Saturday, 29 October 2011

ဘာပဲဖြစ်ဖြစ် ချစ်သူကို ကျေးဇူးတင်ပါတယ်






နောက်ကျသွားတဲ့ နောင်တ
ဘာမှ လုပ်လို့မရ
အခုမှ ဒုက္ခ
မင်းကိုချစ်မိတဲ့ ရလဒ်
အပြတ်အသတ်ရှုံးသွားရတာ ငါ့ဘ၀။


မင်းမရှိတဲ့ အရပ်
ကောင်းကင်ကြီး ခေါင်းပေါ် ပြိုကျသလို
အပြုံးတွေက အမုန်းတွေဖြစ်
အသည်းတွေကွဲအက်တဲ့ငါက
ဒီ အချစ်စစ်ပွဲ 
ဘယ်လို နွဲမလဲ။

ယုယမှုတွေ ပြပြပြီး
အကြင်နာကို အရယူခဲ့သူပဲ
အားလုံးဟာလဲ သေချာဆန်းစစ်တော့
အတု အတုတွေပါပဲ
အသိတွေ နောက်ကျလို့
ထိရှခံရတဲ့ နှလုံးသားတစုံက
အမိအရ ဆုပ်ကိုင်လိုက်တာ
လက်ထဲမှာ ဗလာသက်သက်။

အော်......ခက်တော့နေပြီ
ကမ္ဘာကြီး  မီးလောင်
သားကောင် ကမရှိလို့
ရှိနေသေးတဲ့ ငါ့နှလုံးသား
လမ်းခင်းထားမယ်
မင်းလေး လျှောက်ပြီး
လိုရာကိုသွား ငါမတားတော့ဘူး
ဘ၀မှာ တစ်ကြမ်တစ်ခါ
ချစ်ခဲ့ဖူးလို့ မင်းကို
ကျေးဇူးတင်နေမှာပါ။


ကဗျာချစ်သူ စာချစ်သူတို့ရဲ့
ရင်ထဲက ထာဝရ jasmine ဖြစ်ချင်သူပါ။

Friday, 28 October 2011

ကဗျာတို (၄)




ဘာနဲ့မှ သူ့ကိုဖြတ်မရ
ဘယ်လိုမှလဲ မမြင်နိုင်
ကိုင်တွယ်လို့လဲမရ
ဒါပေမယ့်
ခံစားလို့တော့ ရပါရဲ့
အဲတာ
သံယောဇဉ်ပါတဲ့ ။

စာချစ်သူ ကဗျာချစ်သူအားလုံးရဲ့
ထာဝရ jasmine

Tuesday, 25 October 2011

ဟိုတစ်စ - ဒီတစ်စ (အထီးကျန်ခြင်းနောက်ကွယ်)






ငါကိုယ်တိုင် သိတာ 
ငါ့ အလွမ်း
ငါကိုယ်တိုင် ရှိတာ
ငါ့ မှာတမ်း
ငါကိုယ်တိုင် ထိတာ
ငါ့ နှလုံးသား
ခုတော့ဖြစ် 
အစိတ်စိတ် အမွှာမွှာ
အတိတ်က ဖြစ်ရပ်ဆန်း
ပြန်တမ်းတကာနေတော့
အဖြေတွေက အဖြူဖျော့ဖျော့ ။

ရှေ့တိုးတော့ ကျား ဆိုပေမယ့်
နောက်ဆုတ်တော့ မှားပြီထင်
အရာအားလုံးသိခဲ့ပေမယ့်
အသိနောက်ကျတာလား
ငါ့ပြန်ရလိုက်တာ အားလုံး မင်းရဲ့
ဥပေက္ခာ အမုန်း
အဆုံးမတော့ ရင်ထဲက ခံစားမှုတွေ
ထိန်းသိမ်းမရအောင်
ဆူညံ ပွက်လောရိုက်
တိတ်တိတ်လေးထွက်သွားရင်ကောင်းမယ်ထင် ။

