Sunday, 27 March 2011

***ပေါက်ကရ မဟုတ်တဲ့ အလွမ်းစစ်စစ်*** ကိုယ်တိုင်ရေး(ရင်တွင်းစာ)

မလိုတစ်မျိုး လိုတစ်မျိုး နဲ့
သူကိုယ်သူ မှန်တယ်ထင်ပြီး...
လုပ်နေခဲ့တာ....အများအကျိုးပါတဲ့
ရလဒ်ကတော့ အမှားတွေပါပဲ....

သူ့ကိုယ်သူမသိ..
စဉ်းစားဥာဏ်မရှိ.....
သနားပါဘိ....

ကိုယ်ကပဲ အရမ်းအနိုင်လိုချင်တာလား...
သူကပဲ အလျော့မပေးတာလား
အဖြေညှိဖို့တော့လိုပြီထင်တယ်....
ဒါပေမယ်...လောလောဆယ်မှာတော့
အရှုံးကြီးကြီးက ကိုယ်ပါပဲ.....

ဦးမညွှန့်နိုင်သလို..အနားမှာလဲ မနေနိုင်တဲ့ငါ့ကို
အပြစ်တွေပုံချခွင့် မင်းမှာ အပြည့်ရှိနေပြီ....

လာပါလာပါ...ခေါ်ဆိုတာကမင်း
အပြစ်ရှာ..ဥပေက္ခာနဲ့ သွားတော့သွားတော့ ဆိုတာလဲ...မင်းပါပဲ...
ဒါပေမယ့် မခွါနိုင်သေးလို့...ဒီကဗျာက
သက်သေတစ်ပုဒ်...ဖြစ်ကောင်းဖြစ်မယ်...
မင်းဆီက...ဒီနေ့ထိ.........
ပန်းတစ်ဆုတ်လဲ ငါမရခဲ့ပါ.......

တရေးနိုးတဲ့ ညတွေ...ပိုလို့များလဲ..
အဆိပ်သင့်သွားတဲ့...ငါ့ သံယောဇဉ်က
မပြတ်မတောက်.....စုဆောင်းမိတဲ့ အချစ်တွေ
ကျမ်းပြု စာရင်းလုပ်ပြီး........ငါထွက်ခွါဖို့ ပြင်ပါ့မယ်....

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုအမြဲကျေးဇူး
တင်ပြီးလေးစားသော
***jasmine***


1 comments:

ဝင်လာပါသည် ကဗျာ ဖတ်သွားပါတယ်
ထွက်ခွာဘို့ပြင်တုန်းပဲလား မခွာရသေးဘူးပေါ့။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More