Wednesday, 30 March 2011

ကမ္ဘာပေါ်က ထူးထူးဆန်းဆန်း အပင်တွေထဲကမှဇောက်ထိုးသစ်ပင်

ကမ္ဘာပေါ်က ထူးထူးဆန်းဆန်း အပင်တွေထဲကမှ ဇောက်ထိုးပေါက်နေတဲ့ ပုံသဏ္ဍာန်ဖြစ်နေတဲ့ သစ်ပင်များ၊ ကမ္ဘာ့အကြီးဆုံးသစ်ပင်နဲ့ ပင်စည်မှာ ပြွတ်သိပ်စွာသီးတတ်တဲ့ ခရမ်းရောင် ဘရာဇီလ်း စပျစ်သီးခေါ် Jabuticaba အသီး အကြောင်း ပြောပြချင်ပါသေးတယ်.. အောက်ကပုံတွေမှာကြည့်ပါနော်..


Amazing Baobab Tree or Upside-Down Tree

လမ်းဘေးဝဲယာ
Amazing Baobab Tree or Upside-Down Tree
Baobab ခေါ် ဇောက်ထိုး သစ်ပင်ဟာ အာဖရိက၊ သြစတြေးလျနဲ့  အီကွေတာတစ်ဝိုက်မှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်.. မြင်ရတဲ့ အတိုင်းပါဘဲ ရုတ်တရက်ကြည့်လိုက်ရင် သစ်ပင်ကိုဇောက်ထိုးပြောင်းပြန် လှန်ထားတာနဲ့ ဆင်တူပါတယ်.. ဒီသစ်ပင်ဟာ အမြင့်ပေ၁၆ပေမှ ၉၈ ပေအထိ ရှိနိုင်ပြီး ပင်စည်လုံးပတ်ဟာ ၂၃ပေမှ ၃၆ပေအထိ ကြီးထွားတတ်ပြီး နှစ်ပေါင်းထောင်နဲ့ ချီကြာအောင် အသက်ရှင်ကြတယ်လို့ သိရပါတယ်.. တစ်နှစ်မှာ ၉လခန့် သစ်ရွက်တစ်ရွက်မှ မရှိဘဲ ပင်စည်နဲ့ သစ်ကိုင်းတွေသာ ခြောက်သွေ့စွာ ရှိတတ်ပါတယ်…. သို့သော်လည်း ပင်စည်အတွင်းမှာတော့ ရေဂါလံပေါင်းများစွာ သိုမှီးထားနိုင်တယ်လို့ သိရပြီး မီးလောင်ဖို့ ခက်ခဲတဲ့အပင်လည်း ဖြစ်ပါတယ်.. .. Baobab တစ်ပင်လုံးဟာ အသုံးဝင်ပြီးတော့
 
ပင်စည်မှာရှိတဲ့ သစ်ခေါက်ဟာ  အ၀တ်အထည် ယက်လုပ်တဲ့နေရာနဲ့ ကြိုးတွေ အဖြစ်အသုံးပြုပါတယ်.. ၄င်းအပင်ရဲ့ အရွက်တွေကိုတော့ ဆေးဝါးအဖြစ်လည်းကောင်း၊ ဟင်းခတ်ရာတွင်လည်းကောင်း အသုံးပြုလေ့ ရှိကြပါတယ်.  monkey bread လို့တဲ့ အသီးကိုတော့ စားလို့ရပါတယ်..  ကြီးမားလှတဲ့ ပင်စည်ကြီးဟာ အခေါင်းပေါက်ကြီး ဖြစ်နေတတ်တာကြောင့် ကျယ်ဝန်းလှတဲ့အတွက် တိရိစ္ဆာန်နဲ့ လူတစ်ချို့က ၀င်ရောက် နေထိုင်နိုင်တတ်ကြပါတယ်..


Amazing Baobab Tree or Upside-Down Tree

အသီးသီးတဲ့ ချိန်ခါ


Amazing Baobab Tree or Upside-Down Tree
အရွက်တွေဝေတဲ့ကာလ


Amazing Baobab Tree or Upside-Down Tree
တစ်ပင်ထီးတည်း

Baobab avenue by Taishi.M

လှတဲ့ ရှုခင်းနဲ့အတူ




ပုလင်းသစ်ပင်

Teapot baobab

ပုလင်းကြီးတစ်လုံးနဲ့ ဆင်ဆင်တူ


Toilet inside a baobab tree

ရက်ရက်စက်စက် Toilet အဖြစ် ဖန်တီးထားခြင်းခံရတဲ့ အပင်ကြီး



ကြီးမားတဲ့ပင်စည်ကြီးနဲ့ လူနေတဲ့ အခေါင်းပေါက်

ပင်စည်ကြီးများထွားကြိုင်းသလောက် အခက်အလက်နဲ့ သစ်ရွက်များ နည်းပါးလှတာကြောင့် ကြည့်ရတာ ထူးဆန်းပြီး တစ်မျိုးဆွဲဆောင်မှု ရှိတဲ့ အပင်ဖြစ်ပါတယ်.. ဒေသခံတို့ရဲ့ ဒဏ္ဍာရီစကားအရ ၄င်း အပင်ဟာ ကမ္ဘာမြေကြီးပေါ်မှာ ပထမဦးဆုံး ပေါက်လာတဲ့အပင်ဖြစ်ပါတယ်တဲ့.. နောက်ထပ် ပေါက်လာတဲ့ အခြားသော အပင်တွေကို မနာလိုဖြစ်ပြီး အဲဒီအပင်တွေအတိုင်းဖြစ်ဖို့ ဘုရားသခင်ကို တစ်ခုပြီးတစ်ခု တောင်းဆိုရာမှ ဘုရားသခင်က စိတ်ဆိုးပြီး ၄င်းအပင်ကို ဆွဲနှုတ်ပစ်ကာ ဇောက်ထိုးဖြစ်အောင် ပြန်စိုက်ထားတယ်လို့ ပါးစပ်ရာဇ၀င်တွေနဲ့ ပြောဆိုနေကြတုန်းပါဘဲ။   

ဝင်ရောက်ကြည့်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်....

1 comments:

ဒီလို ထူးဆန်းတဲ့ အပင်တော့ ဒီတစ်ခါမှပဲ တွေ့ဖူးတာပဲ။ ကိုယ် မသိတာတွေ အများကြီးပါလား။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More