အချစ်ဆိုတာ  ဧဒင်ဥယျာဉ်ထဲက 
စခဲ့တာလား
ဘာလဲ  - အချစ်ဆိုတာ 
ကြေကွဲရာများစုဝေးရာအရပ်လား
ရောမပြည်ကြီး ဘာကြောင့်ပျက်ရတာလဲ
ဘာလဲ အချစ်ဆိုတာ
ထီနန်းတွေဘာကြောင့်စွန့်ကြတာလဲ
သူတို့ - သူတို့ 
အမှန်တစ်ကယ်ချစ်ခဲ့ကြတာလား
ဒါဆို မင်းနဲ့တော့ 
အရှေ့နဲ့ အနောက် ။

လျှာအောက်က သာမိုမီတာကို
ဝါးစားဖို့ကြိုးစားခဲ့တာ
ငါ့ရဲ့ ရူးသွပ်ခြင်းလို့ ထင်နေတဲ့လူတစ်ချို့
ခုတော့ဖြစ်ကွယ် ရင်ထဲမှာ
ကြေကွဲခြင်းနဲ့ 
အသစ် ပြန်စလို့ မရတဲ့
ဒါဏ်ရာအပြည့်နဲ့
နှလုံးသားတစ်စုံ နောင်တတွေနဲ့
ပြည့်နက်နေတဲ့ - သံယောဇဉ်တွေ
အများကြီး မဟုတ်ပေမယ့်လည်း
တစ်ခါတစ်လေတော့ 
ရင်ဘတ်ကြီးနဲ့ကိုခံစားလွမ်းမိပါရဲ့။

အားလုံးရဲ့ ထာဝရ ဖြူစင်တဲ့ jasmine
ဖြစ်ချင်တာပါ
ကျေးဇူးတင်ပါတယ်ရှင်

Saturday, 22 October 2011

ကျွန်မ ရဲ့ နှလုံးသား အရှင်သခင်






ရင်ဘတ်ထဲ 
အမြဲလွမ်းဆွတ်နေရသူ
အားပါးတရ
နမ်းရှိုက်ခွင့် ရခဲ့ရင်လဲ
ဖွဖွလေးသာ နမ်းပါရစေ
ချစ်ရသူနဖူး
အနမ်းဦးနဲ့ 
နိုးပါရစေ
သူ့ အပြုံး နှလုံးသားကြွေလဲ
မယိုင်မလှဲ ခိုင်မြဲလှတဲ့
ဒီ သံယောဇဉ်တွေနဲ့
ကမ္ဘာတစ်သောင်းထိ
ထပ်လောင်းကာ
ပေါင်းပါရစေတော့ ။
၂၄-၁၀-၂၀၁၁တွင်( ၆) နှစ်ပြည့် အမှတ်တရအတွက်နဲ့ ဒီကဗျာလေးကိုရေးသားခဲ့တာပါ
လွန်ခဲ့တဲ့ ၁၀ လောက်ရက်မတိုင်ခင်ကပဲဘာရေးရ မလဲလို့စဉ်းစားမိနေပြီး
ရင်ဘတ်ထဲက ထွက်လာတဲ့ အကြင်နာသံဇဉ်တွေပါ။






(ပါရမီဖြည့်ဖက်)

ဆံဖြူသွားကျိုး
မငြိုးတဲ့ အချစ်နဲ့
အတိုးရော အရင်းပါပေါင်းပြီး
တစ်မိုးအောက်က
တစ်ယောက်ချစ်ရသူ။

မောင့်အတွက် ချစ်သက်တမ်း (၆နှစ်ပြည့်) အမှတ်တရ

Friday, 21 October 2011

ပန်းချစ်သူ အတွက်

กล้วยไม้งาม...งาม
กล้วยไม้งาม...งาม
กล้วยไม้งาม...งาม
กล้วยไม้งาม...งาม
กล้วยไม้งาม...งาม
กล้วยไม้งาม...งาม
กล้วยไม้งาม...งาม
กล้วยไม้งาม...งาม
กล้วยไม้งาม...งาม
กล้วยไม้งาม...งาม
กล้วยไม้งาม...งาม
กล้วยไม้งาม...งาม
กล้วยไม้งาม...งาม
กล้วยไม้งาม...งาม
กล้วยไม้งาม...งาม
กล้วยไม้งาม...งาม
မိဂျက်အိမ်က ပန်းများမဟုတ်ပါ ၊
ဤပန်းလေးများကိုကြည့်ခြင်းအားဖြင့်
စိတ်နှလုံးရွှင်လန်းစေပါတယ်ရှင်
mail မှကူးယူဖော်ပြပါသည်

