Wednesday, 9 March 2011

***မျက်ကွင်းညိုဒဏ်ရာနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ***














      မျက်ကွင်း ညို ဒဏ်ရာ (black eye) နှင့် ပတ်သက်ပြီး အောက်ပါ နည်းလမ်းများကို လိုက်နာ လုပ်ဆောင်ပါ
မျက်စိကို အေးတဲ့ အရာ တစ်ခုခုနှင့် ကပ်ပေးပါ။ ရေခဲကြပ် ထုပ်ကပ် ပေးခြင်းဖြင့် အရောင်ကျစေပြီး သွေး ကြောများကို ကျဉ်းကျုံ့ သွားစေပါ တယ်။ ဒါ့ပြင် မျက်ကွင်းညိုခြင်း သို့မဟုတ် မျက်စိတစ်ဝိုက် အရေပြား အရောင်ပြောင်းလဲခြင်းကို ဖြစ်စေတဲ့ အတွင်းပိုင်း သွေးယိုစိမ့်မှုကို ရပ်တန့် စေနိုင်ပါတယ်။ တစ်ကြိမ်ကပ်လျှင် ၅ မိနစ်မှ ၁၀ မိနစ်ကြာ တစ်နာရီခန့် ရေခဲကြပ် ထုပ် ကပ်ပေးပါ။ အရောင် ကျသွားသည်အထိ သို့မဟုတ် ၂၄ နာရီအထိကြာ ကပ်ပေးနိုင်ပါတယ်။

အနူ့ကုနည်း (homeopathy) ဖြစ်တဲ့ Ledom သို့မဟုတ် Arnica ကို အသုံးပြုပါ။ ယင်းနှစ်မျိုးစလုံးက အရောင်လျော့ စေပြီး အနာကျက်ခြင်း ကို မြန်စေပါတယ်။
 နှပ်မညှစ်ပါနှင့်။ ယင်းသို့ပြုလုပ် ခြင်းက သွေးကြော မျှင်များကို ပိုမို ပျက်စီးသွားစေပြီး မျက်ကွင်းညိုခြင်းကို ပိုလို့ဆိုးစေ ပါတယ်။ ရောင်ရမ်းခြင်းကြောင့် ပိတ်နေတဲ့ မျက်စိကို အတင်းမဖွင့်ပါနှင့်။ အရေပြား သို့မဟုတ် မျက်စိကို ပိုပြီး ဒဏ်ရာရ စေနိုင် ပါတယ်။
သွေးကျဲ ဆေးများ ဥပမာအက်စ် ပရင် (asprin) မသောက်ပါနှင့်။
 မျက်စိဝန်း ကျင်ရှိ ပေါက်ပြဲနေတဲ့ သွေး ကြောမျှင်များ သွေးခဲခြင်းလုပ်ငန်းကို အနှောင့်အယှက် ပေးနိုင်တာကြောင့် ဒဏ်ရာပိုကြီးသွားစေနိုင်ပါတယ်။
သင့် မျက်စိအိမ် ထိခိုက်မိရင် ဒါမှ မဟုတ် သင့်အမြင်အာရုံ ပျက်ပြားခြင်း ရှိရင် တော့ ဆရာဝန်ထံ အမြန်ဆုံး သွား ရောက် ပြသပါ။

Health Digest မှ
 
စာဖတ်သူများအားအစဉ်လေးစားချစ်ခင်သော
jasmine 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More