Saturday, 19 March 2011

အာရု၏ အစိမ်းလန်းဆုံးမြို့တော် (စင်ကာပူ)

စင်ကာပူ မြို့ကို အာရှ တိုက် အတွင်း သဘာဝ ပတ်ဝန်း ကျင် စိမ်းလန်း စိုပြည်ရေး ထိန်းသိမ်း မှု
အကောင်း ဆုံး အစိမ်းရောင် မြို့တော် အဖြစ် သတ်မှတ် လိုက်ကြောင်း သိရ ပါတယ်။ သတ်
မှတ် ပေးတဲ့ အဖွဲ့အစည်းကတော့ အီလက် ထရောနစ်ပစ္စည်းများနှင့် ပတ်သက်၍ အလွန်ကြီး
မားသော ကုမ္ပဏီကြီးဖြစ် သည့် Siemen မှ အကုန်ကျခံကာ Econnomist Intelligence Unit
(EIU) မှ ပြုလုပ်သော လေ့လာမှု အရ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။


လွန် ခဲ့သော လအနည်းငယ်ခန့်ကစတင် ပြီး EIU ဟာ အာရှတိုက်အတွင်းရှိ မြို့ကြီး ၂၂ မြို့၏
သဘာဝပတ်ဝန်း ကျင်ဆိုင်ရာနှင့် ရာသီဥတုဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ် သက်၍
ရည်ရွယ်ချက်များ၊ အောင် မြင်မှုများကို ခွဲခြမ်းစိတ်ဖြာ လေ့လာ ခဲ့ပါတယ်။

ထိုနိုင်ငံများအထဲမှ စင်ကာပူနိုင်ငံဟာ ၎င်းရည်မှန်းထား သော ပတ်ဝန်းကျင်ဆိုင်ရာ ပန်းတိုင် များ၊ ပန်းတိုင်ကို ရရှိဖြစ်မြောက်စေရန် ထိရောက်သောချဉ်းကပ်နည်းများ ကြောင့် အစိမ်းရောင် အဖြစ်ဆုံးမြို့ အဖြစ် ပိုမိုပေါ်လွင်လာခဲ့ပါတယ်။ (အခြားမြို့တွေက သဘာဝ ပတ် ၀န်းကျင် ထိန်းသိမ်းမှု လုပ်ငန်းများကို မပြုလုပ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါ ဘူး။) အခြားသော အာရှတိုက် အတွင်းရှိ မြို့ တော်များတွင်လည်း ပတ်ဝန်းကျင်ဆိုင် ရာ သတိရှိမှုများနှင့် ရာသီဥတု ဆိုင်ရာ ကာကွယ်ရေးလုပ်ငန်း ညွှန်ကြားချက် (guldellne) များက အရေးပါတဲ့ အခန်းကဏ္ဍအဖြစ် ရှိနေပါတယ်။
ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွင် ကဏ္ဍရှစ်ခုခွဲကာ တိုင်းတာခဲ့တာ ဖြစ် ပါတယ်။ (၁) စွမ်းအင်နှင့် ကာဗွန်ဒိုင် အောက်ဆိုဒ်၊ (၂) မြေကြီးအသုံးပြုနှုန်း နှင့် အဆောက်အဦများ၊ (၃) သယ်ယူ ပို့ဆောင်ရေး၊ (၄) စွန့်ပစ်ပစ္စည်းများ၊ (၅) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံ ခန့်ခွဲမှုတိုဖြင့် အာရှပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးမြို့တော်စံညွှန်း Aslan Green City Index စံညွှန်း အရ လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ စင်ကာပူမြို့ဟာ စွမ်းအင်လျော့ ကျရေးနည်းဗျူဟာရှိတဲ့အတွက် Index မှာ အမှတ်ပြည့်ရရှိခဲ့ပါတယ်။
နိုင်ငံအတွင်းရှိ အစိမ်းရောင်နေရာများ ကို ဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ မကောင်း ကျိုးဘေးဒဏ်မှ ကာကွယ်နိုင်ခြင်း၊ မြို့ ပြ၏ ပြန့်ကျဲမှုများကို ထိန်းသိမ်းထား နိုင်ခြင်းစတဲ့ ၎င်းရဲ့ ကြံ့ခိုင်သော မူဝါဒ အတွက် ပျမ်းမျှထက် ပိုမိုကောင်းမွန် တယ်လို့ သတ်မှတ်ခံရပါတယ်။