Wednesday, 19 October 2011

မေမေ့အတွက် အလွမ်းများ




ဇာတိမြို့တောင်ပေါ်မြေ
ပန်းရနံ့ သင်းပျံ့ကာနေ
ဒီဇင်ဘာ ချယ်ရီဖူး
ငါလဲ ရူးခဲ့ရပြီ
ထူးမလားရယ်လို့
ရေခြားမြေခြား
ခရီးမနားပဲ ရောက်ခဲ့ပေါ့
ပြည်ခြားတဲ့ နေရာ
ရေလဲ မကြည် မျက်လဲ မနု
ဘာကိုလွမ်း တမ်းတကာနေ
မှန်းဆမရတဲ့ ဆုံးရှုံးမှုတွေ
အမေနဲ့ဝေးလို့ သောကဖြာဝေ
မမြင်ရတဲ့အိမ်အပြန်လမ်းတဲ့ 
လောကမှာလေ
အလွမ်းတွေကို တွန်းလှန်ဖို့ ကျိုးစားရင်း
လက်တွေ့ဘ၀ထဲ
အိမ်ပြန်ဖို့အရေး မှုန်ဝါးကာသွားပြီလား
မှန်းဆမရတဲ့ 
ကိုယ့်အနာဂတ်အတွက်
မတ်မတ်ရပ်ဖို့ အမြဲကြိုးစားနေပါတယ်
သမီးမိုက် တစ်ယောက်ရဲ့ အပြန်လမ်း
မေမေ အတွက်
ဘ၀အမောတွေပြေနိုင်ပါ့မလား
စဉ်းစားရင်းစိုးရိမ်မိတယ် မေမေရယ်။

အားလုံးရဲ့ jasmine

Monday, 17 October 2011

စဉ်းစားပြီးမှရယ်ပါ (ဟာသချစ်သူများအတွက်)






အိမ်မှာ အိပ်ပါ
ပင်လယ်ကမ်းခြေ အနားယူစခန်းသို့ တွက်ခွါမည့် ဇနီးသည် ကယောင်္ကျားကိုမှာသည်။
"ရှင်အိမ်မှာ အိပ်နော်"
နောက်နေ့တွင်ောယင်္ကျားက မိန်းမထံကြေးနန်းစာပို့သည်။
"ထမင်းစားပန်းကန် ဘယ်မှာလဲ"
မိန်းမထံမှကြေးနန်းစာ ချကိချင်းပြန်ရောက်လာသည်။
"အိမ်မှာ အိပ်"
အဖြေကို နားမလည်နိုင်သဖြင့် ဇနီးသည် ပြန်လာသည်အထိစောင့်ရသည်။
"မိန်းမ ၊ မင်း ပေးတဲ့အဖြေ ငါအဓိပါယ် ဖော်လို့မရဘူးကွ
 မိန်းမက ယောင်္ကျားကို အိပ်ခန်းထဲ ဆွဲခေါ်သွားပြီး အိပ်ရာဖုံးကို ဆွဲမလိုက်သည်။
မီးဖိုချောင်သုံး ပန်းကန်ခွက်ယောက်များ အားလုံးကိုတွေ့ရသည်။



ဘာအတွက်မေးတာလဲ
လူနာဆောင်ထဲသို့ ၀တ်ရုံအဖြူဝတ်ထားသော လူတစ်ယောက်ဝင်လာသည်၊
လှဲနေသေညလူနာကိုကြည့်ပြီး တစ်ယောက်အနားသို့ကပ်လာခါ မေးသည်။
" ခင်ဗျားရဲ့ အရပ်အမြင့် ဘယ်လောက်ရှိသလဲဗျ"
" အရပ်အမြင့်ကဘာလုပ်ဖို့လဲ၊ ကျွန်တော်ကို ကယ်ပါ ဒေါက်တာ ၊ ကျွန်တော် တစ်ကိုယ်လုံး နေရာအနှံ့
ကိုက်ခဲနေတယ်၊ ဘယ်လိုမှ ခံနိုင်ရည် မရှိတော့ပါဘူးခင်ဗျား"
"ကျွန်တော်က ဆရာဝန်မဟုတ်ဘူး လက်သမားဗျ"



