Tuesday, 21 June 2011

ဟောင်းလောင်းဖြစ်သွားတဲ့ နှလုံးသား

ကောင်လေးရေ.....
မင်းကိုချစ်မိလို့ မှားများသွားပြီလား
ပေးခဲ့တဲ့ အရာတွေ အတိုင်းအတာ တူတူပြန်ရခဲ့လား
ချစ်ခြင်းတွေကိုထုထည် နဲ့တွက်မလို့လား
မင်းမှားမယ်နော်။           
...................ထွက်သွားမှာလား
တားပါရစေ....ချန်ထားမှာလား
ကျန်ရစ်သူလဲ မဖြစ်ချင်လို့ပါ။
..................ရင်ဘတ်ထဲက နှလုံးသားမြေကြီး
အလွမ်းဆိုတဲ့ ပန်းတွေ မစိုက်ချင်ဘူး။
ကံကြမ္မာ အပြောင်းအလဲ အကောင်းတွေပဲ
တွေးပါရစေ .......
ကိုယ့်နှလုံးသားကို ကြိုး ၆ ကြိုး
ကိုယ့်ဖာသာကိုတပ် ရင်ဘတ်ထဲကသံစဉ်တွေ
ကောင်လေးကြားရလား......
သံယောဇဉ်ဆိုတဲ့ အသံ တွေ
ဂန္တ၀င်မမြောက်ခဲ့ဘူး
ကြိုးတပ်ထားတဲ့ နှလုံးသား ကျဉ်းကျဉ်းလေးထဲကနေပြီး
မကုန်နိုင်တဲ့ အကြင်နာ တရားတွေက
ကောင်လေးရှိတဲ့ အရပ်ကိုပဲ
ပြူတစ် ပြူတစ်နဲ့ ကြည့်နေလေရဲ့
အတုတွေ ပေါနေတယ်ကောင်လေးရေ
...................မောင့်အချစ်တွေ စစ်မှန်လို့
ခြေစုံပစ်ပြီး ယုံပေးပါ တဲ့......................
အဲဒီစကား မကြာသေးဘူး ပြောခဲ့ဖူးတာ
အလိမ်အညာတွေ အပြိုင်အဆိုင်ပေါ်နေပါလား
ဒီနေ့တော့ အဖြစ်အပျက် ရုတ်တရက်မို့
ကြွေကွဲခြင်းတွေ အညာနွေက
သစ်ခြောက်ပင်လို အရိုးပြိုင်းပြိုင်းတွေက
ရင်ဘတ်ထဲကို ယိုင်ထိုးပြီးဝင်လာနေပြီ..........
အဲတာ ဘာတွေဖြစ်ကုန်တာလဲ ကောင်လေးရေ
ခုတော့ လမ်းကျဉ်းကျဉ်းလေးထဲ
ခြေလမ်းတွေ မခိုင်တော့
ယိုင်နဲ့နဲ့ လမ်းလျှေက်နေတာ
တစ်ယောက်ထဲပါ............ကောင်လေးရေ....
ဆောင်းတစ်ဝက်...နွေတစ်ဝက်..
အဲတာ ကောင်းလေး နှလုံးသားလား။

ဒီနှစ်မိုးက အရင်ထက် သာနေသတဲ့
အလင်းဖျော့ဖျော့ တောင်မပေးနိုင်ဘူး
နေ့စဉ်ရက်ဆက် တချူံးချူံး နဲ့ အဆက်မပြတ်
တောင်ကျရေတွေကလဲ တဝေါဝေါ စီးဆင်းနေလေရဲ့
အဲတာတွေက ကောင်လေးကိုချစ်မိတဲ့
ငါ့ အလွမ်းတွေပဲပေါ့......
အဖြူရောင် ဆောင်းရက်များ
အမြန်ရောက်ပါစေတော့....
ရင်ဘတ်ထဲ သံယောဇဉ် အမြစ်များ
ကျူပင်ခုတ် ကျူငုတ်မကျန် ကောင်လေးက
ခုတ်ထွင်ရှင်းလင်းပေးတာ ကျေးဇူးပါပဲကောင်လေးရေ။  ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
အစဉ်သဖြင့်လေးစားလျှက်ပါရှင်။
jasmine







7 comments:

သယ်ရင်း
ကောင်လေးကဘယ်သူလဲဟ....
တစ်ကယ်ကြီးလား...

မရေ...ကဗျာလေးကိုခံစားလိုက်ပါပြီနော်

ကိုယ့်နှလုံးသားကို ကြိုး ၆ ကြိုး
ကိုယ့်ဟာကိုတပ် ရင်ဘတ်ထဲကသံစဉ်တွေ
ကောင်လေးကြားရလား......
သံယောဇဉ်ဆိုတဲ့ အသံ တွေ
ဂန္တ၀င်မမြောက်ခဲ့ဘူး......တဲ့

ဒုထည်= ထုထည်
အပြောင်းအလှဲ=အပြောင်းအလဲ
ကိုယ့်ဟာကိုတပ်=ကိုယ့်ဖာသာကိုယ်တပ်
ယိုင်းထိုး=ယိုင်ထိုး
ကျူငုပ်မကျန်=ကျူငုတ်မကျန်
ကဗျာလေးလှပါတယ်...စိတ်ကူးလေးလဲ ကောင်းပါတယ်...အဲဒီစာလုံးပေါင်းလေးတွေသာ သတိထားလိုက်ရင် အတိုင်းထက်အလွန်ပေါ့...

ကျေးဇူးတင်ပါတယ်ဆရာ...
ခုလိုသင်ပြပေးတာကို
နောင်လိုအပ်တဲ့အရာတွေကိုလဲပြောပြပေးပါရှင်။
ဆရာချမ်းမြေ့ပါစေ။

မိုးတွေရွာနေတယ်ထင်တယ်။ မိုးရွာနေရင်ကောဖီလေးနဲ့ကဗျာလေးနဲ့ဇိမ်ဘဲ

အဟမ်း အဟမ်း........ တခါတခါကြတော့လည်း ဒါမျိုး ကောင်လေးဖြစ်ချင်သားဗျ..... အဟမ်းအဟမ်း..

ကောင်လေးဆိုတာ
မောင်လားဟင်....
ဘယ်သူလဲ...

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More