ငါ၏မျက်လုံးတို့သည်
စောင့်ကြည့်နေရခြင်းအတွက်
သူတို့၏ အိပ်ပျော်ခြင်းများ ဆုံးရှုံးခဲ့ပြီ။
သူကိုမတွေ့ရသည့်တိုင်
စောင့်ကြည့်နေရ သည်မှာ ချိုမြိန်လှပါ၏။ ။
ငါ၏နှလုံးသားသည်
မိုးရေစက်အရိပ်အောက်များတွင် ထိုင်၍
သင့်အချစ်ကို စောင့်မျော်နေပါ၏။
သင်မရှိသေးသည့်တိုင်
စောင့်မျှော်နေရသည်မှာ ချိုမြိန်လှပါ၏။ ။
သူတို့သည်
မတူညီသော လမ်းအသီးသီးကို
ငါ့ကိုချန်ထား စွန့်ခွာသွားခဲ့ကြပြိ။
ငါတစ်ယောက်ထဲ ကျန်ခဲ့သည့်တိုင်
သူတို့ခြေသံများကို နားစွန့်နေရသည်မှာ
ချိုမြိန်လှပါ၏။ ။
နွေနှောင်းရာသီ မြူတို့ကို ရက်လုပ်နေသော
ဥာဏ်များသည့် မြေကြီးမျက်နှာသည်
ငါ့နှလုံးသားထဲရှိ
လွမ်းဆွတ်တမ်းတစိတ်ကို လှုပ်နိုးနေပါ၏။
(အကျိုးမရှိ) အချည်းအနှီးဖြစ်ရသည့်တိုင်
လွမ်းဆွတ် တမ်းတရသည့်ဝေဒနာကို
ခံစားရသည်မှာ ချိုမြိန်လှပါ၏။ ။
စောင့်ကြည့်နေရခြင်းအတွက်
သူတို့၏ အိပ်ပျော်ခြင်းများ ဆုံးရှုံးခဲ့ပြီ။
သူကိုမတွေ့ရသည့်တိုင်
စောင့်ကြည့်နေရ သည်မှာ ချိုမြိန်လှပါ၏။ ။
ငါ၏နှလုံးသားသည်
မိုးရေစက်အရိပ်အောက်များတွင် ထိုင်၍
သင့်အချစ်ကို စောင့်မျော်နေပါ၏။
သင်မရှိသေးသည့်တိုင်
စောင့်မျှော်နေရသည်မှာ ချိုမြိန်လှပါ၏။ ။
သူတို့သည်
မတူညီသော လမ်းအသီးသီးကို
ငါ့ကိုချန်ထား စွန့်ခွာသွားခဲ့ကြပြိ။
ငါတစ်ယောက်ထဲ ကျန်ခဲ့သည့်တိုင်
သူတို့ခြေသံများကို နားစွန့်နေရသည်မှာ
ချိုမြိန်လှပါ၏။ ။
နွေနှောင်းရာသီ မြူတို့ကို ရက်လုပ်နေသော
ဥာဏ်များသည့် မြေကြီးမျက်နှာသည်
ငါ့နှလုံးသားထဲရှိ
လွမ်းဆွတ်တမ်းတစိတ်ကို လှုပ်နိုးနေပါ၏။
(အကျိုးမရှိ) အချည်းအနှီးဖြစ်ရသည့်တိုင်
လွမ်းဆွတ် တမ်းတရသည့်ဝေဒနာကို
ခံစားရသည်မှာ ချိုမြိန်လှပါ၏။ ။
အားသည့်အချိုန်များတွင် ကျွန်မကြိုက်သော ကဗျာ များကိုတင်ပေးပါမည်။ ။
(ကဗျာချစ်သူများအတွက်)
Tagore ၏ Crossing စာအုပ် အပိုဒ် ၁၁ မှ


0 comments:
Post a Comment