ရှေးဟောင်းနာရီကိုး
ဆိုဖာပေါ်တွင် ယောက္ခမထိုင်နေသည်၊ ၄င်းခေါင်းပေါ် တည့်တည့်တွင် ရှေးဟောင်းတိုင်ကပ်နာရီ ကြီးကိုချိတ်ထားသည်၊
ထိုင်နေရာ မှ ရုတ်တရက် ယောက္ခမကြီးထသွားသည်၊ စက္ကန့်ပိုင်းအတွင်း တိုင်ကပ် နာရီ ပြုတ်ကျလာသည်၊
သမက်ဖြစ်သူက ကြိတ်မနိုင်ခဲမရသံ ဖြင့်ပြောသည်။
"တော်တော် အသုံးမကျတဲ့ နာရီ ၊ အမြဲတမ်း နောက်ကျတယ်"


                                                        ( မောင်ကောင်းထိုက်၏ဟာသပဒေသာ မှ)
                                                       (ရယ်သောသူသည်အသက်ရှည်ပြီး နုပျို၏ )

အားလုံးရဲ့  jasmine cho

Saturday, 15 October 2011

လုံလောက်ပါပြီ





လွမ်းရမှာ ကြောက်လို့
အချစ်ဆိုတာ ဝေးဝေးရှောင်နေတာ
ပန်းနုရောင်ချယ်ရီ မခူးရဲဘူး
ဒီလိုရူးသွပ်ခဲ့ဖူးတယ်
ကြွေနေတဲ့ စိန်ပန်း
တက်မနင်းရဲဘူး
ပန်းလေးနာကျင်မှာစိုးလို့ပါ
ဟစ်ဟေ့တွေ ဘယ်လောက်ပဲ ပေါ်လာလာ
ချစ်လူမိုက်က ငါ့နှလုံးသားထဲ
ရှင်သန်နေဆဲ
ချယ်ရီကိုသာပန်ပါကွယ်
ရင်ထဲမှာ နေရာအမှန်ယူနေတာလေ။

နွေရာသီကို မုန်းတာ အပြစ်လား
သစ်ရွက်တွေလဲခြောက်
ပန်းတွေလဲပျောက်
တောင်လေ ကကြမ်း
ရင်မှာလဲလွမ်းရ
တားမရ ထားမရ
တလွမ်းပေါ် တလွမ်းဆင့်
ဆွေးသင့်တဲ့ ဒီရာသီ
အလွမ်းကိုမလိုချင်လို့
ဒီနွေကိုမုန်းတာမဟုတ်ပါဘူး
နွေနွေ မိုးမိုး ဆောင်းဆောင်း
မပြောင်းလဲဘူး
အလွမ်းကတော့ အလွမ်းပါပဲ။

မင်ရဲ့ငိုသံတွေ ငါမကြားလိုက်ဘူး
ငါ့မျက်ရည်တွေကလဲ
တစ်ယောက်ထဲ သုတ်လို့မနိုင် 
ဖြစ်နေလို့ပါ
တောင်းပန်ပါရစေကွယ်
ခံစားချက်တွေကို
လာ လာပြီး မစွက်ဖက်ပါနဲ့လို့
ကိုယ့်အထာနဲ့ ကိုယ်နေတာ
လောကရဲ့ စည်းဇိမ် တစ်မျိုးပါပဲ။

ဆုံးရှုံးခဲ့တာ တစ်ယောက်ထဲ မဟုတ်ဘူးနော်
နှစ်ဦး နှစ်ဖက် ညီတူမျှတူလဲ မဟုတ်ပြန်ဘူး
ခုချိန်မှာတော့ ဘယ်သူမှန်
ဘယ်သူမှား အဖြေမညှိနဲ့
နှောင်းသွားပြီ ပြောင်းသွားတဲ့
ရာသီတွေအပါအ၀င်။

