Friday, 25 March 2011

(ထွက်သွားပေးပါ အမုန်းများ) ရင်တွင်းစာ ***

အကောင်းမြင်နဲ့ အဆိုးမြင် ဘယ်အမြင်ပိုကောင်းလဲ....
အချစ်နဲ့ အမုန်း ဘယ်ဟာက ကောင်းတာလဲ....
ကြွေကျ မြေခ သစ်ရွက်နဲ့ အပင်ပေါ်က စိမ်းစိမ်းစို သစ်ရွက်
ဘယ် အရွက်က ပိုလှသလဲ......
အိပ်မပျော်ည အိပ်ပျော်ည....
ဘယ်ညက အရသာ ရှိလဲ...
အချစ်နဲ့ အမုန်း..ဘယ်အရာက သိမ်းထားဖို့ကောင်းတာလဲ...
အဝေးဆုံး နဲ့ အနီးဆုံး...ဘာကိုလိုချင်ပါသလဲ.....
သစ္စာတရား နဲ့ လိမ်ညာခြင်း....ဘယ်အရာကိုရွှေးမှာလဲ....
တိတ်ဆိတ်ခြင်း နဲ့ ဆူညံခြင်း ဘယ်သင်း က ပိုမှာလဲ.......
သစ္စာ........ အကြင်နာ.......မြတ်နိုးခြင်း.......ယုံကြည်ခြင်း....များစွာနဲ့
ငါလာခဲ့တာပါ......
“ဥပေက္ခာ” ဆိုတာကိုရင်ထဲ မထားပါနဲ့ကွယ်........
(ထွက်သွားပေးပါ အမုန်းများ)

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။   

jasmine ရဲ့ ပေါက်ကရ အလွမ်း (ကိုယ်တိုင်ရေး) ရင်တွင်းစာ ***

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More