Friday, 18 March 2011

“ပြည်သူ့ပိုက်ဆံကို ဝေမျှသုံးကြတာလေ” (တွေးတွေးပြီးရယ်)

     ( ၁)အမေရိကန်တွင် ကလင်တန် သမ္မတဖြစ်စဉ်က ဟာသဖြစ်သည်။

ကလင်တန် လက်ထက်တွင် သူ အဆိုတင်သွင်းမှု အတော်များများ ငြင်းပယ်ခံနေရသဖြင့် ပြည်သူလူထု လိုလားချက်ကို စုံစမ်းရန် ဆုံးဖြတ်ပြီး အတော်ဆုံး စုံထောက်တစ်ယောက် ခေါ်ပေးရန် အိမ်ဖြူတော်အရာရှိကို တာဝန်ပေးလိုက်သည်။ အရာရှိက အရှေ့အလယ်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသော အတော်ဆုံး စုံထောက်ကို ခေါ်ယူပြီး သမ္မတနှင့်တွေ့ဆုံပေးသည်။

ကလင်တန် - “မင်းကို ငါ့အရာရှိကတော့ အတော်ဆုံးလို့ ပြောတာပဲ။ ငါကတော့ မယုံနိုင်သေးဘူး။ ဒီတော့ နိုင်ငံအနှံ့သွားပြီး ငါ့ရုံးခန်းမှာ ဘာအပြောင်းအလဲ ဖြစ်တာကို မြင်ချင်ကြသလဲ စုံစမ်းပေတော့”

စုံထောက် - “ဟုတ်ကဲ့ပါ သမ္မတကြီး”

လေးလခန့်ကြာသောအခါ စုံထောက်ပြန်ရောက်လာပြီး ကလင်တန်ကို ဝင်တွေ့သည်။

ကလင်တန် - “ဘယ်လိုလဲဟေ့။ စုံစမ်းရခဲ့ပြီလား။ ပြည်သူတွေ ဘာလိုလားနေတယ်တဲ့လဲ”

စုံထောက်က တစုံတရာ မပြောဘဲ ကလင်တန်ကို သေနတ်ဖြင့် ထုတ်ပစ်လိုက်လေသည်။   



       ( ၂)ဒတ်ခ်ျ (ဟော်လန်) လူမျိုးနှင့် အမေရိကန်တို့ နိုင်ငံတော် အလံအကြောင်း ပြောနေကြသည်။

အမေရိကန် - ခင်ဗျားတို့ရဲ့ အနီ၊ အဖြူ၊ အပြာ သုံးရောင်ချယ် အလံရဲ့ အဓိပ္ပာယ်က ဘာလဲဗျ။

ဒတ်ခ်ျ - အော် ဒါက နိုင်ငံတော်ရဲ့ အခွန်အခနဲ့ ပြည်သူတွေကို ကိုယ်စားပြုတယ်လေ။ အခွန်အခတွေ အကြောင်းပြောကြတဲ့အခါ ကျုပ်တို့ မျက်နှာတွေ နီလာကြရော။ ဆောင်ရမယ့် အခွန်နှုန်းကို သိရတဲ့အခါ မျက်ဖြူဆိုက်ချင်လာတယ်။ အဲ... တကယ်တန်းဆောင်ရရော ပြာကျပြီသာမှတ်ပေတော့။

အမေရိကန် - ဒါဆို ကျုပ်တို့နဲ့ တူတူပဲပေါ့။ ကျုပ်တို့သာတာကတော့ ကြယ်တွေပါမြင်ယောင်မိတယ်ဗျာ။ 


         ( ၃)အထွေထွေ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ရောက်လာသောစစ်သားကို အရာရှိကဘာကြောင့် တပ်ထဲဝင်လာသနည်းဟုမေးရာ စစ်သားက ရိုးရိုးသားသားဖြေရန် ဆုံးဖြတ်လိုက်သည်။

၁)အချက်အနေနဲ့ အမိနိုင်ငံတော်ကို ကျွန်တော်ကာကွယ်လိုတယ်
၂)အချက်အနေနဲ့ စစ်မှုထမ်းချင်းအားဖြင့် ယောက်ျားပီသလာမယ်
၃)အချက် ကျွန်တော်သဘောတူလား ဘယ်သူမှ မမေးဘူး...  




          ( ၄)တပ်ကြပ်ကြီးသည် တပ်စုတစ်စုကို မိုင်၂၀ ခရီးပြေးခိုင်းသည်။
၁၀ မိုင်ကျော်လာသောအခါ ရှေ့ဆက်မပြေးနိုင်တော့ကြောင်း တပ်သားများ ငြီးငြူလာကြသည်။

ထိုအခါ တပ်ကြပ်ကြီးက “တပ်စုရပ်၊ တန်းစီ၊ ရှေ့ဆက်မပြေးနိုင်တဲ့ရဲဘော် ရှေ့ကို ခြေလှမ်းသုံးလှမ်းတိုး” ဟုပြောရာ မောင်မြမှလွဲပြီး အားလုံးရှေ့ကိုတိုးလိုက်ကြသည်။

ဤတွင် တပ်ကြပ်ကြီးက “ရဲဘော်မောင်မြ တကယ့်စစ်သားဆိုတာ ဒီလိုမှပေါ့ကွ၊ မင်းတစ်ယောက်ပဲဆက်ပြေးနိုင်တယ်။ အားလုံးသူ့ကိုအတုယူကြ” ဟုပြောရာ မောင်မြပြန်ဖြေလိုက်ပုံက “ဘာဆက်ပြေးနိုင်တဲ့လူဟုတ်လား၊ ရှေ့ကိုတောင်ခြေသုံးလှမ်း လှမ်းဖို့အားမရှိတော့လို့ပါတပ်ကြပ်ကြီးရယ်” 




           ( ၅)“ဒီမိုကရက်တစ်တွေနဲ့ ဆိုရှယ်လစ်တွေမှာ ဘုံတူတဲ့ အချက်တစ်ခုရှိတယ်ဗျ”

“ဘာများလဲ”

“ပြည်သူ့ပိုက်ဆံကို ဝေမျှသုံးကြတာလေ” 



Forward mail မှ

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။     ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More