ငါ့ရဲ့ဘ၀ အတွက်
အများကြီးလဲ မလိုချင်ဘူး
အချစ် စစ်စစ်နဲ့ ချစ်ရသူရယ်
ကိုယ်ကိုမုန်းနေတဲ့ ရန်သူစစ်စစ်ရယ်
ဒါပဲလိုတယ်  ချစ်သူရယ်
ဘ၀အတွက်လဲ လုံလောက်တယ်လို့ ထင်ပါတယ်။

စာချစ်သူ ကဗျာချစ်သူ
မိတ်ဆွေ သူငယ်ချင်းများအားလုံးကို
ချစ်ခင်ရပါတဲ့ jasmine



Wednesday, 12 October 2011

အလွမ်းလေးတွေဖြူပါစေ





အရိုးတွေ ရင့်ကုန်လဲ
စိတ်ဓါတ်တွေက မတင့်မတယ်
မနာလို အူတို
စိတ်ကစားတဲ့
ကလေးများ အတွေး
အဝေးကို မြန်မြန်သာ
လွင့်ပြစ်လိုက်ပါတော့။

ဘယ်သူက အစပျိုးခဲ့မှန်းမသိတဲ့
အမုန်းတရားတွေ
ရောင်းစားလို့ ရရင်တော့ ကောင်းသား
ဥပေက္ခာတွေလဲ ရင်ထဲ သိမ်းမထားနဲ့နော်
ဖြူစင် နှလုံးသား 
အရောင်ဆိုးဖို့ မကြိုးစားနဲ့ 
မင်းမှားသွားမယ်
သူတစ်ပါးနောက်ကြော ဓါးထောက်ဖို့လဲ
လာ မမျှားနဲ့ တရားသဘော
ပါးပါးလေးတော့ နားလည်ပေးပါ။

ရာသီတွေပြောင်း
ခေတ်တွေဟောင်း
ပြန်တောင်းမရတဲ့ အချိန်တွေမှာ
စိတ်ထောင်းလို့ ကိုယ်ကြေ
တစ်ကိုယ်ရည် ပင်ပျိုတွေမငြိုးစေဖို့
နေတတ်ကျေနပ်ရအောင်
အလင်းကိုဆောင် 
သိက္ခာတွေ မပြောင်ရအောင်
ရိပ်သာတော့ ၀င်စရာမလိုပါဘူး
အဖြစ်ထူးတော့ စိတ်ထားလေးတွေ
ဖြူစင်ပါစေတော့။

အားလုံးရဲ့   jasmine

Sunday, 9 October 2011

ကျွန်တော့်ဘ၀နဲ့ မမ




မ  မမ အဖော်ရ
ကလေးဘ၀ ကဖတ်ဖူးတဲ့ကဗျာ
ခုတော့
မ  မမ ကျွန်တော့်ဘ၀ ပျက်ရ
ရင်ဘတ်ထဲက မမ

နှလုံးသားတစ်ခု အရင်းပြုပြီး
အကြင်နာတွေ ဖြန့်ကား 
အထားမှားသလိုနဲ့
လူတိုင်းကိုပြုစား
သိသလိုလို မသိသလိုလိုနဲ့
မိုက်မဲစွာကြေကွဲ ကျွန်တော့ ဘ၀မှောင်မဲ
မျော်လင့်ခြင်းတွေကို စောင့်စား
ဒီတစ်ခေါက်တော့ မှားသွားပြီလား
အချိန်တိုင်း မိုင်ကာတွေးပြီးနေရတော့
ငြင်းပယ်ခြင်းတရား 
လက်ကိုင်ထားသလား
မေးချင်သော်လည်း
မထင်ရက်ဘူး ကြင်နာသူမို့
အိမ်မက်ထဲက 
အသည်းတွေခင်းပေးထားတဲ့
လမ်း.....တူတူ တွဲမလျှောက်ဖူးပေမယ့်
အနာဂတ်မှာ ခွဲရမှာလဲ ကြောက်မိပါရဲ့
ခုတော့လဲ ရင်ထဲက
ကဗျာတွေကိုသာ 
မမ အတွက် နေရာအနှံ့
ကြဲဖြန့်ကာ ထားပါရစေ။