ဒါ့အပြင် ၎င်းရဲ့ ကျယ်ပြန့်သော ပြည်သူ လူထုသယ်ယူပို့ဆောင်ရေး ကွန်ရက် ဟာ 0.21 km/square kilometer ပမာဏ ရှိတဲ့အတွက်ကြောင့် အခြား မြို့များရဲ့ ပျမ်းမျှစံချိန် 0.17km/ square kilometer ထက် ပိုမို ကောင်းမွန်နေပါတယ်။ မြို့တော် အတွင်းရှိ ပြည်သူလူထုများ အမှိုက် စွန့်ပစ်သည့်နှုန်းဟာ သတ်မှတ်ထားတဲ့ ပမာဏထက် လျော့နည်းနေတာ တွေ့ရှိရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်များက စွန့်ပစ်ပစ္စည်းများ ကို လိုက်လံစုဆောင်းကြပြီး ဖယ်ရှား ရှင်းလင်းပေးကြတာ ဖြစ်ပါတယ်။
ကုန်းမြေ ရှားပါးသော ကျွန်းနိုင် ငံတစ်ခုတွင် လူဦးရေ ငါးသန်းခန့် နေထိုင်ကြသော်လည်း စင်ကာပူနိုင်ငံ ၏ မြို့ပြနေရာဒေသများတွင် သစ်ပင် ချုံပင်များဖြင့် အလှဆင်ထားပြီး ဥယျာဉ်ပန်းခြံကို ထိန်းသိမ်းစောင့် ရှောက်ထားနိုင်ပါတယ်။ ယခုလေ့လာ မှုအရ စင်ကာပူနိုင်ငံတွင် လူတစ် ယောက်အတွက် အစိမ်းရောင်နယ်မြေ ၆၆ စတုရန်းမီတာရှိပါတယ်။ ကျန်မြို့ များရဲ့ ပျမ်းမျှနှုန်းဟာ ၃၉ စတုရန်း မီတာ ဖြစ်တယ်။ စင်ကာပူအစိုးရကလည်း ၂၀၂၀ ခုနှစ်မှစ၍ မနက်ပိုင်း အချိန်များတွင် ပြည်သူလူထု လမ်းပန်းသွားလာရေး နေရာများ လူကူးမီးပွိုင့်များ (human traffic) ၇၀ ရာခိုင်နှုန်းခန့် ရရှိရန် ရည်မှန်းကာ အစီအစဉ်များ ဆွဲပြီး အကောင်အထည် ဖော်လျက် ရှိပါတယ်။
ဒါပေမယ့် လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ စင်ကာပူမြို့အပါအ၀င် အာရှတိုက်အတွင်းရှိ မြို့တော်များတွင် လေထုညစ်ညမ်းမှုသည် ကမ္ဘာ့ကျန်း မာရေးအဖွဲ့ကြီး (WHO) က သတ် မှတ်ထားသော စံညွှန်းထက် မြင့်မား နေသေးကြောင်း သိရပါတယ်။ အာရှပတ်ဝန်းကျင်စိမ်းလန်းစို ပြည်ရေး မြို့တော်စံညွှန်းဟာ ခံနိုင်ရည်ရှိသော အခြေခံပေါ်မူတည်ပြီး မြို့တော်၏ အခြေခံအဆောက်အအုံ ကျယ်ပြန့်စေရန် လုပ်ဆောင်ရာတွင် ထောက်ပံ့ပေးပါတယ်။
အာရှ၏ အလား အလာရှိသော မြို့ပြစင်တာများကို ကျန်းမာသော ဖွံ့ဖြိုးတိုးတက်မှု အရှိန် အဟုန်နှင့်အတူ ဘ၀အရည်အသွေး မြှင့်တင်ရန် ရည်ရွယ်ပါတယ်လို့ Managing Bord of Siemens AG အဖွဲ့ဝင် ဖြစ်သူ Barbara Kussက ပြော ကြားခဲ့ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More