

ချစ်သူဆီက ဘာတွေရယူခဲ့သလဲ
သူ့ထံကို ဘာတွေပေးထားခဲ့သလဲ
မင်းလေးစဉ်းစားခဲ့ဖူးပါသလား.......???

မေးပါရစေတော့...
ကွဲအက်ပြီး တေ့ဆက် ဆက်ထားတဲ့
နှလုံးသားဆီကို....အပြုံးတွေသုံးပြီး
မင်းအရောက်လာနိုင်ပါသလား.....???

အကြိမ်ပေါင်းများစွာတက်ခဲ့ရတဲ့
ဆေးရုံ.....ဒီနှလုံးသား
အကောင်းတိုင်းတော့ ...မဖြစ်နိုင်ပါဘူး
အပြစ်မမြင်တဲ့ အချစ်တွေကပဲ
ခြေစုံပြစ်ပြီး ယုံမိတာပါ
ကြေကွဲခြင်းတွေတော့မယူချင်ပါဘူး...ချစ်သူရေ
ဒါမေမဲ့လဲ....
မင်းလေးပေးတာ...ဥပေက္ခာတွေ...သမုဒ္ဒရာ မက
ပြန်ယူပါလား...???

လမ်းကြောင်း တွေကကျဉ်း
စိတ်ကူးတွေ သေးသိမ်
ခြေလှမ်းတွေ ယိုင်နဲ့နဲ့
မနက်ဖြန်....ဘာဖြစ်မှာလဲ
အဖြေမသိပေမဲ့.....ရင်ထဲလဲဘာမှမရှိတော့ပါလား။    ။    ။

စာဖတ်သူများအားလုံးကိုအစဉ်လေးစားလျှက်
jasmine

8 comments:

မရေ
အရင်ဆုံးဖတ်လိုက်ပါပြီနော်...
တစ်ကယ်ရင်ထဲဘာမှမရှိတော့ဘူးလား
မောင်ရော...ဘယ်မှာထားလဲ...

နတ်နတ်မေးတဲ့အတိုင်းပဲမေးပါရစေတော့နော်
အသည်းလေးလို့ခေါ်နေတဲ့ မောင်ရော....

သူဆီကကျနော်ရခဲ့ တယ်ဟန်ဆောင်ကောင်းခဲ့ တဲ့ အပြုးတွေကျနော်ပြန်ပေးလိုက်ရတာတော့ဘ၀တခုပဲအမရေ....
ကြုံတုံးလေးရင်လာဖွင့်လိုက်တာ

လမ်းကြောင်း တွေကကျဉ်း
စိတ်ကူးတွေ သေးသိမ်
ခြေလှမ်းတွေ ယိုင်နဲ့နဲ့
မနက်ဖြန်....ဘာဖြစ်မှာလဲ
အဖြေမသိပေမဲ့.....ရင်ထဲလဲဘာမှမရှိတော့ပါလား။
မမရေ ခံစားအားပေးလျှက်...
အရှုပ်တွေလုပ်နေလို့ ခုမှပဲ ရောက်တယ်...:):)

ညီမ ရေ

ကဗျာလေး ဖတ်သွားတယ်နော်

ဒေါ်လေးရေ ကျွန်တော်ရောက်ခဲ့ပါတယ်.. အမြဲတန်း မပျက်မကွက်လာလည်တတ်တဲ့ ဒေါ်လေးကို ကျေးဇူးတင်ပါတယ်ဗျာ.. ကျွန်တော့်ရဲ့ ဧည့်ဝတ်မကျေတာတွေ အတွက်လည်း စိတ်မဆိုးဖို့ တောင်းပန်ခဲ့ပါတယ်ဗျို့.. ပျော်ရွှင်ချမ်းမြေ့ပါစေဒေါ်လေး

သူ့ဆီကတော့ ဘာမှမရခဲ့ပါဘူး။
ကိုယ်ကချင်းဘဲပေးဆပ်နေရသူပါ။

ချစ်သူဆီကိုမျော်လင့်ပြီးချစ်တာမကောင်းဘူးလေ
မေတ္တာသန့်သန့်ပဲမျော်လင့်တာကောင်းတယ်
ကိုယ်ကဘာမှမရပေမဲ့ဝမ်းမနဲပါနဲ့
ပေးနိုင်သလောက်ပေးလိုက်ပါ။ ။
ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုကျွန်မအမြဲ
ကျေးဇူးတင်နေမှာပါရှင်.....
အကြံပေးချက်များကိုလဲအလေးထားပါတယ်ရှင်။
ဝေဖန်မှုတွေကိုလဲဖိတ်ခေါ်ပါတယ်ရှင်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More