တစ်ကယ်တော့ ကျွန်တော့ဘဝ
မုန်တိုင်းမိပြီးစ မြို့ပျက်မှာ
ငြိမ်းချမ်းမှု ရှာနေသလိုပါပဲ။ 

ခင်မင်ရပါသောသူငယ်ချင်းမောင်တစ်လုံးအတွက်ရေးသား
ပေးသောကဗျာဖြစ်ပါသည်။
မောင်တစ်လုံးတစ်ယောက်ခုတလောငြိမ်ချက်ကောင်းစွာနဲ့
ဖလန်းဖလန်းလဲမထနိုင်ပါဘူး
အဘယ်ကြောင့်ဆိုသော်???????????????



Friday, 7 October 2011

ပေါက်ကရ မဟုတ်တဲ့ အလွမ်းစစ်စစ်







မလိုတစ်မျိုး လိုတစ်မျိုး နဲ့
သူကိုယ်သူ မှန်တယ်ထင်ပြီး
လုပ်နေခဲ့တာ....အများအကျိုးပါတဲ့
ရလဒ်ကတော့ အမှားတွေပါပဲ

သူ့ကိုယ်သူမသိ
စဉ်းစားဥာဏ်မရှိ
သနားမိပါ၏။

ကိုယ်ကပဲ အရမ်းအနိုင်လိုချင်တာလား
သူကပဲ အလျော့မပေးတာလား
အဖြေညှိဖို့တော့လိုပြီထင်တယ်
ဒါပေမယ်...လောလောဆယ်မှာတော့
အရှုံးကြီးကြီးက ကိုယ်ပါပဲ

ဦးမညွှန့်နိုင်သလို..အနားမှာလဲ မနေနိုင်တဲ့ငါ့ကို
အပြစ်တွေပုံချခွင့် မင်းမှာ အပြည့်ရှိနေပြီ

လာပါလာပါ...ခေါ်ဆိုတာကမင်း
အပြစ်ရှာ..ဥပေက္ခာနဲ့ သွားတော့သွားတော့ ဆိုတာလဲ
မင်းပါပဲ
ဒါပေမယ့် မခွါနိုင်သေးလို့
ဒီကဗျာက
သက်သေတစ်ပုဒ်...ဖြစ်ကောင်းဖြစ်မယ်
မင်းဆီက...ဒီနေ့ထိ
ပန်းတစ်ဆုတ်လဲ ငါမရခဲ့ပါ

တရေးနိုးတဲ့ ညတွေ...ပိုလို့များလဲ
အဆိပ်သင့်သွားတဲ့...ငါ့ သံယောဇဉ်က
မပြတ်မတောက်.....စုဆောင်းမိတဲ့ အချစ်တွေ
ကျမ်းပြု စာရင်းလုပ်ပြီး
ငါထွက်ခွါဖို့ ပြင်ပါ့မယ်။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
အမြဲကျေးဇူး တင်ပြီးလေးစားသော
***jasmine***

Wednesday, 5 October 2011

အလွမ်းမိုး




လောင်ကျွမ်းဖူးတဲ့ နှလုံးသား
ဒီမိုးနဲ့ အေးချမ်းနိုင်ပါ့မလား
ကယောင်ကတမ်း ဖြစ်လို့နေပြီ။

