Sunday, 12 June 2011

***မုန်းလိုက်ပါပြီ***

ငါ ၀ိညာဉ် ၏ နောက်ဆုံးခရီး 
ဘုရားသခင်ထံသို့
ကောင်းမွန်ရာလမ်း ဖြတ်သန်းချင်တယ်။
မြင့်မြတ်စွာ နဲ့ နှလုံးသားထဲကိန်းအောင်းနေသော
မေတ္တာတရား ဟာ အမုန်းကန္တာရထဲ
ဥပေက္ခာ တွေအထပ်ထပ်
ကြင်နာမှုမရှိတဲ့ အပြုံးတုတွေလဲ
မလိုချင်တော့လို့ ကိုယ့်ရင်ဘတ်ကိုယ်
တင်းတင်း ကြပ်ကြပ် ပိတ်ပြီး
မင်းနဲ့ဆန့်ကျင်ဖက်ဆီသို့
ဦးတည်နေပြီးမှ..............
အမှတ်စဉ်တပ်လို့မရတဲ့
တောင်းပန်မှုတွေနဲ့ ငါ့ကိုမောင်းပြန်ခိုင်းနေတာလား
ယုံကြည်လို့မရတဲ့ မင်းပြောစကားတွေလဲ
အစဉ်ခါးသီးနေပါပြီ
အတိတ်ချိုက ကော်ဖီခါးတစ်ခွက်ကို
ခပ်မြန်မြန်လေးသောက်ဖို့ ၀န်မလေးခဲ့ဘူးနော်။
အချစ် ပါရမီ မရင့်ကျက်သေးလို့ပဲ
အလှည့်အပြောင်း များစွာ... 
မာယာတွေ အလွှာလိုက် ခွါချမရတဲ့
အတုအယောင်တွေ
ဥပေက္ခာတွေအလုံးအရင်းကို
ငါ့ရဲ့နှလုံးသားတွေ စုတ်ပြတ်သွားအောင်ကို
သံယောဇဉ်တွေ အပုံလိုက်ပေးမိပြီကော...
အားလုံး.....အားလုံးကို ယုံစားမိလို့
ဘ၀ အမှားကြီးတွေ ရလိုက်ပါပြီ။
 နဲနဲလေးနောက်ကျသွားတယ်နော်
တစ်ကယ်တော့ ငါမင်းကို အရင်မုန်းသင့်တာပဲ ။     ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်း
အားလုံးကိုလေးစားလျှက်
jasmine

7 comments:

အ၇မ်း ခံစား၇ပါတယ်..

နဲနဲလေးနောက်ကျသွားတယ်နော်
တစ်ကယ်တော့ ငါမင်းကို အရင်မုန်းသင့်တာပဲ ။ ။

ကိုယ်ကလက်ဦးမှုရှိရမယ်လေ.....

ဘာတွေဖြစ်ကုန်ပြီလဲဟင်

တကယ်သေချာပြီလား...ကျန်းမာပျော်ရွှင်ပါစေ စပါယ်ရေ...

နာကတော့မုန်းဝူးနော်နင့်ကို..အမြဲတမ်းချစ်..အဲမှားလို့ ခင်နေမယ်လို့ ..နော

နှလုံးသားတွေတောင်စုတ်ပြတ်သွားပြီဆိုတော့မှ
မုန်းလိုက်တာပဲကောင်းပါတယ်။

ကဗျာလေး ဖတ်သွားတယ်ညီမရေ

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More