Thursday, 16 June 2011

လောကရဲ့ သဘာဝ

မရှိတဲ့ ဂုဏ်သိက္ခာ ဟိုအမြင့်မှာ ထားစရာလား
မှားကုန်မပေါ့......အနေမပျက် ချင်ရင်တော့
တေမိလို နေဖို့လိုမယ်ထင်။

အချစ်ရူး တာလား
အရက်မူး တာလား
ရီဝေေ၀ တော့ဖြစ်နေပြီ
မီးခိုးငွေ့ ဖြစ်သွားတဲ့
မင်းသိက္ခာတရား
ကောင်းကင်ဘုံတော့ရောက်မှာပါ။
လောက ဒါဏ်ရာတွေကို
ရေဘူးပေါက်ထဲ ထဲ့ပေမဲ့
ရေလိုထွက်ကျ မသွားဘူးနော်...
သံသရာ ဟိုဖက် ဘာမှမမြင်ပေမဲ့
အဲဒီလမ်း ရမ်းသန်းသွားလို့မရဘူး
ကံကြမ္မာ ရိုက်ချက်ပြင်းပြင်းလေးက
တစ်ယောက် တစ်နေရာ မှာဆိုတော့
အခေါက်တစ်ရာမှာ တစ်ခါတွေ့ဖို့
မေ့မရတဲ့ အကြောင်းတရား
ရှိရမှာပေါ့
အဆင်းမဖြူတဲ့ မာယာမြူတွေကြားက
အပျင်းပြေ သဘောနဲ့ ကစားခဲ့ တာတဲ့
အမှတ်မရှိတဲ့ အသည်း နှစ်ခါကွဲတာ ဆန်းသလား
အများ စကား ခါးသလားလို့ မပြောပါနဲ့
စေတနာ စကားမို့ သံတရ ကင်းကင်း
အမှားရှင်းရှင်း ယုံလိုက်စမ်းပါ..... ယုံစမ်းပါ
အသည်း နှလုံး တစ်ခုလုံး
ဆုံးရှုံး ရသူ ကိုယ်တစ်ယောက်ထဲ မဟုတ်
ကမ္ဘာပေါ်က လူအများရဲ့
ဖြစ်ရိုး ဖြစ်စဉ် တစ်ခုပါပဲ။
လိမ်ညာမှု မုန်းတိုင်းတွေထန်နေသရွေ့
နှလုံးသား အရိုင်းတွေ ရှိနေမှာ
သဘာဝပါပဲ.............

စာဖတ်သူအားလုံးကိုအစဉ်လေးစားလျှက်
jasmine







8 comments:

မှန်တယ်။ အသည်းကွဲတာကိုယ်တစ်ယောက်ထဲမဟုတ်ပါ။ ဘာမှအားမငယ်ပါနဲ့။

ဟုတ်တယ် Jasmine ရေ အသည်းကွဲနေတဲ့လူတွေ လောကမှာ တပုံတပင်ကြီးပဲ...ကျန်းမာပျော်ရွှင်ပါစေ

ကျနော်ကိုအားပေးလိုက်တဲ့ ကဗျာလေးပဲမရေကျေးဇူးအရမ်းတင်ပါတယ်

တလက်စတည်းအမတို့ လိုကဗျာဆရာတွေလိုအပ်နေပါတယ်မရေ
သင်ရောက်ရေးသားလို့ ရမယ်ဆိုရင်ရေးစေချင်ပါတယ်
http://wwwphyowai.blogspot.com/
လာရောက်ကြည့်ပေးပါအု့း ကျနော်ဘလော့ရဲ့ အပေါ်နားမှာလည်းညွှန်းထားပါတယ် အမကိုဖိတ်ခေါ်ပါတယ်ရင်ထဲကကဗျာတွေကိုစိတ်ကြိုက်ထုပ်စေချင်သောစေတ
နာများဖြင့်

ဖြိုးဝေရေ
ဘာပဲဖြစ်နေပါစေစိတ်ဓါတ်မကျမိပါစေနဲ့နော်
ရပ်လဲမနေပါနဲ့
ဆက်လျှောက်ပါ....ဆက်လုပ်ပါ...
အဲတာဟာ ဘ၀အစစ်အမှန်ပါပဲ...

လိမ်ညာမှု မုန်းတိုင်းတွေထန်နေသရွေ့
နှလုံးသား အရိုင်းတွေ ရှိနေမှာ
သဘာဝပါပဲ.............
မမရေ...မှန်လိုက်တာ နဖူးကိုတည့်တည့်ပဲပဲ..:):)

သံသရာ ဟိုဖက် ဘာမှမမြင်ပေမဲ့
အဲဒီလမ်း ရမ်းသန်းသွားလို့မရဘူး.........

သိပ်မှန်တာပေါ့..ညီမရယ် ။ ဒါဟာ တချက်လေးမှားတာ နဲ့ 
ပူပြင်းတဲ့ ဒေသ ကိုရောက်သွားလိမ့်မယ် ။ အရမ်းကြိုက်တယ်
အရေးအသားကို........

အရှုပ်တွေ လုပ်နေလို့  အခုလာလည်ဖြစ်တဲ့ အတွက် စိတ်ဆိုး
နဲ့ နော်...

အိမ်လည်ရင်း ကဗျာကောင်းလေး တစ်ပုဒ်ဖတ်သွားပါတယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More