အဟုတ်အမှန်တွေကိုဇယားချတော့
ပျားတုတ်ခံရမယ့်အဖြစ်
ချစ်သူအတွက် စေတနာအမှန်
အပြန်တစ်ရာသေစေတော့
အဆိုးအညစ်တွေ
အတုအယောင်တွေဖုန်းနေတဲ့လောက
သောကကိုအရောင်ဆိုး
ခပ်သိုးသိုးအနံ့တွေ လှိုင်လှိုင်ထ
ခံစားချက်လေး အတိုအစနဲ့
ညိုမြ လာမလုပ်နဲ့
တော်မ၀င်တဲ့ အချစ်တွေအတွက်
မှော်ဆရာ လိုလို  တစ္ဆေ လိုလို
ကောင်းကင်ကြီးက ရုတ်တရက်ပြိုကျ
အလိုမကျတဲ့ ချစ်သူသဘော
အော်.......အရင်တုန်းကတော့
သက်ဆုံးတိုင် ပေါင်းပါရစေတဲ့
ခုတော့ဖြင့် တောင်းပန်စကား
ပြောဖို့ အင်အား ငါ့မှာမရှိ
ရင်ထဲထိအောင် ဝေဒနာခြေရာ
အကြင်နာကဗျာ ရင်တွင်းကဖြစ်
နှလုံးသားထဲနှစ်ပြီး
ဥပေက္ခာရပ်ဝန်း 
သမုဒယ မိုးပြေးလေးတွေ
တဖွဲဖွဲနဲ့ မစဲတော့ဘူးကွယ်။


jasmine







Monday, 3 October 2011

ပေါက်ကရ မော်ဒန်






တွေ့မယ့်တွေ့တော့
တိုက်တိုက် ဆိုင်ဆိုင်
ဘာမှ ပိုင်တာမရှိ
မမြင်ရတဲ့ အနာဂတ်လဲ နတ္တိ
ဗလာတွေ ရင်ထဲလာငြိ
အထီးကျန်ညတွေလဲ
တွဲခေါ်မည့်သူမရှိ
နေမထိ ထိုင်မသာ
သာသာ ယာယာမရှိ။

ဘယ်ဝင်ရိုးက လာတယ်မသိတဲ့
ဆိုးလွန်းလှတဲ့ ကံကြမ္မာ
လက်ရုပ်ဖို့ စဉ်းစားနေတုန်း
ပုတ်ထုတ်ခံ လိုက်ရသလို
ဟန်ချက်နဲနဲ ပျက်သွားသလို
တွင်းတိမ်တိမ် ထဲကရေ
ခပ်လို့လွယ်တာ ဆန်းနေသလား
အသည်းနှလုံးမပါတဲ့
စက်ရုပ်လူသား
ချစ်ခြင်းတွေ ရောင်းစားနေတာ
ဘ၀တွေ ကောင်းစားဖို့တဲ့။

မင်းပြောသမျှ အဟုတ်မှတ်ခဲ့
အတွက်အချက်ကတော့
စက်သူဌေးဆိုပဲ
တွက်ကြည့်တော့ မျက်ရည်တွေ
ပွက်ပွက်ထ ဘ၀တွေ စိစိညက်
အသိခက်တဲ့ လောကကို
အပြစ်တင် အသစ်မြင်
ပြသနာကတော့ အနှစ်သာရမရှိတဲ့
မင်းရဲ့ သစ္စာတရား
အလုပ်မဟုတ်တဲ့ဟာတွေ
အဟုတ်လုပ်ပြီး
အမိန့်တွေ လာလာမထုတ်နဲ့
ရှုပ်တော့ရှုပ်ကုန်ပြီ
ဇယားတွေလား?
အမှားတွေလား?
အရသာကတော့
သောက်နေကျ ကော်ဖီလိုပါပဲ
နဲနဲထက်မက ခါးနေတာ
တားဖို့စဉ်းစားလိုက်မိတာ
မင်းရဲ့ အတ္တ
ဘယ်တော့မှ အရိပ်အောက်မရောက်တာက
မင်းရဲ့ မာန
ခ၀ါချဖို့ အချိန်တန်
အိမ်ပြန်ဖို့အရေး
တစ်ချက်လောက်တော့ ဆွေးနွေးသင့်
နွေးထွေးမှု ရှိတဲ့ရင်ခွင်
အဲတာ အချစ်စစ်စစ် တို့ရဲ့   ရင်ခွင်ဆိုတာ
အသိနောက်မကျဖို့ လိုမယ်ထင်။

jasmine 





















Sunday, 2 October 2011

ထွေလီကာလီ ဖတ်ချင်စရာ (၂)







