Tuesday, 1 March 2011

***၂၀၁၁ ရဲ့ နွေဦး ကတော့ ရောက်ရှိလာပါပြီရှင်***


      မြန်မာနိုင်ငံ ရဲ့၂၀၁၁ ခုနှစ်နွေရာသီသည် မတ်လဆန်းတွင် ရောက်ရှိလာပါပြီရှင်....

ဆောင်းရာသီ ကုန်ဆုံးချိန်မတိုင်မီပင်အချို့နေရာများတွင် အပူချိန်များ စတင်ခဲ့တာကိုသတိ

ပြုမိမှာပါ....ယ္ခု နောက်ပိုင်းမှာသိပ်မအေးတော့တဲ့ ကျွန်မတို့မြို့ တောင်ကြီးပင်အတော်ပင်

အေးခဲ့တယ်ဆိုတာ ကျွန်မ မေမေြေ့ပာပြလို့သိခဲ့ရပါပြီ....



အဲဒီလိုပါပဲ...တစ်ဆောင်းကုန်လို့ တစ်နွေဝင်ခဲ့ရပြီကောရှင်...

နွေဦး ရာသီဆိုပေမယ့် တစ်ချို့နေရာတော်တော်များများ အပူကြီးနေရပါပြီ၊

ကျွန်မ ငယ်ငယ်က ပူပြင်းသောနွေရာသီ ကိုမကြိုက်ပေမယ့်

ကစားချိန်ပိုပြီး စာကျက်ရတာနဲသောကြောင့် နွေရာသီကိုနဲနဲတော့ ခင်တွယ်မိပါတယ်...

မေမေ သည်ကျွန်မနှင့်ပတ်သက်လျှင် အလွန်လောဘကြီးသည်ဟုပြောလို့ရပါသည်။



သူများတကာနွေကျေင်းပိတ်ဆိုပေမယ့် ကျွန်မကတော့ အပြည့်အ၀ မပိတ်ရပါဘူး...

English သဒ္ဒါ သင်တန်းကိုတက်ရလို့ပါ။။။။။

မေမေ အိမ်မှာရှိတဲ့အချိန်ဆိုရင် ကစားချိန်နဲပါတယ်...စက်လဲချုပ်ရပါတယ်...

အထည်ကတော့ အထည်ကြီးပေါ့...ဥပမာ...ခေါင်းအုန်းစွပ်တို့..ခန်းစီးတို့ပါ။

သိုးမွှေးလည်း ထိုးရပါတယ်...ကျွန်မ အရမ်းကိုတော်ခဲ့ပါတယ်..

မေမေ အတွက်ဆိုပြီး တစ်ထည် စထိုးပါတယ်...လက်ရာမြောက်ပြီးတော်လွန်းတော့

ထိုးပြီးချိန်မှာ..ကျွန်မတို့အိမ်နားက မေမေ့မိတ်ဆွေတစ်ယောက်ရဲ့ ၄နှစ်

သမီးကိုပေးလိုက်ရပါတယ်...အဲဒီလို တော်ခဲ့တဲ့ အဖြစ်အပျက်တွေ ကျွန်မဆီမှာ

မရည်တွက်နိုင်အောင်ပါပဲ...စာကျက်တဲ့ ကိစ္စ လည်းအတော့်ကိုပြင်းပါတယ်။

စာကျက်ချိန်ဆိုရင်...မျက်စိကိုပိတ်ပြီး ရပြီးသားစာများကို တောင်စဉ်ရေမရ...

အော်တော့တာပါပဲ...ကျွန်မ တို့ပတ်ဝန်းကျင်က စာတော်တဲ့သူများပါတယ်...

အနဲဆုံးတော့...အားလုံးလိုလို ၁၀တန်းအောင်ပြီး..ဒုတီယနှစ်လောက်တော့ ရှိကြပါတယ်

ဆရာဝန်...အင်ဂျင်နီယာ...ကျောင်းဆရာမ...ကျူတာ...အများကြီးပါ..

ကျွန်မက လွဲလို့ပေါ့...ဒီအချိန်ကျမှ မေမေ မေတ္တာကိုနားလည်ရတာပါ..ဒါပေမယ့်

အများကြီးနောက်ကျခဲ့ပါပြီ။  ။

ကျွန်မ ဟာကျောင်းလဲတစ်ပိုင်းတစ်စ...

စီးပွါးရေးလည်းမလုပ်တတ်..

ဘ၀ မှာ ဘာမှမဖြစ်ခဲ့ပါဘူး....ဒါကြောင့် သူငယ်ချင်း များအားလုံး

မိဘ စကားကို နားထောင်ပြီးလိုက်နာဆောင်ရွက်စေချင်ပါတယ်.ဒါမှ..

ဘ၀ မှာအောင်မြင်မှုဆိုတာ ကိုရင်ဆိုင်ကြရမှာဖြစ်ပါတယ်...

ရောက်ရှိလာမယ် နွေ၇ာသီကို အားလုံး အကျိုးရှိရှိ ဖြတ်သန်းဖို့လည်း

တိုက်တွန်းပါရစေရှင်.

စာဖတ်သူများအားလုံး

လုပ်သမျှတွင် အကောင်းဆုံး ဖြစ်အောင် ရည်မှန်းချက် ထားပြီး လုပ်ဆောင်နိုင်ပါစေ

ဆန္ဒပြုရင်း........



jasmine

2 comments:

ဖတ်သွားတယ်နော်

မဂျက်ရေ.....
ဖတ်သွားပါတယ်။
ရင်ထဲကိုထိသွားတာပဲ...

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More