စေတနာနဲ့ပါ
ပီတာလေးထိုင်ခုံပေါ်မှလိမ့်ကျသည်။ နဖူးပေါ်တွင် ဘုကြီးပေါ်လာသည်။
ငါးနှစ် သမီးအမ ဖြစ်သူက မောင်ငယ်ကို သနားကြင်နာစွာ ကြည့်သည်။
မောင်လေးကို ကူညီချင်စိတ်ဖြင့်ပြောသည်။
"ဒီဘုကြီးကို မမ တူနဲ့ရိုက်သွင်း ပေးမယ်နော်"

ဆုံးပါပြီ
မျက်စိကိုက်သည်ဟုဆိုကာ လူနာတစ်ဦး မျက်စိကု ဆရာဝန်ထံ လာပြသည်၊
ဆရာဝန်က၄င်းကို စမ်းသပ်စစ်ဆေးပြီးနောက် ပြောသည်..........
"ခင်ဗျားအရက်သောက်တာကို ဖြတ်ရင်ဖြတ် ၊
ဒါမှ မဟုတ် မျက်လုံးကို စွန့်ရင်စွန့်၊
တစ်ခုခု ကိုရွှေး ရလိမ့်မယ်..
လူနာက မျော်လင့်ချက်ကင်းသံဖြင့် သက်ပြင်းချကာ ပြောသည်။
        " အင်း မျက်လုံး နှစ်လုံးစလုံး ဆုံးပါပြီ "

လူပိုမလိုဘူး
ရဲစခန်းတွင် တယ်လီဖုန်းသံ ပြည်လာသည်။
      " ဟဲလို ရဲစခန်းကလား၊ ကျွန်မ မစ္စစ်ဂျုံး စကားပြောနေပါတယ်၊
အခု ကျွန်မရဲ့ အိပ်ခန်းထဲမှာ လူစိမ်း ယောက်က်ျား နှစ်ယောက် ရောက်နေပါတယ်၊
အဲဒါ တစ်ယောက်ကိုမောင်းထုတ်ပေးဖို့အတွက် ရဲသားကို လွှတ်ပေးပါ။  

ပြေးမှလွှတ်မယ်
   "ဘာဖြစ်လို့ ခရီးသည်တွေအားလုံး ကားပေါ်က ဆင်းကြရတာလဲ
ဘတ်စ်ကား နောက်ဆုံးမှတ်တိုင်ရောက်လို့လား" ဟု စိုးရိမ်သံ နှင့်
အဖွားကြီးကမေးရာ ကားထဲမှ နောက်ဆုံးထွက်သောလူငယ်က လှမ်းပြောသည်။
   " မဟုတ်ဘူးအဖွား၊ လက်မှတ်စစ် တက်လာလို့"

နှိုင်းယှဉ်ချက်
ကျွန်နိုပ် တို့၏ စစ်သင်တန်းကျောင်းမှ သင်တန်းသားများသည် သေနတ်ပစ်ရာတွင်
အမေရိကန် ကောင်းဘွိုင်ထက် အဆ တစ်ရာ ညံ့ဖျင်းသည်။
သိုသော်ပြေးရာတွင်ကား ကောင်းဘွိုင်စီးသောမြင်းထက်
အဆ တစ်ထောင် ခန့်လျှင်မြန်သည်။  

ရှိပြီးသား
"ညွန်ချုပ် ခင်ဗျာ၊ အပြင်မှာ နုတ်ခမ်းမွှေးနဲ့ လူတစ်ယောက်ရောက်နေပါတယ်"
      "ငါ့မှာ နုတ်ခမ်းမွှေးရှိပြီးသားလို့ ပြောလိုက်"

မျှမျှ တတ
မိမိ သားနှစ်ယောက်အတွက် စကော့တလန်သားသည်
မိုးပျံ ပူဖောင်း တစ်လုံးဝယ်လာသည်။
၎င်းကို ကလေးများလက်သို့ အပ်နှံရင်းပြောသည်။
               " ညီအကို နှစ်ယောက် မျှမျှ တတ ခွဲယူကြနော်"
ဖတ်ဖြစ်ခဲ့သော မောင်ကောင်းထိုက်၏ ဟာသပဒေသာမှ

ရယ်သောသူသည်အသက်ရှည်ပြီးနုပျို၏
jasmine


Share

Twitter Delicious Facebook Digg Stumbleupon Favorites More